Chapter 382 Auction (Z & U)

8.9K 1.3K 23
                                    

Chapter 382: Auction

အခန်း ၃၈၂ လေလံပွဲ

Tian Xiangမြို့သည် စိတ်ကူးယဉ်နေရာဆန်လှသောနေရာတစ်ခုကဲ့သို့သော အိုအေစစ်တစ်ခုတွင် တည်ရှိသည်။ 

အရေးပါသောအဖြစ်အပျက်များ ရှိတိုင်းBei Dong မှ အင်အားစုများမှာ Tian Xiangမြို့တွင် စုစည်းကြမည်ဟူသော သဘောတူညီချက် ရှိသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။

လတ်တလောတွင် Tian Xiangမြို့မှာ သာမာန်ထက် ပိုပြီးသက်ဝင်လှုပ်ရှားနေသည်။ လမ်းဘေးဝဲယာမှ စိတ်အားထက်သန်စွာ ကုန်စည်ရောင်းနေသံများနှင့် ဈေးဆိုင်များ စီတန်းကာ အစီအရီပြသထားကြသဖြင့် ထိုဈေးဆိုင်များ အရှေ့တွင် ဖောက်သည်များမှာ ပျားပန်းခတ်မျှ သက်ဝင်နေကြသည်။

DuanMu Qing က သူတို့ကို DuanMuမျိုးနွယ်စု အပိုင်နေရာသို့ ခေါ်သွားသော လမ်းတွင် Tian Xiangမြို့၏ အရေးကိစ္စများကို အစပျိုး ပြောပြနေသည်။

Bei Dong မှ အင်အားစုများ၏ ဌာနချုပ်များ Tian Xiang မြို့တွင် မရှိသော်လည်း အင်အားစုတိုင်း၏ ပိုင်ဆိုင်မှု အနည်းအများတော့ ဒီမှာ ရှိသည်။ အင်အားစုကြီးများ၏ ပွင့်လင်းလှသော ၀ိရောဓိများနှင့် နည်းပရိယာယ် ဗျူဟာများ လျှို့ဝှက်ချက် တစ်ခုအသွင် ပြောင်းလဲသွားသည်မှာ ကြာလှပြီ ဖြစ်သည်။

တစ်နာရီလောက်ကြာတော့ သူတို့တွေ တည်းခိုခန်းတစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။

တည်းခိုခန်းမှာ DuanMuမျိုးနွယ်စုပိုင် ဖြစ်သည်။ ဆိုင်ရှင်က DuanMu Qing ကို မှတ်မိသောကြောင့် သူတို့အတွက် ဒုတိယထပ်တွင် သီးသန့်အခန်းတစ်ခု အမြန်စီစဉ်ပေးသည်။ သူက အစားအသောက်ကောင်းများနှင့် ၀ိုင်ကောင်းကောင်းကို စားပွဲအပြည့်တောင် စီမံပေးခဲ့သေးသည်။ ဆိုင်ရှင် ပြန်ထွက်မသွားခင် DuanMu Qing က သူတို့အတွက် အခန်းသုံးခန်း ပြင်ပေးရန် ညွှန်ကြားလိုက်သေးသည်။

“နှစ်ခန်းဆို လုံလောက်ပါတယ်”  Ling Xiao က ဘာမှ မထူးခြားသလို လှမ်းပြောလိုက်သည်။

DuanMu Qingက အလွန်အံအားသင့်သွားပြီး ပြန်သတိပြန်ဝင်လာမှ “ကျေးဇူးရှင်ကြီးများ စိတ်ပူဖို့ မလိုအပ်ပါဘူး။ တည်းခိုခန်းထဲမှာ အခန်းလွတ်တွေ အများကြီး ရှိပါသေးတယ် ပြီးတော့ အခန်းသုံးခန်း ပြင်ဖို့ဆိုတာ ပြဿနာ လုံးဝမရှိဘူး”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Onde histórias criam vida. Descubra agora