Chapter 113 Failed Negotiation (Z & U)

10.3K 1.6K 7
                                    

ZAWGYI
C-113 Failed negotiation.
အခန်း ၁၁၃ ညှိနှိုင်းမှု ကျရှုံးခြင်း
ကြယ်ခုနစ်ပွင့်တာဝါထဲကို သူတို့တွေ ၀င်လိုက်တာနဲ့ ခန်းမကြီးထဲမှာ အသက်ဝင်နေတာတွေက ချက်ချင်းတိတ်ဆိတ်သွားသည်။
Ling Xiao နဲ့ You XiaoMo ပေါ်ကို အံ့သြတဲ့ အကြည့်တွေ တစ်ခုပြီး တစ်ခု ကျရောက်လာသည်။ လေလံပွဲပြီးတာ နာရီဝက်ပဲ ရှိသေးပေမယ့် သူတို့နဲ့ ၀တ်စုံအနက်ဝတ် လူရဲ့သတင်းတွေက HunJi မြို့ထဲမှာ ပျံ့နှံသွားပြီ ဖြစ်သည်။
လေလံပွဲရဲ့ နောက်ဆုံးပိတ်ရတနာ နှစ်ခုကို သုတ်သွားတဲ့ ဖျတ်မြင်းနှစ်ကောင်။ ဒီအကြောင်းအရာကို ပဲ ပြင်းပြစွာ ပြော ဆိုနေကြတာဖြစ်သည်။ You XiaoMo ကတော့ အပေါ်ယံပဲ အကြည့်ခံရတာပေါ့။ လူတိုင်းရဲ့ကLing Xiao ကိုပဲ အာရုံစူးစိုက် ကြသည်။ ဒီလို မြင့်မြတ်တဲ့ မင်းသားပုံနဲ့ ယောက်ျားပီသတဲ့လူလိုပေါ့။ အစကနေ အဆုံးထိကို သူက ဘယ်အဖွဲ့ကမှန်း ဘယ်သူမှ မပြောနိုင်ကြ။
Ling Xiao ကတော့ အဲဒိလို ထူးဆန်းတဲ့ အကြည့်တွေကို အာရုံပင် မထားချေ။ ခန်းမထဲမှာ ခုံအလွတ်ရှာပြီး ထိုင်ချလိုက်သည်။ အစေခံလေး You XiaoMo ကတော့သူ့နောက်က ပါလာသည်။ သူ့ကို မြင်လိုက်တာနဲ့ မန်နေဂျာနဲ့ စားပွဲထိုးတို့ အကြည့်တွေပြောင်းသွားတာကို သူမသိ။ သူတို့တွေကတော့ ချက်ချင်းကို စိတ်မချမ်းသာစရာ မနေ့ညက အဖြစ်အပျက်ကို သတိရသွားသည်။ ဒီကောင် ထပ်လာပြန်ပလား……………..။
'မန်နေဂျာ ကျွန်တော်တို့ ဘာလုပ်မလဲ ဒီလူထပ်လာပြန်ပြီ´
စားပွဲထိုးက စိတ်ပျက်သွားသည်။ သူ့ You XiaoMo အပေါ်က ခံစားချက်က မန်နေဂျာထက်ကို ပြင်းထန်သည်။ ဘာလို့လဲ ဆိုတော့ မနေ့ညက သူတို့ကို တာဝန်ယူရတာ သူလေ။ နာရီပိုင်းအတွင်းမှာတင် သူတက်လိုက်ဆင်းလိုက် ကို ငါးကြိမ် ခြောက်ကြိမ်လောက် အခေါ်ခံခဲ့ရသည်။ တစ်ချိန်ထဲမှာပဲ ဘာတွေဖြစ်နေမှန်းတောင် မသိတဲ့ မန်နေဂျာကိုလဲ သေအောင်ကို ဆဲဆိုနေခဲ့တာ။
မန်နေဂျာရဲ့ တွန်ခေါက်နေတဲ့ မျက်နှာက တုန်ခါသွာသည်။ မျက်နှာ မဲ့ကာ 'ဒီတစ်ခါက မင်းစိုးရိမ်စရာမလိုဘူးလေ လေလံပွဲက ပြီးသွားပြီး သူတို့တွေ ဒီမှာ ဆက်နေမယ်ဆိုရင် အခန်းခနဲ့ အစားအသောက်အတွက် ပိုက်ဆံပေးရမှာပဲ´
'အိုး……. ဟုတ်တာပဲ´
စားပွဲထိုးက ချက်ချင်းကို စိတ်သက်သာရာ ရသွားသည်။ 'အာ့ဆို အခု ဘာလုပ်ကြမလဲ သူ့ပုံကလဲ စူစကာပုဏ္ဏနဲ့တူတယ်။ (အစားဘုရင်)
မန်နေဂျာ၏ ကောက်ကျစ်စွာ ရယ်တော့သည်။ 'သူက စူစကာပုဏ္ဏားဆိုလဲ ကောင်းတာပဲ။ သိပ်မကြာဘူး သူအစားတွေ အများကြီးမှာလိမ့်မယ်။ မြန်မြန်သွား။ သူတို့များများမှာလေ ငါတို့များများရလေပဲ´
'မန်နေဂျာက ပညာရှိပဲ´
စားပွဲထိုးက ချက်ချင်းကို လက်မထောင်ပြကာ 'နုံချာတဲ့ကျွန်တော် ဟိုကို အမြန်သွားလိုက်ပါ့မယ်´
ဒါနဲ့ပဲ ကိုယ့်ကိုကိုယ် ပညာရှိတယ်လို့ ယူဆတဲ့မန်နေဂျားနဲ့ စားပွဲထိုးဟာ မျက်မှောင်ထပ်ပြီးတော့ မကြုပ်နေတော့။ အထူးသဖြင့်တော့ စားပွဲထိုးပေါ့။ ကောင်တာက ရေနွေးအိုးကို အမြန်ကောက်ယူပြီး You XiaoMo ရဲ့ စားပွဲကို စိတ်အားထက်သန်စွာနဲ့ လျှောက်သွားသည်။ သူ့မျက်နှာပေါ်မှာက ဒီနေ့တော့ မင်းကို ခြောက်သွားအောင်ကို နို့တွေ ညှစ်ထုတ်ပစ်မည် (မင်းဆီက ရသမျှ အကုန်ယူပစ်မယ်) ဆိုတာမျိုးဖြစ်နေသည်။
'ကျွန်တော့် ဧည့်သည်နှစ်ယောက် ဒီနေ့ ဘာများသုံးဆောင်ချင်ပါသလဲ´
စားပွဲထိုးက သူတို့အတွကိ ထက်ထက်သန်သန်ကို ရေနွေးငှဲ့ပေးလိုက်သည်။
လေလံအိမ်မှာ နာရီပေါင်းများစွာ ဆာလောင်နေပြီးနောက်ပိုင်းတော့ You XiaoMo သတ္တိရှိစွာနဲ့ 'မင်းတို့ ဟိုတယ်က ဈေးအကြီးဆုံးနဲ့ အရသာအရှိဆုံးဟင်းပွဲပေး´
ဒါပေါ့ ဒါက သူ့ရဲ့ အသစ်ချက်ချွတ်ကြွယ်ဝမှုအပေါ်မှာ တည်ဆောက်ထားသည်လေ။
စားပွဲထိုးက အလွန်အမင်းပျော်ရွှင်သွားကာ ' ကောင်းလိုက်တာ။ ကျွန်တော့ ဧည့်သည်က အရသာကောင်းကြိုက်တာပဲ။ ကျွန်တော်တို့ ကြယ်ခုနစ်ပွင့်ဟိုတယ်ရဲ့ ဈေးအကြီးဆုံးနဲ့ အရသာ အရှိဆုံးဟင်းလျာတွေက ကောင်းကင်ရတနာတိမ်လွှာဘဲ ၊ ပင်လယ်ပြင်ကို အဌဿ အမြူတေဖြတ်သန်းခြင်း နဲ့ နဂါးတံခါးငါး တို့ရှိတယ်။ ဘယ်နှပွဲဆီလောက်များ လိုချင်ပါသလဲ ။´
မန်နေဂျာ မှန်တာပဲ
'တစ်ပွဲ´
You XiaoMo လက်ချောင်းတစ်ချောင်းထောင်ပြသည်။
စားပွဲထိုးရဲ့ အလွန်အမင်းကို ပျော်ရွှင်နေတဲ့ အပြုံးက တောင့်တင်းသွားသည်။ သူမကြားသလိုမျိုး ထပ်မေးသည့်အနေနဲ့ 'ဧည့်သည်တော်ကြီး နောက်တစ်ကြိမ်လောက်များ ပြန်ပြောပေးနိုင်မလား ဘယ်နှပွဲလိုချင်တာလဲဟင်´
'တစ်ပွဲစီလေ အရမ်းကြီးများရင် ကျွန်တော်တို့ ကုန်မှာ မဟုတ်ဘူး´
သူတို့စိတ်ထဲမှာ ဘယ်လိုအကွက်ချထားသလဲဆိုတာ You XiaoMo ဘယ်သိပါ့မလဲ။ သူညက မန်နေဂျာနဲ့ စားပွဲထိုးနဲ့ကို ဘယ်လိုပုံဖြစ်အောင် လုပ်ထားသလဲဆိုတာကို မေ့နေတာပင် ကြာလှပြီ။ အခုတော့ သူက သန်းနဲ့ချီပြီး ချမ်းသာနေတဲ့သူ ဖြစ်နေသည်။ အဲဒိ ခပ်ချောချော သူခိုးလေးက အရာအားလုံးပဲ အခုလောလောဆယ်တော့ မေ့နေပြီဖြစ်သည်။ သူဆင်းရဲသွားတဲ့ရက်ကို ပြန်စောင့်လိုက်ရင်တော့ သူဒါကို ပြန်စဉ်းစားမိလောက်မည်ဟု ထင်ရသည်။
စားပွဲထိုးက ငိုချင်သွားသည်။ ဒီဟင်းသုံးပွဲက သူတို့ ဟိုတယ်ရဲ့ ဈေးအကြီးဆုံးနဲ့အကောင်းဆုံးဖြစ်သော်လည်း သူတို့တွေေ၇ွှပြားတွေတော့ အများကြီး ရမှာမဟုတ်.. ပြီးတော့ ဒီလူက အစားဘုရင် မဟုတ်ဘူးလား။ ဒီဟင်းလေးသုံးပွဲနဲ့ ဒီလောက်နည်းတဲ့ ပမာဏနဲ့ သူတကယ်ကို စိတ်ကျေနပ်နိုင်လို့လား။
စားပွဲထိုးက အဆိုပါ ရိုက်ချက်ကြီးကို ခံစားရပြီး ကောင်တာကို ပြန်သွားကာ မန်နေဂျာကို တီးတိုးလေးပြောပြလိုက်သည်။ မန်နေဂျာနဲ့မျက်နှာသွင်ပြင်ကလဲ စားပွဲထိုးနဲ့တူညီသွားကာ You XiaoMo ကို ခါးသီးသောအကြည့်များဖြင့် မကြာခဏ ကြည့်ရှုတော့သည်။
ဘယ်လောက်ပဲ You XiaoMo နလပိန်းတုန်းဖြစ်နေပါစေ သူကို တစ်ယောက်ယောက်က ငေးကြည့်နေတယ်ဆိုတာကို တော့ မသိစရာ အကြောင်းမရှိချေ။ သူပဟေဋ္ဌိဆန်စွာနဲ့ 'ကိုကြီးLing ဘာလို့ မန်နေဂျာက ကျွန်တော့ကို တစ်ချိန်လုံးစိုက်ကြည့်နေတာလဲ´
Ling Xiao ရဲ့ ခန့်ညားတဲ့မျက်နှာကနေ အပြုံးတစ်ပွင့်သာ ထွက်လာနိုင်တော့သည်။ မေးခွန်းကို မေးတဲ့သူက မေ့တောင်နေသည်။ ဒါပေမယ့် သူကတော့ မမေ့။ စားပွဲထိုးက စိတ်လှုပ်ရှားဟန်နဲ့သူတို့ဆီကို လာထဲက သူမှန်းဆပြီးသား ဖြစ်သည်။ သူ့နှုတ်ခမ်းစွန်းတွေ ကွေးကာ 'အာ.. မင်းက အရမ်းကြည့်ကောင်းနေလို့ နေမှာပေါ့´
You XiaoMo ရှက်သွေးဖြာသွားသည်။ ခဏနေမှ သူနူးနူးညံ့ညံ့လေးပြန်မေးသည်။ 'တကယ်လား´
Ling Xiao ဒီသူ့ရဲ့အရမ်းကို ချစ်ဖို့ကောင်းတဲ့ နှစ်သက်ကျေနပ်တဲ့ လေသံလေးက အရမ်းကို ချစ်ဖို့ကောင်းတာမို့ သူ့ကို အော်တောင် ရယ်ပစ်စေဖို့ နည်းနည်းပဲ လိုသည်။ ဒီကောင်လေးက သူ့ကို အမြဲတမ်း အပျင်းပြေစေသည်။ သူ့ကို ရယ်အောင်လုပ်ပြီး သတ်နေသလိုပဲ။
'ဒါပေါ့…..တကယ်´
You XiaoMo သူလှည့်စားခံရမှန်းကို မသိပဲနဲ့ကို ကျေနပ်သွားသည်။ ဘာလို့လဲဆိုတော့ ဒါကသူ့ရဲ့ ပထမဆုံးအကြိမ် အဖြစ် အခြားတစ်ယောက်က သူ့ကို ကြည့်ကောင်းတယ်လို့ အပြောခံရတာဖြစ်သည်။ သူ မှန်ထဲမှာ သူ့ပုံရိပ်ကို တွေ့လိုက် ကတည်းက သူက ကြည့်ကောင်းတယ်လို့ မတွေးခဲ့။ အခုလက်ရှိမျက်နှာက အရင်ကမ္ဘာက သူ့မျက်နှာနဲ့ အတူတူဖြစ်သည်မို့ အရမ်းကြီးမမိုက်သော အရမ်းကြီး မခန့်ညားသော အရမ်းကို မထင်ရှားသော သာမာန်အမျိုးအစားထဲသာ ၀င်သည်။ အလွန်ဆုံးအနေနဲ့ သူက ချစ်ဖို့ကောင်းတယ်လို့သာ ဆိုနိုင်သည်။
Ling Xiao သူအရမ်းအကျယ်ကြီးအော်ရယ်မိမှာစိုးလို့ သူ့မျက်နှာကနေ ချက်ချင်းလွှဲပလိုက်ရသည်။
အဲဒိအချိန်မှာ ဒုန်း … ဒုန်း…..ဒုန်း ဆိုပြီး ခြေသံတွေ ဒုတိယထပ် လှေခါးကနေ ထွက်လာသည်။ လူတိုင်းက အသံပေါ်လာ ရာကို လှည့်ကြည့်ကြသည်။ သူတို့မျက်လုံးထဲကို အနီရောင် ပုံသဏ္ဍာန်လေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ Xiao Yao ဂိုဏ်းက ဖြားယောင်းတတ်တဲ့မိန်းမ Mu Yao ပဲ ဖြစ်သည်။ မမျှော်လင့်ပဲနဲ့ သူလဲ မပြန်သေးပဲနဲ့ ကြယ်ခုနစ်ပွင့်တာဝါမှာ နေ နေသေးတာဖြစ်သည်။ လိမ္မာပါးနပ်တဲ့ လူအချို့ကတော့ သိပ်မကြာခင်မှာ ပြဇာတ်တပုဒ်ချိုး တော့မယ်ဆိုတာ ခံစားမိနေကြသည်။
လူတိုင်းရဲ့ အကြည့်အောက်မှာ Mu Yao ကတော့ Ling Xiao ရဲ့ စားပွဲဆီကို ဦးတည်လိုက်သည်။
You XiaoMo ခေါင်းမော့ကြည့်လိုက်တော့ သူ့အရှေ့မှာ အတော်အသင့် လှပဟန်ရှိတဲ့ မိန်းမလှလေးတစ်ယောက် မတ်တပ်ရပ်နေတာ မြင်လိုက်သည်။ မိန်းမလှလေးလေးအနောက်မှာတော့ အလေးအနက်ရှိဟန်တူတဲ့ အဖိုးကြီးတစ်ယောက် ပါသည်။ သူ့စကားသံထွက်မလာခင် အရင် ကျက်သေ သေသွားသေးသည်။
'နင်…. ကိစ္စရှိလို့လား´
'ကျွန်မတို့ ဒီစားပွဲကို မျှထိုင်မယ်ဆိုရင် စိတ်မရှိဘူးမလား..´
Mu Yao ယောင်ယောင်လေး ပြုံးလိုက်သည်။ သူ့အပြုးံမျက်နှာက အနားကို ရောင်ခြည်တွေ မသန်းသွားစေပေမယ့် ဘရိုကိတ်ပေါ်မှာ ပန်းလေးတွေ ထပ်ထဲ့သလိုမျိုး (လီလီပန်းခင်းကြီး မြင်ရသလို စိတ်အေးချမ်းစေတယ်) တော့ ခံစားရစေသည်။ သူ့အပြုံးမျက်နှာက ပိုပြီးတော့တောင် မူးယစ်စေလာသလိုပဲ။
You XiaoMo ဆီက စကားသံထွက်လာ စောင့်စရာတောင်မလို အနားက သတွေးမျိုချသံတွေ ကြားလိုက်ရသည်။
Xiao Yao ဂိုဏ်းရဲ့ ဖြားယောင်းနိုင်စွမ်းက လူသိများသည်။ ကြည့်ရတာ ဒီမှာ ထိုင်နေသူအားလုံးနီးပါးက သူ့ကို သိသလိုဖြစ်နေသည်။ သူ့ကို သူတို့တွေ သိသလိုမျိုး အခြားတစ်ယောက်ကို ဒီလောက်ထိ ချိုချိုလေးပြုံးပြတာကိုလဲ မမြင်ဖူးကြသောကြောင့် သူ့မှာ အကြောင်းတစ်ခုတော့ ရှိမည်လို့ တစ်ချက်ကြည့်တာနဲ့ ပြောနိုင်ကြသည်။
You XiaoMo  Ling Xiao ကို သတိကြီးစွာနဲ့ ဖျတ်ခနဲ ကြည့်လိုက်သည်။ အီး.. ဒါက ဣနြေ္ဒ  ကြီးပုံရသည့် မိန်းမပျို ဖြစ်သည်။ ပြီးတော့ လှလဲ လှသည်။ သူစိတ်မရှိပါဘူးလို့ ပြောချင်နေပေမယ့်လဲ မနေ့က သူအဲဒိလိုမျိုး ပြောလိုက်တာနဲ့ Ling Xiao ဖြစ်သွားတဲ့ ထိတ်လန့်စရာပုံကို သူမှတ်မိတာမို့ သူမလုပ်ရဲချေ။ မိန်းမပျို လေးတွေက တန်ဖိုးရှိသည် သို့သော် သူ့အသက်က ပို ပြိးတော့ အဖိုးတန်သည်။
အဲဒါကို တွေးမိတာနဲ့ You XiaoMo ချောင်းဟန့်လိုက်ကာ Mu Yao ကို တောင်းပန်သလိုအကြည့်နဲ့ပို့ပြီး 'အားနာ ပေမယ့် အဆင်မပြေပါဘူး´
Mu Yao ရဲ့ မျက်နှာလှလှလေးက အပြုံးက ချက်ချင်း ကြေမွမလိုဖြစ်သွားသည်။ ဒီလို အရမ်းလှပတဲ့ မိန်းမပျိုလေးနဲက တစ်ဝိုင်းထဲ ထိုင်ရတာကို က ဂုဏ်ရှိနေပြီဟာကို တကယ်ကို အဆင်မပြေဘူးလို့ ပြောရဲတယ်လား။ ဒါပေါ့ အားလုံးကတော့ စိတ်ထဲကနေ ပြောနေတာပေါ့။ သူ့မှာ ဖုံးကွယ်ထားတဲ့ လှုပ်ရှားမှုကြောင့်သာ မဟုတ်ရင် စားပွဲကို ရိုက်ပြီး ထွက်သွားခဲ့တာ ကြာလှပြီ။ လှည့်ပတ်ပြီး သွားရတာက အဆင်မပြေဘူးဆိုရင် သူကလဲ စကားကို ဝေ့၀ိုက်ပြီး မပြောနေချင်တော့။ ဓါးကို ချက်ကျကျပဲ 'ကျွန်မမှာ ရှင်တို့နဲက ဆွေးနွေးစရာရှိတယ်´
သူ့အနောက်က အကြီးအကဲ Yun ရဲ့နှုတ်ခမ်းထောင့်တွေကတော့ တွန့်သွားသည်။ သူ သခင်မလေး စိတ်ထိန်းမရတော့ဘူးဆိုတာ သူသိတာပေါ့။
You XiaoMo အံ့သြသွားသည်။ ဒီ ဣနြေ္ဒ  ရှင် မိန်းမပျိုက အစာစားဖို့ လာတာမဟုတ်ဘူးလား။
'ဒါ ကျွန်တော်တို့တော့ မသိသလိုပဲ´
Mu Yao ပြုံးကာ 'အင်း.. အခုသိသွားပြီလေ´
You XiaoMoကတော့ ဣနြေ္ဒ ရှင် မိန်းမပျို ဘာကို သူတို့နဲ့ ဆွေးနွေးချင်တာလဲဆိုတာ ခန့်မှန်းလို့ပင်မရ။ သေချာအောင် ပြောရရင် ဆွေးနွေးမယ်ဆိုရင်တော့ Ling Xiao ကသာ ပြောဆိုသင့်တယ်ဆိုပြီး သူခံစားမိတာမို့   Ling Xiao ဆီကို အဓိပ္ပါယ်အပြည့်ပါတဲ့ အကြည့်ကြည့်လိုက်သည်။ 'ပြီးပြီ´
Ling Xiao က သူဘာပြောချင်တာလဲ သိသွားပြီး မျက်လုံးထဲမှာ ရွှင်မြူးရိပ်တွေပိုသန်းလာသည်။ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသည်အထိ ပြုံးက Mu Yao ကို နွေးထွေးစွာနဲ့ 'မင်းဘာကို ဆွေးနွေးချင်တာလဲ သိတယ် ဒါပေမယ့် အားတော့နာပါတယ်။ ထပ်မရှိတော့ဘူး´
Mu Yao ပါးစပ် ပွင့်သွားပြီး ပြန်ပိတ်သွားသည်။ စကားတစ်လုံးပင် ထွက်ချိန်မရလိုက်။
ဒီလူက အတော်ဘွင်းဘွင်းပြောတာပဲ။ စကားကို တည့်တည့်ပဲ ပြောတဲ့အပြင် အတော့ကို ပွင့်လင်းသည်။ သူ့မှာ မျှော်လင့်ချက်တွေ အများကြီးမရှိတာ သိပေမယ့် ဒီလိုတိုက်ရိုက်ကြီး အငြင်းခံရတော့လဲ နည်းနည်းတော့ မပျော်မရွှင် ဖြစ်မိသည်။ ဒီစကားကြောင့်သာ ထွက်သွားရမယ်ဆိုရင် သူက ဖြားယောင်းတတ်တယ်ဆိုတဲ့ ဘွဲ့နဲ့ ဘယ်ထိုက်တန်တော့မလဲ။
'ဘယ်လို အခြေအနေမျိုးမှလဲ ပြောကြည့်ပါလား´
Mu Yao ဒေါသကိုဖြည်းဖြည်းချင်း မြိုချရင်းနဲ့ ဖြည်းဖြည်းလေး မေးလိုက်သည်။
You XiaoMo သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ဒီ ဣနြေ္ဒ ရှင်မမလေးက လူစကားနားမလည်ဘူးထင်တယ်။
Ling Xiao ကတော့ ဒါကို မျှော်လင့်ထားဟန်နဲ့ 'မိန်းကလေး ကျုပ်တို့ မရောင်းချင်တာ မဟုတ်ဘူး ရောင်းစရာကို မရှိ တော့တာပါ´
သူဒါကို အဓိက ထားပြီးပြောပေမယ့် Mu Yao ကတော့ အယုံအကြည်မရှိချေ။ စိတ်ဝိဥာဏ်အရည်လို တန်ဖိုးကြီးပစ္စည်း ကို ဘယ်သူ အသုံးလိုရင် သုံးဖို့ဆိုပြီး ကိုယ့်အတွက် မချန်ထားပဲ ဘယ်သူနေမှာလဲ ။ အဲဒါကြောင့် သူတို့စကားကို မယုံတာဖြစ်သည်။
'ဒါက ရှင်တို့အတွက် HunJi မြို့လာတာ ပထမဆုံးအကြိမ်ထင်တယ် ဟွန့်´
Mu Yao ဘေးဘီကို တစ်ချက်ဝေ့ကြည့်ပြီးအသံနှိမ့်ကာ 'ဒီနေ့ ရှင်တို့ JiLe တာဝါနဲ့ Xue Sha မျိုးနွယ်ကို လေလံပွဲမှာ တိုက်ခိုက်တယ်မလား။ သူတို့နဲ့ ပြိုင်ပြီးတော့ မှော်ဝင်သားရဲဥကို နိုင်သွားတယ်လေ။ သူတို့ရဲ့ ပုံစံနဲ့ဆိုရင် ဒါကို ရှင်တို့ကို ယူသွားခွင့်ပေးမှာ မဟုတ်ဘူး။ ရှင်တို့ ကျွန်မကို စိတ်ဝိဥာဏ်အရည် တစ်ပုလင်းပေးရင် အဲ မရှိရင်လဲ ပုလင်းဝက်ပေါ့ အဲဒါဆို Xiao Yao ဂိုဏ်းက ရှင်တို့ HunJi မြို့ကနေ လုံခြုံစွာ ထွက်နိုင်ဖို့ အာမခံတယ်။ ဘယ်လိုလဲ´
You XiaoMo ကြောက်ရွံ့စိတ်ကြောင့် အနည်းငယ် ခုန်မိသွားပေမယ့်   Ling Xiaoကတော့ ဘာမှ မဖြစ်သလိုပဲ။
သူပြောသလိုဆိုရင် JiLe တာဝါ နဲ့ Xue Sha မျိုးနွယ်စုက သူတို့ HunJi မြို့ကနေ အပြန်မှာ ၀င်တိုက်ဖို့ စီမံထားသည်ဟု ဆိုနိုင်သည်။ ဒီကိစ္စက ကြီးကြီးသေးသေး သူတို့ကသာ ဖျောက်ဖျက်ပစ်ချင်ရင် သူတို့က နှစ်ယောက်ထဲဖြစ်သည်။ တိတိကျကျပြောရမယ်ဆိုရင်တော့ သူတို့က တကယ်တမ်း တစ်ယောက်ထဲသာ ရှိသည်။
'ကိုကြီး Ling……´ You XiaoMo Ling Xiao ကို ကြည့်လိုက်သည်။
Ling Xiao သူကစားနေသည့် ရေနွေးခွက်ကို ချလိုက်သည်။ ဖတ်လို့မရနိုင်တဲ့ အပြုံးနဲ့ Mu Yao ကို သေချာကြည့်ပြီး 'မင်းရဲ့ ကမ်းလှမ်းမှုက တော်တော် ထိတယ်။ ဒါပေမယ့် ကျုပ်အစောထဲက ပြောထားပါတယ် စိတ်ဝိဥာဏ်အရည်က လုံးဝမရှိတော့တာ။ အကယ်လို့ မင်းစကားလှလှလေးတွေ ထပ်ပြောရင်တောင် ကျုပ်တို့မှာ ထုတ်စရာဘာမှ မရှိဘူး။ ဒီတော့ ဘာလို့ ကျုပ်တို့ကို ထပ်ပြီး စိတ်အနှောင့်အယှက်ပေးနေတာလဲ´
Mu Yao မျက်နှာကြီး မည်းသွားသည်။ သူ နည်းပေါင်းစုံက ပြောကြည့်တယ် ဒီနှစ်ယောက်ကတော့ ထပ်ပြီး အသာတိုက်တုန်းက မသောက်ပဲနဲ့ အပြစ်ပေးမှပဲ သောက်သလိုမျိုး ငြင်းဆန်နေမယ်လို့ မထင်ထားခဲ့ပါ။ (ခက်ခဲတဲ့ လမ်းကို ရွေးတယ်လို့ ပြောချင်တာပါ)။ သူ့ရဲ့ နွေးထွေးတဲ့ အပြုံးကို ထပ်မံပြီးတော့ မပြသတော့ပဲ လက်ပိုက်ပြီး မတ်တပ်ရပ်ကာ 'ဒီလိုဆိုတော့လဲ Mu Yao ကတော့ ရှင်တို့နှစ်ယောက်လုံးကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မြို့တံခါးကနေ ထွက်တာနဲ့ အလုခံရတော့မှ နောင်တာရရင်တော့ အရမ်းနောက်ကျသွားမယ်နော်´
ပြောပြီးတာနဲ့ ခေါင်းကို ဆတ်ခနဲ ခါပြီး ထွက်သွားတော့သည်။ အကြီးအကဲYun ကတော့ သူကနောက်ကနေ လိုက်မသွားခင် Ling Xiao နဲ့ You XiaoMoကို အဓိပ္ပါယ်ရှိရှိ အကြည့်တစ်ချက် ကြည့်လိုက်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now