Chapter 389 Dao Yun's Departure

7.3K 1.3K 19
                                    

Chapter 389: Dao Yun’s Departure

အခန်း ၃၈၉ Dao Yun ထွက်ခွာခြင်း

You XiaoMo နှင့် Ling Xiao တို့ လေလံအိမ်ကနေ အနောက်ဘက်တံခါးကနေ ထွက်ထွက်ခြင်းပဲ နံရံမှာ Dao Yun မှီနေတာကို သူတို့ အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

“Dao Yun ငါတို့ မင်းကို ပြန်နှင့်ဖို့ မပြောလိုက်မိဘူးလား ဘာလို့ ငါတို့ကိုစောင့်နေတာလဲ”

Dao Yun သူတို့ကို မြင်တော့ သူက ပခုံးတွန့်ကာ “ကြည့်ရတာ မင်းတို့ စင်အနောက်ကို သွားတုန်းက ဘာတွေ ဖြစ်သွားလဲ ဆိုတာ မသိသေးပုံပဲ”

“Tang Hao နဲ့ ပတ်သတ်တာ တစ်ခုခု ဖြစ်သွားတာတော့ မဟုတ်ဘူးမလား” Ling Xiao က သူနားလည်လိုက်သလို တစ်ချက်ကြည့်ကာ တည့်ပဲ ပြောလိုက်သည်။

“အမှန်ပဲ” Dao Yun က Ling Xiao ကို ပါးနပ်စွာကြည့်လိုက်သည်။

“ဘာတွေ အတိအကျ ဖြစ်သွားတာလဲ” You XiaoMo က မေးလိုက်သည်။ 

“Tang Hao က လေလံခန်းမက ထွက်ထွက်ချင်းပဲ ငါတို့ဘက်က လိုက်တဲ့သူ ဘယ်သူမဆို ယင်ယန်တောင်ကြားကို ဆန့်ကျင်သူပဲ လို့ စကားဖြန့်လိုက်တယ်။ DuanMu မိသားစုကလည်း သူတို့နဲ့ ပြဿနာ တက်မှာ စိုးပြီးတော့ ငါတို့နဲ့ ဆက်နွယ်မှုတွေ ဖြတ်ချလိုက်တယ်။ ငါတို့တော့ တည်းခိုခန်းကို ပြန်သွားလို့ မရတော့ဘူး ” Dao Yun ရှင်းပြလိုက်သည်။

You XiaoMo က DuanMu မိသားစုမှာလဲ သူတို့အကြောင်းပြချက် သူတို့ ရှိမည်ဆိုတာ နားလည်သော်လည်း သူတို့ ပြုမူပုံကိုတော့ နည်းနည်း မကျေမနပ်တော့ ဖြစ်နေသေးသည်။ သူတို့ကို တည်းခိုခန်းမှာတောင် ပေးမနေတော့ဘူးပေါ့။ အနည်းဆုံးတော့ သူတို့က DuanMu Qingရဲ့ အသက်ကို ကယ်ခဲ့တယ်လေ။ အနည်းဆုံးတော့ အဲသလောက်တော့ သူတို့ ခံစားထိုက်ပါသေးတယ်။

“ဒါဆို နယ်မြေရွှေ့ပြောင်းရေးဆိပ်ကမ်း သုံးဖို့ကရော။ ငါတို့ မသုံးနိုင်တော့ဘူးတော့ မဆိုလိုဘူးမလား” You XiaoMo က ဘာလို့ DuanMuဘက်က ဒီလို လုပ်တာကို နားလည်နိုင်သည်မို့ အမှန်အတိုင်းပြောရရင် အံ့သြခြင်းတော့ မရှိပေ။ သူတကယ်တမ်း စိတ်ပူသွားတာက XiaEr မိသားစုကသာ အဲဒါကြောင့် သူတို့ရဲ့ နယ်မြေရွှေ့ပြောင်းရေး ဆိပ်ကမ်းအသုံးပြုခွင့် ငြင်းဆိုမှာကို ဖြစ်သည်။ အဲဒါဆိုလျှင်တော့ ဒုက္ခများနေလိမ့်မည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now