Chapter 384 The Heavenly Cauldron (Z & U)

7K 1.3K 15
                                    

Chapter 384: The Heavenly Cauldron

အခန်း ၃၈၄ ကောင်းကင် ဆေးကြိုအိုး

ဆရာYong He ဟုတ်လား? ဘယ်သူလဲ?

You XiaoMo ဦးနှောက်ထဲ မျက်နှာစာမှာ ဘာလဲဟ ဆိုသော အရိပ်အယောင်တွေ ရှိနေကာ သူက ဘယ်လောက် နာမည်ကြီးလို့ သူက မမှတ်မိရတာလဲ။

ထိုလူကလည်း သူ မယုံကြည့်မှာ စိုးကာ သူ့ဘာသာသူ စမ်းပြသည်။ သူက သူ့ခေါင်းပေါ်ကို ပိုးဝတ်ရုံစအုပ်လိုက်သည်နှင့် နောက်တစ်စက္ကန့်မှာ သူပျောက်သွားသည်။ သူ ပိုးစကို ပြန်ဖယ်လိုက်တော့ ပြန်ပေါ်လာသည်။

You XiaoMoက တအံ့တသြမျက်နှာနှင့် “တော်တော်လေးတော့ စိတ်ဝင်စားဖို့ကောင်းသလိုပဲ။ ကြည့် ကြည့်ရအောင်”

You XiaoMo က ယူကာ ခပ်ကြမ်းကြမ်းဆွဲကြည့်သည်။ အသားက တော်တော်လေး ကြမ်းပေမယ့် ပေါ့လဲ ပေါ့လှသည်။ တစ်ယောက်ယောက်ကသာ ဒါကို မထိကြည့်ဖူးဆိုလျှင် ဒါက တကယ်တော့ ငှက်မွေးတစ်မွေးလို ပေါ့တာ သိမှာ မဟုတ်ပေ။ ဒါက ကောင်းသော်လည်း အသုံးတော့ မ၀င်ပေ။ ဒီလူ ဒါကို စမ်းပြတော့ You XiaoMo က တမင်တကာ စိတ်စွမ်းအင်သုံးကာ သူ့ကို အာရုံခံကြည့်သည်။ ရလာဒ်ကတော့ အဲဒိလူ တည်ရှိနေတာ သူအာရုံခံမိသည် ဒါပေမယ့် ခပ်ဖျော့ဖျော့ပဲ သို့သော်လည်း လူတစ်ယောက်၏ တည်ရှိမှုကို လုံးဝကြီး ဖုံးကွယ်ပေးနိုင်တာမဟုတ်ပေ။

သူ ပြန်ပေးလိုက်တော့မလို့ လုပ်လိုက်ချိန်တွင် ပြထားသည့်အထဲကို သူတစ်ချက် ဝေ့ကြည့်လိုက်တော့ ပစ္စည်းအသေးလေးတွေ ဖုံးကွယ်ထားသော အရာတစ်ခုက သူ့အကြည့်ထဲ ၀င်လာသည်။ သူ့မျက်လုံးသူငယ်အိမ်တွေက ကျုံခနဲ တစ်ချက် ဖြစ်သွားသည်။

သူ မျက်လုံးတွေ ပြန်လွှဲကာ You XiaoMo အဲဒိလူကို မေးလိုက်သည် “ဒီပိုးစ ဘယ်လောက်လဲ”

သူ စိတ်ဝင်စားတာလဲမြင်ရော ထိုလူက ရွှင်ပြလာကာ “ဒီပိုးက ဆရာYong He လုပ်ခဲ့တာ ဆိုပေမယ့် နောင်ကြီးက ဒီကို ပထမအကြိမ် လာဖူးတာ ဆိုတော့ ကျုပ်က ဈေးလျော့ပေးမယ့် စိတ်ဝိဥာဏ်ကျောက်တုံး နှစ်ရာထဲနဲ့လေ။ မူရင်းဈေးက ငါးရာတောင်နော်”

မယုံနိုင်သော မျက်နှာနှင့် You XiaoMo က ပြန်ကြည့်ကာ “တစ်ရာဆိုရင်တောင် ဈေးကြီးလွန်းလှပြီလို့ ပြောမလို့ကို အခုတော့ နှစ်ရာတောင် တောင်းတာလား? ကျွန်တော်ပြောမယ် ဒီဟာကကောင်းပုံ ပေါ်ပေမယ့် သိပ်အသုံးမ၀င်လှဘူး ပြီးတော့ ရှာလို့လဲ လွယ်သေးတယ်။ ကျွန်တော့ကို မျက်နှာသစ်ဆိုပြီး ညာနေတယ်လို့ ခံစားနေရတယ် ဟုတ်တယ်မလား”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now