Chapter 91

10.9K 1.7K 19
                                    

C-91 Level two magic pills.

Ling Xiao ထွက်သွားပြီးတော့ သူပြောထားသည့် အတိုင်းပင် Kong Wen က လူတစ်ယောက်လွှတ်ကာ ခဏနေလျှင် သူ့ကို လာတွေ့ရန် အခေါ်တော် လွှတ်လေသည်။

You XiaoMo က သူ့ဘာသာသူ စိတ်ထဲမှာ ပြင်ဆင်ပြီးသား ဖြစ်သောကြောင့် သူက အသင့်ဖြစ်နေသည်။ သူက ဦးလေးYe က အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ကို စစ်ဆေးကြည့်ပြီး အောင်လျှင် လက်ထောက်အဖြစ် လက်ခံမည်ဆိုသည့်အကြောင့် ဆရာ့ကို ပြောပြလိုက်သည်။

တစ်ခါတည်းနှင့် နှစ်ယောက် ရသွားမှာ ပြီးတော့ အဲဒိနှစ်ယောက်လုံးကလည်း သူ ဂုဏ်အယူရဆုံးသော တပည့် နှစ်ယောက် ဖြစ်နေသည်။ Kong Wen ရင်ထဲ ဘယ်လောက်တောင် ကြည်နူးနေသလဲ ဆိုတာ ပြောပြဖို့တောင် မလို။ ဒီတော့ Fang ChenLe နှင့် Fu ZiLin တို့သာ ဦးလေးYe ၏ စစ်ဆေးမှု အောင်သွားလျှင် You XiaoMo လိုချင်တာ တစ်ခုဖြည့်ဆီးပေးမည်ဟု ကတိပေးလိုက်တော့သည်။

You XiaoMo က ရင်ထဲမှာတော့ မဆုံးနိုင်အောင် ကျိန်ဆဲ နေပေမယ့်လို့လဲ အပြင်ဖက်ကတော့ နက်နက်နဲနဲ ကျေးဇူးတင်နေကြောင်း ပြရသည်။ ဆရာက သူ့ဆီက ကုန်ကျမည့် အရာဘာကို လုပ်မှာမဟုတ်ပဲ သူ့အကျိုးစီးပွား မထိခိုက်မည့် အရာတစ်ခုသာ အစစ်အမှန်ထင်အောင် လုပ်ပေးလိုက်မည် ဆိုတာ သူသိတာ ကြာလှရှိပြီ။ သူကတော့ အပြင်ဘက်မှာ အလွန်အမင်း ပျော်ရွှင်နေဟန်တော့ ပြနေရသေးသည်။ ဘာမှ မမှားထားသလို ခံစားနေရမှာ သာ တစ်ခုခု ဖြစ်နေမိမှာ။

သို့သော် အဲဒါကြောင့်မို့သာပဲ သူက သူ့ဆရာ၏ မျက်နှာအမှန်ကို သိသွားရသည်။ သူ့ရင်ထဲမှာတော့ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ကလွဲလျှင် အခြားသော တပည့်တွေက နှိုင်းယှဉ်ဖို့သာ ရှိတာပင်။ မဟုတ်ပါက အခြားဂိုဏ်းသားတွေ နာကျင်ခြင်းကြီးစွာ ခံစားနေရတာကို သူဘယ်တော့မှ မမြင်ပဲ ဘာလို့ ရှိနေမှာလဲ။

You XiaoMo က သူဒီဂိုဏ်းကို စတင်ဝင်လာချိန်ကနေ အခုချိန်ထိ ဆရာက သူ့ကို တစ်ခါမှ လက်မကမ်းဈ ဘာတစ်ခု မသင်ကြားပေးတာ သူမှတ်မိသေးသည်။ သူက တွန့်တိုတတ်သူ တစ်ယောက်မဟုတ်ပေမယ့်လဲ သူ့မှာ ပူဆွေးသောကတွေ ရှိနေသေးတာတော့ သူဝန်ခံပါသည်။ ဆရာ့ရင်ထဲထားသော သူများက အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့သာ မဟုတ်ပါက သူ့ရင်ထဲက အနည်းငယ်မျှသော ဒီပူဆွေးသောကတွေက သူ့ကို သဘောထားပြည့်ဝ မြင့်မြတ်တာမျိုးတောင် သူ့ကိုခွင့်ပြုပေးမှာမဟုတ်ချေ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now