Chapter 201 Resolve (Z & U)

10.4K 1.6K 29
                                    

Chapter 201 – Resolve

အခန်း ၂၀၁ ဖြေရှင်းခြင်း

စာကြောင်းလေး တစ်ကြောင်းနှင့်တင် လူတိုင်းကို တိတ်ဆိတ်သွားစေသည်။

ခဏလောက် ကြာပြီးနောက် Tang Fan၏ အောက်သံကြိက လေထဲ ထိုးဖောက်လာပြန်သည် “မင်း Tang Zhen ကို ဘာလုပ်လိုက်ပြန်ပလဲ”

Ling Xiao က ရယ်ကာ ဖြည်းဖြည်းချင်း “ဘာမှမလုပ်ပါဘူး သတ်လိုက်ရုံလေးပါ ဒါလေးပဲ”

သူ့ခွန်အားကလည်း Tang Fan လိုမျိုး အင်ပါယာအဆင့် ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်လောက်သော်လည်း ဒီလူအတွက်ကတော့ ရုံလေးတင်ပါတဲ့လား။ ဒီစကားများက မာနထောင်လွှားလွန်းလှသည် သို့သော်လည်း လူတိုင်းကတော့ မောက်မာထောင်လွှားနိုင်သော အစွမ်းရှိကြောင်း သိကြသည်။

Tang Fanက ဒေါသတကြီးဖြင့် “မင်း တကယ် Tang Zhenကို သတ်ရဲတယ်ပေါ့ မင်းအသက်နဲ့ ပြန်ပေးဆပ်စမ်း”

နောက်ဆုံးစကား မထွက်လာခင်မှာတင် Tang Fan သဏ္ဍာန်က လူ့တစ်ကိုယ်လုံး လူသတ်ချင်သည့် အရှိန်အ၀ါတွေ ဖုံးလွှမ်းကာ သူမတ်တပ်ရပ်နေရာမှ ပျောက်သွားပြီ ဖြစ်သည်။ သူရဲ့ စိတ်ဝိဥာဏ်စွမ်းအင်များအားလုံးကို စုစည်းကာ Ling Xiao ကို တိုက်ခိုက်လိုက်သည်။ သူ့မျက်လုံးများက ဒေါသကြောင့် နီရဲနေကာ သူနှင့် Ling Xiaoကြားက စွမ်းအင်းကွာခြားမှုကိုတောင် တိုက်ရိုက်လျစ်လျူရှုလိုက်သည်။

သူ နီးကပ်ခါနီးလောက်လေးမှ Ling Xiao က လှုပ်လိုက်သည်။ သူ့လက်မောင်းထဲက You XiaoMo တောင် အနည်းငယ် ရွေ့သွားသည်။

အကွာအဝေးက ခြေတစ်လှမ်းလောက်သာ ကွာတော့မှသာ Ling Xiao က သူ့ကို ချော်ထွက်အောင် လုပ်လိုက်သေးသည်။

Tang Fan သူငယ်အိမ်များက ရုတ်တရတ် ကျုံသွားကာ သူက မယုံနိုင်သလိုဖြစ်ပြီးသည်။ သူ့အရှိန်က အမြင့်ဆုံးကိုတောင် ရောက်နေပြီ။ သူ့ဝိဥာဏ် လေ့ကျင့်သည့် ကျင့်စဉ်က အရှိန်ကို အထူးပြုလေ့လာထားမို့ အခြားပြိုင်ဖက်က သူကထက် ကြယ်တစ်ပွင့် နှစ်ပွင့်လောက် မြင်တောင် သူ့တိုက်ခိုက်မှုက အသာလေး လွတ်ထွက်သွားဖို့ ဆိုတာ မဖြစ်နိုင်သေးပေ။ သူ့စိတ်က အဓိပ္ပါယ်မဲ့သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now