Chapter 93

10.2K 1.6K 15
                                    

C-93 Master of magic herb cultivation.

"မင်းက အဆင့်နှစ် မှော်ဆရာဖြစ်သွားပြီလားဟ" ဦးလေးZhao တအံ့တသြ မေးတော့သည်။

"အခုပဲ အဆင့်နှစ်မှော်ဆေးပင်လေး နည်းနည်း ထုတ်ပြီး စမ်းကြည့်ချင်လို့။ အကဲဖြတ်စစ်ဆေးရေးက နောက် သုံးရက်နေရင် လာတော့မှာ ကျွန်တော် အချိန်မမီမှာ စိုးလို့"

You XioaMo က မျက်နှာမလွှဲပဲ လိမ်လိုက်ရသည်။

ဒါက သူ လုပ်ကို လုပ်ရမှာ ဖြစ်သည်။ လူတိုင်းက သူက အခု အဆင့်တစ်မှော်ဆရာ ပဲ ဖြစ်နေသေးတာ သိကြသည်။ သူက ရုတ်တရတ်ကြီး နောက်သုံးရက်နေလို့ အကဲဖြတ်နေတုန်းကြီးမှ အဆင့်နှစ် မှော်ဆရာ တစ်ယောက် ဖြစ်သွားတယ်ဆိုရင် အကျိုးမသင့် အကြောင်းမသင့်နှင့် ဆို လူတွေက သူ့ကို သေချာပေါက် သံသယဝင်လိမ့်မည်။

ဒီတော့ သူက အခုထဲက အဆင့်နှစ်မှော်ဆေးလုံးတွေ စဖော်ရမည်။ ဒါမှ နောက်သုံးရက်နေလျှင် ပြည့်စုံမျှတစွာ ဖြစ်နေမှာ။ စစ်ဆေးမှု အောင်သွားရင် သူက ကံကောင်းတာပါ၊ တိုက်ဆိုင်သွားတာ စသဖြင့် ပြောနိုင်ပြီ။

ဦးလေးZhao ကလည်း ဒါကိစ္စကို သိသည်။ အစောထဲက တွေးထားပြီးသားလဲ ဖြစ်သည်။

သူက You XioaMo နှင့် ပထမဆုံး ဆက်ဆံရသူပင်။ သူက ဒီလူငယ်လေးက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့တာ ကို သိတော့ သူ့ရင်ထဲကနေကို စာမေးပွဲ အောင်ဖို့ မျှော်လင့်နေသည်။ မဟုတ်ပါက သူလည်း မျက်နှာပျက်ရ မြေကမ္ဘာတောင်ထွတ်လဲပဲ အရှက်ရလိမ့်မည်။

ဒါပေမယ့် နှစ်ဝက်တောင် ရှိနေပြီ သူက အဆင့်နှစ် မှော်ဆေးပင်တွေ ထုတ်တာ မမြင်ရသေး။ လွန်ခဲ့သော ရက်အနည်းငယ်က ဒီကောင်လေး တံခါးပိတ် ကျင့်ကြံနေသည်ကို သူကြားလိုက်မိသည်။ တံခါးပိတ်ကျင့်ကြံတာ က လူတစ်ယောက်ကို အဆင့်နှစ်မှော်ဆေးလုံးတွေ ဖော်စပ်စေနိုင်သလား? ပြီးတော့ နောက် ရက်နည်းနည်းနေတော့ သူက တံခါးပိတ်ကျင့်နေတာက ထွက်လာကာ ဒီကို ပြေးလာပြီး အဆင့်နှစ်မှော်ဆေးပင် တွေ လာတောင်းနေသည်။

"အဆင့်နှစ်မှော်ဆေးပင်တွေက အဆင့်တစ်မှော်ဆေးပင်တွေလို မဟုတ်တာ မင့်အစ်ကိုကြီးက ပြောထားမှာပဲ။ မင်း လိုချင်သလောက် ယူလို့ မရဘူးနော်"

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Wo Geschichten leben. Entdecke jetzt