Chapter 132 Golden Winged Insect ( Z & U)

10.3K 1.6K 4
                                    

Zawgyi
C-132 Golden winged insect.

အခန်း ၁၃၂ ရွှေတောင်ပံအင်းဆက်
You XiaoMo၏ သွင်ပြင်က သူပြောတာကို ယုံချင်ယုံမယုံချင်နေ ဂရုမစိုက်ပဲ သူ့ဘာသာသူ ယုံကြည်နေတယ်ဆိုတဲ့ပုံ ပေါက်နေသည်။
ဒါပေါ့ Ling Xiao ကတော့ သူ့စကားဘယ်ယုံမလဲ။ ဒါပေမယ့် အမှန်ပြောဖို့ကို ခြိမ်းခြောက်ပြီးတာတောင်မှ သူ့ကိုလှည့်ဖြားဖို့အတွက် ဇာတ်လမ်းဖန်တီးပြီး တကယ်ကြီးကို အသေခံပြီးစွန့်စား တာမို့သူ့ကို လွှတ်ပေးလိုက်သည်။ ဘာသတ္တိလဲ!
ဒါက ပထမဆုံးအကြိမ် ကျောင်းသားလေးYou XiaoMo သူ့ကို လိမ်တာကို ကြည့်ပြီးတော့ ဒီတစ်ကြိမ်တော့ သူ့ကို မဖိနှိပ်ဖို့ ဆုံးဖြတ်လိုက်သည်။
'ညီလေး စမ်းသပ်ကျောက်တုံးတစ်တုံး ၀ယ်ဖို့ အခွင့်အရေးရှာပြီးတော့ မင်းဝိဉာဏ်ရဲ့အရောင်ကို တစ်ခါလောက် ထပ်စမ်းမယ်။ စမ်းသပ်ကျောက်တုံးက မင့်ရွှေပြားသိပ်အများကြီးမကုန်ပါဘူး။ မင်းလုပ်ချင်တယ်ဆိုရင် ၀ယ်ဖို့ကူညီပေးမယ်လေ´ Ling Xiao ပြုံးပြီး သူ့ပခုံးကိုပုတ်လိုက်သည်။
သူ့မျက်နှာက နူးညံ့ပြီး ပြုံးနေပေမယ့် You XiaoMo ကတော့ ဒီကိစ္စက ဆွေးနွေးတာ မဟုတ်မှန်း ကြားသိနိုင်သည်။ သူ့ဦးရေပြားတွေတောင် ကြိမ်းသွာား'…အ. ကိုယ့်ဘာသာကိုယ်ဝယ်တာ ပိုကောင်းတာပေါ့´
သူ့ရဲ့ခုခံတဲ့အမူအယာကို မြင်တာနဲ့ Ling Xiao နှုတ်ခမ်းစွန်းလေးတွေ မြင့်တက်သွားတော့မလိုဖြစ်သွား ချိန်မှာ သူ့အမူအယာတွေက ရုတ်တရက်ကြီး မည်းမှောင်လာသည်။ သူပြတင်းပေါက်ကို ဖျတ်ခနဲ ကြည့်လိုက်တာနဲ့ သူ့ အမူအယာက တဖြည်းဖြည်း တည်ကြည်သွားသည်။
You XiaoMo သူ့စိတ်ခံစားချက်ပြောင်းသွားတာကို ခံစားမိလိုက်သည်။ သူ့ခေါင်းကို မော့ကာ ကြည့်လိုက်တော့ မှန်းဆမရသော အမူအယာကို မြင်ရသည်။ ဒီမှာ ဘာမှ မရှိတာ သေချာပါသည် သို့သော် သူကတော့ အနီးဆုံးပြတင်းပေါက်ကို ပဲ မမှိတ်မသုန်စိုက်ကြည့်နေသည်။
သူ ဘာဖြစ်တာလဲလို့ မေးမလို့ပြင်လိုက်ချိန်မှာပဲ LingXiao ရုတ်တရက် သူ့လက်ကိုမြှောက်လိုက်သည်။ သူ့လက်အတွင်းမှာ တစ်ခုခု ညပ်နေသလိုမျိုး သူ့လက်ဝါးထဲမှာ အနှောင့်အယှက်တစ်ခုပေါ်လာသည်။
You XiaoMo သူ့လက်ကို စိုက်ကြည့်နေသည်။ ဘာမှမရှိတာ အသေအချာကြီးကို သို့သောါ နောက်တစ်စက္ကန့်မှာတော့ အံ့အားသင့်စရာမြင်ကွင်းတစ်ခုက ပွင့်ထွက်လာသည်။ မမြင်ရတဲ့ လုံးဝကို နှင်းဖြူရောင်စွတ်စွတ်အင်းဆက်တစ်ကောင် က Ling Xiao၏လက်ဖ၀ါးမှာ ပေါ်လာသည်။ သူ့ လက်သီးလောက်သာ အရွယ်အစားရှိသည်။ သူ့ရဲ့ ခြေရှစ်ချောင်း လုံးက Ling Xiao ရဲ့ လက်ဝါးထဲမှာ အဆုံးမရှိအောင် ရုန်းကန်နေသည်။
'ဒါက?´ You XiaoMo တအံ့တသြနှင့် အင်းဆက်ကို ကြည့်လေသည်။
'ဒါအဆင့်ခြောက် မှော်ဝင်သားရဲ ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာအင်းဆက် ။ သူတို့မှာ တိုက်ပွဲဝင်အရည်အချင်းမရှိဘူး ဒါပမယ့် သူ့မှာ ထူးခြားတဲ့ဝိသေသလက္ခဏာအကြီးကြီး ရှိတယ်။ အဲဒါက နောက်ယောင်ခံလိုက်တာ။ အလွယ်တကူလဲဖော်ထုတ်လို့မရဘူး။ အထီးတစ်ကောင် အမတစ်ကောင် ရှိတာများတယ်။ အမက အထီးတစ်ကောင်တည်းသိနိုင်တဲ့ လျှို့ဝှက် အမွှေးနံ့သာတစ်မျိုး ထုတ်လွှတ်ပေးတယ်။´ Ling Xiao က မျက်လုံးများမှေးပြီးပြောလိုက်သည်။
'ဒါ ကျွန်တော့်နဲ့အကို ကို နောက်ယောင်ခံတာတော့ မဟုတ်ပါဘူးနော်?´ You XiaoMo သတွေးတွေ မြိုချပြီးရင် မြိုချလိုက်၏။
' အာ မင်းလို့ဘာ့လို့ထင်တာလဲ´ Ling Xiao ပြုံးပြီး ပြန်မေးလိုက်သည်။
ပြောပြဖို့တောင် လိုသေးလို့လား? သူ့အခန်းမှာ ပေါ်လာတာမို့ သူ့ကိုနောက်ယောင်ခံလိုက်တာသာ မဟုတ်ရင် Ling Xiao ကို နောက်ယောင်ခံလိုက်တာပဲ ဖြစ်ရမည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူကများ ရည်ရွယ်ချက်ရှိရှိနဲ့ ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာအင်းဆက်ကို သုံးပြီး သူတို့ကို နောက်ယောင်ခံလိုက်ရတာလဲ? သူတို့ ဘယ်သူကိုမှလဲ ရန်မပြုမိဘူးလို့ ထင်တာပဲ။ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေချင်နေတာနှင့် ပိုတူသည်။
You XiaoMo အရင်တစ်ခေါက်က HunJiမြို့ကြီးနဲ့ WuFengမြို့လေးမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြန်မတွေးပဲ မနေနိုင်ဖြစ်သွားသည်။ သူတို့ကို အာခံတဲ့သူတွေဆိုလို့ ဖြစ်နိုင်ချေ အများဆုံးက ၀ံပုလွေစွယ်အဖွဲ့က လူများပဲဖြစ်နိုင်သည်။ သို့သော် ၀ံပုလွေအစွယ်အဖွဲ့ရဲ့အင်အားအရ သူတို့မှာ သတ္တိမှ မရှိပဲ။
'အစ်ကိုကြီးLing, ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ?´ You XiaoMo မေးလိုက်သည်။
Ling Xiao သူ့ကို ကြည့်တဲ့ မျက်လုံးက တလက်လက်တောက်ပကာ ' ကြယ်ခုနစ်ပွင့်လျှို့ဝှက်အမွှေးနံ့သာအင်းဆက်က အဆင့်ခြောက်မှော်ဝင်သားရဲဆိုပေမယ့် တတိယအကြိမ်အသွင်ပြောင်းလဲခြင်းပြီးသွားရင်သူတို့က ရွှေတောင်ပံအင်းဆက်အဖြစ်ပြောင်းသွားမှာ။ရွှေတောင်ပံအင်းဆက်ရဲ့ နောက်ယောင်ခံတဲ့စွမ်းရည်ကလည်း အသွင်မပြောင်းခင်ကထက် ပိုကောင်းလာမယ်။ ထပ်ပြီးတော့ သူတို့က ရံဖန်ရံခါလည်း ရွှေပိုးခြည်တစ်ခွေ ထုတ်ပေးနိုင်သေးတယ်။ ရွှေပိုးခြည် ဆယ်ခွေဆိုရင် သံချပ်ကာအပျော့လုပ်လို့ရတယ်။ သံချပ်ကာအပျော့တစ်ထည်ကို ဒြပ်စင်ငါးမျိုး ကမဖောက်ထွင်းနိုင်တဲ့အပြင် မိုးကြိုးနဲ့ လေ ကိုလဲ ကြံ့ကြံ့ခံနိုင်တယ်။ ဒါက ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် အဆုံးအစွန်ဆုံးတန်ဖိုးအရှိဆုံးချပ်ဝတ်ပဲ။ အရေးအကြီးဆုံးက ရွှေတောင်ပံအင်းဆက်က ပစ္စည်းပေါင်း တစ်သောင်းလောက်ကို ကိုက်ဖြတ်နိုင်တယ်။´
'အံ့သြစရာကြီးပဲ´ You XiaoMo အာမေဍိတ်သံထွက်လာသည်။
'အံ့သြဖို့ကောင်းတယ် ဒါပေမယ့် ကြယ်ခုနစ်ပွင့်လျှို့ဝှက်အမွှေးနံ့သာအင်းဆက်တိုင်း အောင်အောင်မြင်မြင် ကူးပြောင်းနိုင်တာမဟုတ်ဘူး။ ငါသိသလောက် ကြယ်ခုနစ်ပွင့်လျှို့ဝှက်အမွှေးနံ့သာအင်းဆက် အစုံတစ်သန်းလောက်မှ တစ်စုံလောက်ပဲ အောင်အောင်မြင်မြင်ကူးပြောင်းနိုင်တာ။ ဒါပေမယ့်……. ´ Ling Xiao ၀မ်းနည်းဟန်နှင့် သက်ပြင်းချလိုက်သည်။
You XiaoMo ပင့်သက်ရှိုက်လိုက်သည်။ ဒီနှုန်းက အရမ်းကို နည်းလွန်းသော်လည်း အဆုံးသတ်နားက ဒါပေမယ့်ဆိုတာကို ကြားတာနဲ့ သူချက်ချက်မေးလိုက်သည်။ 'ဒါပေမယ့် က ဘာလဲ?´
Ling Xiao၏မျက်လုံးထဲမှာ သဘောကျဟန်လေး တစ်ချက်ပေါ်လာကာ ရယ်ကာမောကာနှင့် ' ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် က အရမ်းထူးခြားတဲ့မှော်ဝင်သားရဲလေ။ သူတို့က ကြယ်ခုနစ်ပွင့်ဆေးပင်တွေပဲ စားတယ် ဘာ့ကြောင့်လဲဆိုတော့ ကြယ်ခုနစ်ပွင့်ဆေးပင်တွေကပဲ သူတို့ကို အောင်အောင်မြင်မြင်ကူးပြောင်းနိုင်အောင် ကူညီပေးနိုင်တာ။´
'ကြယ်ခုနစ်ပွင့်ဆေးပင်က ဘာလဲ?´ You XiaoMo အလွန်အံသြဟန်နှင့် တောက်ပသောမျက်လုံးများနှင့် မေးလိုက်သည်။
သူ မှော်ဆေးပင်နဲ့ ပါတ်သတ်တဲ့ ရှေးဟောင်း မှတ်တမ်းအတော်များများကို ဖတ်ပြီးပြီ။ သူအဆင့်တစ် ကနေ အဆင့်ခြောက်အထိ ကို ဖတ်ပြီးပေမယ့် ကြယ်ခုနစ်ပွင့်ဆေးပင် ဆိုတာ တစ်ခါမှ မမြင်ဘူးပေ´
Ling Xiao သူ့ကို တစ်ချက် ကြည့်လိုက်ပြီး 'ကြယ်ခုနစ်ပွင့်ဆေးပင် ဆိုတာက အဆင့်ခြောက်မှော်ဆေးပင်ပဲ။ ဒါပေမယ့် သူ့မှာဆေးဖက်ဝင်တန်ဖိုး ဘာမှမရှိလို့ မှော်ဆေးလုံး ဖော်ရင် သုံးလို့မရဘူး။ ဒါပေမယ့် အဲဒါက ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် အတွက်တော့ အစာပဲ….´
ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် အကြောင်းပြောရမယ်ဆိုရင် Long Xiao တိုက်မကြီးမှာ က လူသိသိပ်မများပေး။ သို့သော် ရွှေတောင်ပံအင်းဆက်ကတော့ အရမ်း ထင်ရှားကာ လူတိုင်းသိကြသည်။ ရွှေတောင်ပံအင်းဆက်က ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက်ကနေ တကယ်ကြီး ကူးပြောင်းလာတာမှန်းသာ လူအများက မသိကြတာ ဖြစ်သည်။
ရွှေတောင်ပံအင်းဆက်ကို လူအများအပြားက လိုချင်တပ်မက်ကြပေမယ့် လူတိုင်းက အဲဒါကို မမွေးမြူနိုင်တာမို့ အဲဒါက ရွှေတောင်ပံအင်းဆက်ဖြစ်စေ ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် ဖြစ်စေ အရေးမပါပေ ။ TianXinဂိုဏ်းလို အဓိကကျတဲ့ ဂိုဏ်းတောင် မမွေးနိုင်။
ပထမအချက်ကတော့ ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် ဖြစ်သည်။ သူတို့တွေက အသွင်ကူးပြောင်းခြင်းတိုင်းအတွက် ကြယ်ခုနစ်ပွင့်ဆေးပင် ကိုသာ စားဖို့လိုအပ်သည်။ ပထမ တစ်ဆင့်မှာ ကြယ်ခုနစ်ပွင့်ဆေးပင် အပင်တစ်ရာလိုအပ်သည်။ ပြီးတော့ အရည်အသွေးမြင့်လေ အသွင်ကူးပြောင်းခြင်း အောင်မြင်နိုင်ချေကလဲ မြင့်သည်။ အသွင်ကူးပြောင်းခြင်း ဒုတိယအဆင့်မှာ ကြယ်ခုနစ်ပွင့်ဆေးပင် အပင်လေးရာလို အပ်သည်။ တတိယအဆင့်မှာတော့ ကြယ်ခုနစ်ပွင့်ဆေးပင် အပင်တစ်ထောင်လိုအပ်သည်။
အခြားသော် မှော်ဆေးပင်များနှင့် နှိုင်းယှဉ်လျှင် ဒီအရေအတွက်က များတယ်လို့ မဆိုနိုင်သော်လည်း ကြယ်ခုနစ်ပွင့်ဆေးပင်က ဆေးဖက်ဝင်တန်ဖို့ မရှိတာကို သိကြတာကြောင့် မှော်ဆေးလုံးဖော်စပ်ရာတွင် အသုံးမပြုနိုင်တာမို့ သူ့ကို မတွေ့ရသည်မှာ အချိန်အတော်အတန်ကြာလှပြီဖြစ်သည်။ ပြီးတော့ ကြယ်ခုနစ်ပွင့်ဆေးပင်က အများကြီးတွေ့နိုင်တာမဟုတ်တော့ ရွှေတောင်ပံအင်းဆက်ကလဲ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေသည်။
ရွှေတောင်ပံအင်းဆက် က မျိုးတုန်းပျောက်ကွယ်လုနီးပါ မဟုတ်ရင်တောင် တစ်ကောင်လောက် ဖြစ်ထွန်းအောင်မွေးမြူဖို့ဆိုတာက လူတွေအတွက် မဖြစ်နိုင်ပေ။ ဒါက ဘာလို့လဲဆိုတော့ ရွှေတောင်ပံအင်းဆက် က ရွှေပိုးခြည်တစ်ခွေ ထွက်ဖို့အတွက်ကိုအရေအသွေးမြင့် ကြယ်ခုနစ်လုံးဆေးပင် အပင်တစ်ရာ စားသောက်ဖို့လိုအပ်သည်။ မဟုတ်လျှင် ပိုးခြည်ရဲ့ အရည်အသွေးက ကျဆင်းသွားနိုင်သည်။မှော်ဝင်သားရဲက အင်မတန် နူးညံသိမ်မွေ့ပြီး ကုန်ကျစရိတ် က မိသားစုတစ်စု၏ ကံကြမ္မာကိုတောင် ဖြုန်းတီးဖြစ်နိုင်သည်ဟု ဆိုနိုင်သည်။
'ညီလေး အခြားသူတွေအတွက် အဆင်မပြေတာသာဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် မင်းက ရတယ်လေ။ မင်း ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် တစ်စုံလောက် မွေးဖို့ကြိုးစားကြည့်ပါလား?´
Ling Xiao က နောက်ကွယ်က အချက်အလက်တွေ ပြောပြပြီးနောက် ပြုံးကာ သူ့လက်ပေါ်ကို ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် ကို တင်လိုက်သည်။
You XiaoMo သူ့ဦးရေပြားတွေ ထုံသွားသလို ခံစားလိုက်ရသည်။ ဒီ ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် က သူ့လက်ထဲမှာ လူးလွန့်နေသည်။ သူ ကြောက်နေတာတော့ မဟုတ်ပေမယ့် Ling Xiao ၏ စကားများ နားထောင်ပြီးတော့ သူနည်းနည်းတော့ လှုပ်သွားသည် သို့သော် သူ့မှာ ကြယ်ခုနစ်ပွင့်ဆေးပင်မှ မရှိတာ (LX စကားနားထောင်ပြီးတော့ မွေးချင်သွားတာပါ)
Ling Xiao က သူဘာတွေးနေတာလဲဆိုတာ သိပုံရကာ ဆိုလေသည် 'ကြယ်ခုနစ်ပွင့်ဆေးပင်အတွက် မင်းပူစရာမလိုဘူးလေ။ Long Xiao တိုက်မကြီးမှာ မရှိပေမယ့် သုခဘုံနယ်မြေမှာ နည်းနည်းတော့ ရှိမှာပေါ့။ အချိန်ကျလို့ ရှိရင် အထဲမှာ ရှာကြည့်တာပေါ့။ နည်းနည်းတော့ ရှိမှာပါ´
You XiaoMo ပြန်တွေးကြည့်တာ့လဲ ဖြစ်နိုင်တာကို ခံစားမိသည် 'ဒါဆို နောက်ထပ် ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် အတွက်ကရော?´
Ling Xiao ရုတ်တရက် စနောက်သော အပြုံးလေး လှစ်ဟလိုက်ကာ သူ့ကို အဓိပ္ပါယ်ရှိရှိ ကြည့်ပြီး ပြောလေသည် 'အမက မင်းလက်ထဲရောက်နေပြီပဲဟာ ကျန်တဲ့ အထီးကရော လွတ်နိုင်မလား?´
You XiaoMo ပြန်မတုံ့ပြန်နိုင်မှာ အတန်ကြာ စဉ်းစားနေကာ သူ့ကို ဒေါသနဲ့ စိန်းစိန်းဝါးဝါးကြည့်လေသည်။ ခွေးပါးစပ်က ဆင်စွယ်မထွက်လာနိုင်ဘူး။ မင်းသာလျှင် အမ။ မင်းတစ်မိသားစုလုံးက အမတွေ။
ညရောက်တော့ Ling Xiao က အရင်ကလို ညဘက်နေမယ်လို့ မပြောတော့ပဲနှင့် Hai အချိန် (21:00 – 23:00) မတိုင်ခင် ပြန်သွားလေသည်။
You XiaoMo အဲဒိတော့မှ သက်သာစွာနဲ့ သက်မချလိုက်မိတော့သည်။ သို့သော် Ling Xiao မနေရတဲ့အကြောင်းပြချက်ကို သူသိသည်။ ဂိုဏ်းချုပ်ကြီးက သူ့ကို သတိပေးထားပြီးဖြစ်သဖြင့် အခြားသူတွေရှေ့ကနေ အချိန်အကြာကြီး ပျောက်သွားမယ်ဆိုရင် အခြားသူတွေ သံသယ၀င်သွားမှာ စိုးလို့ဖြစ်သည်။
နောက်တစ်နေ့မှာ You XaioMo မနက်စာ စားဖို့အတွက် စားသောက်ဆောင်ကို နဂိုအတိုင်းပဲသွားသည်။ ပြီးတော့ တစ်မနက်လုံးကို သူ့အခန်းထဲမှာ မှော်ဆေးလုံးဖော်စပ်နကာ နေ့ခင်းရောက်တဲ့အထိ ထွက်မလာတော့ချေ။
နေ့ခင်းမှာ နေ့လည်စာအတွက်စားသောက်ဆောင် သွားတော့ You XiaoMo Zhao DaZhou နှင့် ထပ်တွေ့ပြန်သည်။ အစ်ကိုကြီးနှင့် ဒုတိယအစ်ကို ရဲ့ အရိပ်အယောင်တော့ မတွေ့ပေ။
Zhao DaZhou ၏ You XiaoMo အပေါ်မြင်တဲ့ သဘောထားက ၁၈၀ ဒီဂရီ လောက် ပြောင်းလဲသွားခဲ့တာဖြစ်သည်။ သူ့ကို မြင်တာနဲ့ အရင်ကလို သူ့ကို ဂရုမစိုက်ပဲ မနေတော့။ သူကအနားလာထိုင်ခိုင်းပြီးတော့ Kong Wenက သူကအပေါ်ပေးထားတဲ့ နှစ်လအတွင် အဆင့်သုံးမှော်ဆရာဖြစ်ဖို့ဆိုတဲ့ အခြေအနေ အကြောင်းမေးသည်။
သူ က အဲလိုမေးတော့ You XiaoMo က အဲဒိကိစ္စက ထပ်ပြီး ပျံ့နှံသွားပြန်ပြီလားလို့ တွေးမိပြန်သည်။ အတန်ကြာမှသာ ဒီသတင်းက Zhao DaZhou ကိုသာ သီးသန့်ရောက်ရှိသွားတာမှန်း သူသတိထားမိတော့သည်။ သူ့အဖေက မြေကမ္ဘာတောင်ထွတ်မှာ အမြင့်ပိုင်းရာထူးပေမို့ သူက အခြားသူတွေ မသိသည့် အကြောင်းအရာများကို သူကအခြေခံတော့ သိထားသည်။
ဒီကိစ္စကို ကြားတာနဲ့ Zhao DaZhou က You XiaoMo ကို သွားတွေ့ဖို့ တွေးနေတာဖြစ်သည်။ သူက ဆရာပြောတဲ့အနေအထားကို နှစ်လအတွင်း ပြည့်ဖို့ဆိုတာ You XiaoMo မတတ်နိုင်လောက်ဘူးလို့ တွေးမိသည်။ ဒါက သူ You XiaoMo ကို မယုံကြည်လို့မဟုတ်။ အဆင့်နှစ်မှော်ဆရာကနေ အဆင့်သုံးမှော်ဆရာအဖြစ် နှစ်လအတွင်း ခုန်ကူးဖို့ဆိုတာက အခြေခံအားဖြင့်တော့ အဆင့်မပြေလှသော အရာဖြစ်သည်။ သူက ဒါကို အလွန်ရှင်းလင်းစွာသိသည်။
Zhao DaZhou က အဆင့်နှစ် နှင့် အဆင့်သုံး နားမှာ တစ်နှစ်ကျော်လောက် တစ်ဝဲလည်လည် ဖြစ်ခဲ့သည်။ သူက ဒီကြားမှာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သူသိသည်။ နှစ်လ ဆိုတာ လက်တွေ့မှာတော့ မဖြစ်နိုင်ပေ။ ဒီတော့ သူ့အဖေကို ကူညီဖို့ တိုက်တွန်းသည်။ သူ့အဖေကသာ တောင်းဆိုမယ်ဆိုရင် ဆရာကတော့ သေချာပေါက်ကို မျက်နှာသာပေးမှာ ဖြစ်သည်။ သို့သော် You XiaoMo က ငြင်းဆန်သည်။
Ling Xiao ပြောသလိုပဲ Kong Wenက သူ့ကို ကိစ္စတွေမှာ ခက်ခဲအောင် လုပ်တယ်ဆိုတာ သူ့ကို နေရာတစ်နေရာမပေး  ချင်လို့ဖြစ်သည်။ အကယ်လို့ ဦးလေးZhao ကသာ သူ့ကိုယ်စား Kong Wenကို သွားပြောမယ်ဆိုရင် သူ့အပေါ်မှာ Kong Wen ၏ မနှစ်မြို့ခြင်းတွေက ပိုပိုပြီး နက်ရှိုင်းလာမှာ ဖြစ်သည်။ ဘယ်သူကမှ သူ့တို့ကို ဆန့်ကျင်သူ ရှိချင်မှာမဟုတ်ပေ။ အထူးသဖြင့် သူတို့နဲ့ အနီးကပ်ဆုံးနေတဲ့သူနှင့် ယုံကြည့်ရသော သူများပေါ့။ ဒီတော့ သူက Zhao DaZhou၏ ရည်ရွယ်ချက်ကောင်းကို သေချာပေါက် လက်မခံနိုင်။ သို့သော် သူ့ရင်ထဲ အရမ်းထိသည်။ ပဉ္စမအစ်ကို က လိုအပ်တဲ့ အချိန်မှာ ပေးခဲ့တဲ့ ရေတစ်ပေါက်အတွက် တကယ့်ကို စမ်းချောင်းတစ်ခု ပြန်ပေးတတ်တဲ့ လူစားဖြစ်သည် ။ ရန်သူနှင့် မိတ်ဆွေကို ထင်ထင်ရှားရှား ခွဲခြားသိမြင်နိုင်သောသူဖြစ်သည်။
You XiaoMoက ပဉ္စမအစ်ကိုက တကယ်ကြီး ဦးလေးZhao ကို သူ့အတွက် သွားသွားပြောပြောနေမှာကို ပင် စိုးရိမ်နေရကာ သူ့ထံမှ ခေါင်းညိမ့်ပြီး သူ့အဖေကို သွားမပြောပါဘူးလို့ ကျိန်ဆိုမှပင် သက်သာရာ ရတော့သည်။
ပဉ္စမအစ်ကိုနှင့် နှုတ်ဆက်စကားဆိုပြီးနောက် သူ့အခန်းကို တန်းပြန်သွားလိုက်သည်။ သူမှော်ဆေးလုံးတွေ ထပ်မဖော်တော့။ အဲဒိအစား သူ သူ့နယ်မြေထဲကို ၀င်လိုက်သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူစိုက်ထားတဲက အဆင့်နှစ်မှော်ဆေးပင် က ရင့်မှည့်နေပြီးဖြစ်သည်။ ဒိဟာတွေက အဆင့်နှစ်ဆေးပင် နောက်ဆုံးအသုတ်ဖြစ်သည်။ ဒီဟာတွေ ရိတ်သိမ်းပြီးတာနဲ့ သူအဆင့်နှစ်ဆေးပင်တွေ ထပ်စိုက်ဖို့ သူအစီအစဉ်မဆွဲတော့။ သူက အခု အဆင့်သုံးမှော်ဆရာ ဖြစ်နေပြီဆိုတော့ အဆင့်သုံးမှော်ဆေးပင်တွေကိုသာ ဦးစားပေးစိုက်ရလိမ့်မည်။
ပထမဦးစွာ You XiaoMo အဆင့်နှစ်မှော်ဆေးပင် ဆယ်လိုင်းကို ရိတ်သိမ်းလိုက်သည်။ ပြီးတော့ အဆင့်သုံးမှော်ဆေးပင်မျိုးစေ့အချို့ ကို ဖြူးလိုက်သည်။ ရေလောင်းပြီးနောက်မှာတော့ သူ့ရဲ့သစ်သားတဲလေးဆီကို ၀င်သွားတော့သည်။ သိပ်မကြာခင်ပဲ သစ်သားအင်တုံတစ်ခုသယ်ပြီး ထွက်ပေါ်လာသည်။
သစ်သားအင်တုံထဲမှာ မှော်ရေတွေ ဖြည့်လိုက်သည်။ အစေ့ပေါင်းများစွာကို မှော်ရေထဲ စိမ်လိုက်သည်။ ဒီအစေ့အားလုံးက အလယ်အလတ်အဆင့် မှော်ဆေးပင်မျိုးစေ့တွေ ဖြစ်သည်။ အဆင့်မတူတာမို့ ဒီအစေ့တွေက ရေထဲမှာစိမ်ဖို့ လိုအပ်သည်။ ဒါကတော့ အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်သည်။ You XiaoMo ပြန်သွားချိန်မှာ ထိုအစေ့တွေကို ကြည့်သွားသေးသည်။ ထိုအစေ့တွေက သေချာပေါက်တော့ ပြည့်ပြည့်ဖြိုးဖြိုးတော့ မဟုတ်ကြ။ အချို့ က ရှုံတွနေပြီး ထိခိုက်ခါ ပုံမှန်မဟုတ်။ အကယ်လို့သာ ချက်ချင်းစိုက်လိုက်မယ်ဆိုလျှင် မှော်ဆေးပင်တွေမှာ အများကြီး သက်ရောက်မှုတွေ ရှိသွားမှာ ဖြစ်ကာ ကြည့်ရှုစောင့်ရှောက်ဖို့တောင် ပိုခက်သွားမှာဖြစ်သည်။
ဒီတော့ သူမှော်ရေထဲမှာ ရက်အနည်းငယ်လောက် စိမ်လိုက်သည်။ မှော်ရေထဲမှာ အစိမ်ခံထားရပြီးလျှင် အစေ့တိုင်းက ကောင်းမွန်စွာ စုပ်ယူခဲ့မှာဖြစ်သည်။ အစေ့တွေ စိမ်ပြီးတာနဲက သူမှော်ဆေးပင်စိုက်ခင်းဆီ ထွက်ခဲ့သည်။
Unicode
C-132 Golden winged insect.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now