Chapter 155 Ten Thousand Python Demon Plain ( Z & U)

12.6K 1.4K 83
                                    

C-155 Ten thousand python demon plain.
အခန်း ၁၅၅ - နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် 

သုခဘုံနယ်မြေကို သုခဘုံနယ်မြေဟု ခေါ်နေသော်လည်း တစ်ရာ ရာခိုင်နှုန်းအန္တရယ်များသော နေရာတွင် တည်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် သုခဘုံနယ်မြေသည် နတ်ဆိုးစပါးအုံးမြွေတစ်သောင်း လွင်ပြင်တွင် တည်ရှိသည်။ ပြောကြသည်မှာ ပျက်စီးခြင်း တောအုပ်ပြီးလျှင် အဆိုပါ နေရာမှာ ဒုတိယအန္တာရယ်အများဆုံးနေရာ ဖြစ်သည်။ အထဲတွင် စပါးအုံးမြွေများ၏ အသိုက်ဟောင်းများရှိသည်။ နတ်ဆိုးလွင်ပြင်တစ်ခုလုံးတွင် ထောင် သောင်းချီသော ကောင်းကင်ထိတောင် ဆိုးယုတ်သော စပါးအုံးမြွေများ ကို တွေ့နိုင်သည်။ အင်အားအကြီးဆုံးသည် အဆင့်ကိုး ရှိကာ အာကာသအဆင့် တိုက်ခိုက်သူနှင့် ညီမျှသည်။

ထို့ကြောင့် သုခဘုံနယ်မြေ ပွင့်သည့် အချိန်တိုင်း လွန်ခဲ့သော အနှစ်ငါးဆယ်ကအတိုင်း Tang Fan ကဦးဆောင်လာခြင်း ဖြစ်သည်။ QingChengဂိုဏ်းနှင့် XingLuoအုပ်စုသည်လည်းပဲ အတူတူဖြစ်သည်။ အင်ပါယာအဆင့်နှင့် အထက် တိုက်ခိုက်သူ ရှိနေမှသာလျှင် နတ်ဆိုးစပါးအုံးမြွေတစ်သောင်းလွင်ပြင်မှ အဆင့်ကိုး အဆင့် ကောင်းကင်ထိအောင် ဆိုးယုတ်သော စပါးအုံးမြွေ ထွက်မလာရဲမည် ဖြစ်သည်။

You XiaoMo က တောင်ပံငှက်၏ ထိပ်နားတွင် မတ်တပ်ရပ်နေသည်။ နတ်ဆိုးစပါးအုံးမြွေတစ်သောင်းလွင်ပြင် ကို အဝေးကနေ လှမ်းကြည့်ပြီး အကြီးကြီးကို အံ့အားသင့်နေသည်။

နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်တစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမှ ဧရာမစပါးအုံးမြွေ များကဲ့သို့ ထူးခြားလှသည်။ သူ့ရဲ့ မြွေပုံစံ အသွင်က အလယ်တွင် နေရာယူထားကာ အရှေ့မှ အနောက်ကို ဖြတ်ပိုင်းထားပုံက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ကို လူသားမျိုးနွယ်များဆီမှကာကွယ်သလိုပင်။ ခန့်ညားလှသော တောင်တန်းကြီး၏ အလယ်ပိုင်းတွင် မီးခိုးရောင် မီးခိုးငွေ့များက အဆက်မပြတ် တလူလူ ထွက်နေကာ မီးတောင် မပေါက်ကွဲခင် လေထဲထုတွင် မီးခိုးရောင် မီးခိုးငွေများပြည့်နေသည်နှင့် များစွာ တူလှသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now