Chapter 159 Will Get Used to it ( Z & U)

9.8K 1.4K 13
                                    

C-159 Will get used to it.

အခန်း ၁၅၉ အလေ့အကျင့်ဖြစ်သွားမှာပါ
အချိန်တိုလေးမှာ အလေးချိန်ကင်းမဲ့သလိုခံစားလိုက်ရသည်။ နောက်တစ်ကြိမ် မြေပြင်၏ အထိအတွေ့ကို ခံစားမိချိန်မှာ နှာခေါင်းထဲ အလွယ်တကူ သိသာနေသော စိတ်ဝိဥာဏ်အားတွေပါဝင်နေသော မြက်နံ့ သင်းသင်းလေးကို ရလိုက်သည်။
You XiaoMo မျက်လုံးဖွင့်လိုက်တော့ သူတို့တွေက အရမ်းကို ကျယ်ပြန့်တဲ့ စက်ဝိုင်းပုံ ကျောက်တုံး စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေကြတာ တွေ့လိုက်ရသည်။ ကျောက်တုံးစင်မြင်က မြေကမ္ဘာတောင်ထွတ်က ပြည်သူ့ရင်ပြင်၏ တစ်ဝက်လေက် ရှိကာ ဘာကျောက်တုံးနှင့် လုပ်ထားမှန်းတော့ မသိပေ။ ထပ်ပိုင်းမှာ ထူးဆန်းသော ပုံစံများကို ရေးဆွဲထားကာ သူတို့ကို ပို့လိုက်သော ရွှေ့ပြောင်းရေးစက်ဝန်းပေါ်က ဟာတွေနှင့် ဆင်တူလှသည်။
ကြည့်လိုက်သည့် အရပ်မျက်နှာတိုင်းက အဖြုရောင် မြူများက နေရာတိုင်းမှာ ရှိနေသည်။ ထို အဖြူရောင် မြူက ကျောက်တုံးစင်မြင့်နားမှာ ၀ိုင်းပတ်နေကာ သူတို့အမြင်တွေကို ဖုံးကွယ်ကာ မျက်စိလယ် လမ်းပျောက်နေအောင် လုပ်နေသည်။
ကံကောင်းစွာနှင့် Ling Xiao က အသက်ကယ်ကျောက်တုံးကို လွတ်လပ်သော ကျင့်ကြံသူများဆီက နေ သုခဘုံနယ်မြေနှင့် ဆိုင်သော သတင်းအချက်အလက်အချို့နဲ့ လဲလှယ်လိုက်နိုင်သည်။ ထို့ကြောင့် သူတို့က ရွေ့ပြောင်းပြီးတာနှင့် ဒီလိုအခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုတာ သိကြသည်။
You XiaoMo က အရပ်မျက်နှာ အားလုံးကို ကြည့်လိုက်တော့ သူတို့အရင် ရွှေ့ပြောင်းလာသည့် အဖွဲ့မှ လူများအရိပ်အယောင် မတွေ့ပေ။
Ling Xiao ကတော့ LeiJu ထားခဲ့သည့်  အနောက်တောင်ဘက်ကို ဦးတည်ပြနေသည့် TianXinဂိုဏ်း မူပိုင် လျှို့ဝှက် သင်္ကေတကို တွေ့လိုက်သည်။ ထိုအဓိပ္ပါယ်မှာ ထို ငါးယောက်က အနောက်တောင်ဘက်ကို သွားနှင့်ပြီဟု ဆိုလိုသည်။
Qing Chengဂိုဏ်းဘက်တော့ သူ ဘာလျှို့ဝှက်သင်္ကေတ အချက်ပြကိုမှ ရှာမရချေ။ Luo ShuHe က အခြားသူတွေကို သူတို့ ဘယ်ဘက်ကို သွားသလဲဆိုတာ ကို သိစေဖို့ လုံးဝကို စီစဉ်ထားပုံ မရပေ။
သူတို့တွေ အခြေအနေတွေကို လေ့လာနေတုန်းမှာပဲ နောက်တစ်သုတ်က လူတွေ ရောက်လာကြသည်။
TianXinဂိုဏ်းက လူတွေက Ling Xiao ကို မြင်လိုက်တာမို့ ချက်ချင်းထွက်မသွားကြပဲ သူ့တို့ မျက်နှာလေးတွေကို အနည်းငယ်ချီကာ သူတို့ဘာသာ သူ့ဆီကို လျှောက်လာကြသည်။ အခြားတစ်ဖက်က Qing Cheng ဂိုဏ်းသားများကတော့ ခဏလောက် ဘယ်ဘက်သွားရမယ်ဆိုတာကို ဆွေးနွေးနေကြသည်။
Ling Xiao က သူတို့တွေ နောက်တောင်ဘက်နှင့် သိပ်မကွာလှသော တောင်ဘက်ကို ဦးတည်သွားတာ သတိထားမိသည်။
နောက်ထပ် လူအသုတ်လိုက် အသုတ်လိုက် ထပ်ပြီး ရွှေ့ပြောင်းလာကြသည်။ အဓိက ဂိုဏ်းကြီး နှစ်ဂိုဏ်းမှ လူများအပြင် XingLuo အဖွဲ့နှင့် အခြားလေးဖွဲ့မှ လူများပါ ပါလာသည်။
XingLuo အဖွဲ့ကဒီတစ်ကြိမ်တွင် မည်သည့် အားစိုက်ထုတ်မှုမျှ မပါဝင်သောကြောင့် သူတို့ကို အခြားသော အဖွဲ့သုံးဖွဲနှင့် Xiao Yaoဂိုဏ်းက လူများနီးတူသာ ဆက်ဆံကြသည်။ ထို အဖွဲ့များနှင့် လွတ်လပ်သော ကျင့်ကြံသူများပေါင်းစုကာ ဖွဲ့ထားသော အဖွဲ့ငါးခု အတူတကွ စုစည်းထားသည်။ တစ်ဖွဲ့စီက တစ်ကြိမ်ကို နှစ်ယောက်သာ ပို့နိုင်သည်။
ထိုလူများထဲတွင် You XiaoMo လူသုံးယောက်သာ မှတ်မိသည်။ XingLuoအဖွဲ့မှ Ding Shi ၊ Xiao Yao ဂိုဏ်းမှ Mu Yao၊ JiLeတာဝါမှ Mu YunTian တို့ဖြစ်သည်။ သူနှင့် Ling Xiao က ထိုအချိန်တုန်းက ရုပ်ပြောင်းထားတာမို့ သူတို့သုံးယောက်ကတော့ သူတို့ကို မမှတ်မိပေ။
အချိန်တွေ ကုန်လာသည်နှင့် အမျှ ရွှေ့ပြောင်းလာသော လူများမှာလဲ တိုးတိုးလာသည်။ သို့သော် ငြားလည်း ကျောက်တုံးစင်မြင့်က လူအရေအတွက်ကတော့ တိုးမလာချေ။ အဖွဲ့အားလုံးက အရင်ရွှေ့ပြောင်းလာကြသော သူများက မှော်ဆေးပင်များနှင့် မှော်ဝင်သားရဲများကို သိမ်းကြုံးယူသွားမှာ စိုးသဖြင့် သူတို့အဖွဲ့တွေ ဖွဲ့ပြီးသည်နှင့် သီးခြား အရပ်မျက်နှာများကို အမြန်ထွက်ခွာသွားကြသည်။
လာလိုက် သွားလိုက်နဲက လူအကုန်လုံး ရွှေ့ပြောင်းပြီးချိန်အထိ Ling Xiao နှင့် You XioaMo က ကျောက်တုံးစင်မြင့်ကနေ မထွက်သွားကြသေးပေ။
အပေါ်ယံမှာတော့ Ling Xiao၏ ခွန်အားက ကြယ်အဆင့် ကြယ်အပွင့်သာ ရှိသည်။ သို့သော် သူက TianXin ဂိုဏ်းက လာကြသူများထဲမှာ အစီနီယာ အကျဆုံးသူတော့ မဟုတ်ပေ။ တကယ်တော့ သူ့အထက်မှာ ကြယ်အဆင့် ကြယ်ခုနစ်လုံး အကြီးအကဲ နှစ်ယောက် ရှိသည်။ အခုဒီ အထူးတာဝန်အဖြစ်နဲ့က သူတို့တွေကို တပ်ဖြန့်ကာ ချထားတာဖြစ်သည်။
အခြားသူများထွက်သွားပြီးနောက် အကြီးအကဲ နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော Shi အမည်ရသော အကြီးအကဲက စကားပြောသည်
"Lin Xiao မင်း ဒီကို ရောက်လာပြီးတော့ Luo ShuHe ဘယ်ဘက်သွားလဲ မြင်လိုက်လား?"
Ling Xiao က ခေါင်းခါကာ ပြန်ငြင်းလိုက်သည် "မမြင်လိုက်ဖူး"
Luo ShuHe က ငတုံးမဟုတ်ပေ။ Qing Cheng ဂိုဏ်းက သူတို့၏ အဆင့်ကိုးမှော်ဆေးလုံးဖော်စပ်နည်းကို ခိုးသွားသည်။ သူတို့၏ မျက်နှာဖုံးကို အမျှော်အမြင်ရှိစွာနှင့် ပွင့်ပွင့်လင်းလင်း ဆွဲခွာလို့မရသော်လည်း သုခဘုံနယ်မြေထဲမှာတော့ အဲလိုမဟုတ်ပေ။ သုခဘုံနယ်မြေထဲမှာ အန္တရာယ်ပေါင်း မြောက်များစွာ ရှိသည်။ အသက်ရှင်ခြင်းနှင့် သေခြင်းမှာ လူတစ်ယောက်၏ သူ့လက်ထဲ၌ပင် ရှိသည်။ TianXin ဂိုဏ်းက လူတွေလွှတ်ပြီး သူတို့ကို သတ်လျှင်တောင် ဘယ်သူကမှ သူတို့ပြန်ထွက်လာလျှင် သံသယံဝင်မှာ မဟုတ်ပေ။
သို့သော်ငြားလည်း TianXin ဂိုဏ်းကအဲလို တွေးမိမှတော့ Luo ChengYuanလို မြေခွေးအိုကြီးက မတွေးမိပဲ မနေပေ။ သူတို့ကလည်း ခြိမ်းခြောက်မှု အချို့ကို တန်ပြန် လက်ဦးမှုယူရန်အတွက် ပြင်ဆင်ထားလိမ့်မယ်။ ထို့ကြောင့် Ling Xiao က မြင်လိုက်လျှင်တောင် သူတို့က အဲဒိဘက်ကို သွားမှာ မဟုတ်ပေ။ ပြီးတော့ ကျောက်တုံးစင်မြင့်အပြင်ဘက်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာကိုလည်း သူတို့ မမြင်နိုင်ပေ။
အကြီးအကဲShi က အခြားဂိုဏ်းသားတွေကို ကြည့်လိုက်သည်။ သူတို့ကလည်း သူတို့ မမြင်လိုက်ကြောင်းကို ခေါင်းခါပြကြသည်။
ဒါပေါ့ အဲဒိ တုန့်ပြန်မှုတွေကလည်း Ling Xiao၏ အာရုံကနေ ပြေးမလွတ်ပေ။ သို့သော် သူ့နှုတ်ခမ်းထောင့်က အပြုံးက အနည်းလေးတောင် ဒယိမ်းဒယိုင် ဖြစ်မသွား။ အဲဒိအစား ပိုပြီးတောင် တောက်ပလာသည်။
အကြီးအကဲShi က ဘာ့ကြောင့် ဒီလိုလုပ်ရသလဲဆိုတာကတော့ ဆယ်ဖို့မှာ ရှစ်ကနေ ကိုးအထိဖြစ်နိုင်တာကတော့ Tang Fanက သူ့ကို သတိပေးပြီးသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူက မတွေ့ဘူး ပြောထားတာကို အခြားဂိုဏ်းသားများ ကို မေးစရာ မလိုပေ။ သူ့စကားကို မယုံကြည်တာ သိသာလှသည်။
" ငါတို့က Luo ShuHe ဘယ်ဘက်သွားလဲ ဆိုတာ သေချာ မသိရတော့ ငါတို့အဖွဲ့လေးဖွဲ့ ခွဲပြီးတော့ အရပ်မျက်နှာ လေးခုကို ခွဲသွားယုံပဲ ရှိတော့တယ်။ အကြီးအကဲWeng နဲ့ ငါနဲ့က ခြောက်ယောက်စီကို ဦးဆောင်သွားမယ်။ Huan Jie နဲ့ Tai ShiYu က တောင်ဘက်ကို ဆယ်ယောက်ကို ဦးဆောင်ပြီးသွား Lin Xiao မင်းကတော့ ကျန်တဲ့သူတွေကို ဦးဆောင်ပြီး မြောက်ဘက်ကိုသွား။ ကန့်ကွက်မဲ့သူ ရှိလား?"
အကြီးအကဲShi က လူတိုင်းကို ကြည့်ပြီးမှ နောက်ဆုံးပိတ် Ling Xiao ဆီရောက်ရှိသည်။
Ling Xiao က ပြုံးရင်းနှင့် "အကြီးအကဲShi စီမံတာ အရမ်းကောင်းမွန်ပါတယ်။ ဒီအတိုင်းပဲ သွားကြတာပေါ့ "
အကြီးအကဲShi ကခေါင်းညိမ့်ကာ စတင် လူခွဲလိုက်သည်။ Huan Jie နှင့် Tai ShiYu တို့၏ ခွန်အားက Ling Xiao ထက် နိမ့်တာကြောင့် အကြီးအကဲShi က သူတို့နှစ်ယောက်ဘက်ကို အားကောင်းသော ဂိုဏ်းသားများ ခွဲပေးလိုက်သည်။ ရလဒ်ကတော့ သူခွဲပြီးချိန်မှာ ကျန်သော ဂိုဏ်းသားများက Ling Xiao နှင့် သွားရမည် ကာ ခွန်အားမညီမမျှဖြစ်အောင် ခွဲထားတာဖြစ်သည်။ Ling Xiao နှင့် အတူ သွားရမည့်သူများက နေအဆင့်နှင့် အောက်ဘက်က လူများဖြစ်ကာ လအဆင့် ဂိုဏ်းသားတစ်ယောက်သာ ပါသည်။ ပြီးတော့ လူစုစုပေါင်းက Huan Jie နှင့် Tai ShiYu တို့နှင့် ယှဉ်လျှင် လူလေးယောက်လည်း နည်းသေးသည်။
You XiaoMo နှင့် Ling Xiao ပါ ပါမှ သူတို့အားလုံးပေါင်းက ခုနစ်ယောက်ဖြစ်သည်။ သိုင်းသမား ငါးယောက်နှင့် မှော်ဆရာ နှစ်ယောက်ပါသည်။ အခြားမှော်ဆရာတစ်ယောက်က အဆင့်သုံးမှော်ဆရာတစ်ယောက်ဖြစ်ကာ ပျံသန်းခြင်းတောင်ထွတ်မှ ဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ Fang ChenLe နှင့် Fu ZiLin တို့ကိုတော့ အကြီးအကဲShi နှင့် အကြီးအကဲWeng တို့က အသီးသီး ခေါ်သွားကြသည်။
Fang ChenLe က You XiaoMo နှင့် အတူတကွ သွားချင်သော်လည်း သူက တတိယမျိုးဆက်ဂိုဏ်းသား တစ်ယောက်သာ ဖြစ်နေသောကြောင့် အကြီးအကဲShi ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်နိုင်ခြင်းမရှိပေ။ ထွက်မသွားခင်မှာ You XiaoMoကို သေချာစောင့်ရှောက်ပေးရန်အတွက် Ling Xiao ကိုသာ တိုက်တွန်းနိုင်သည်။
နားလည်ရခက်သော Fu ZiLin ကတော့ Ling Xiao ကို သတိပေးသော အကြည့်တစ်ချက်ကြည့်ပြီး အကြီးအကဲWeng ၏ အနောက်က စီတန်းပြီး လိုက်သွားသည်။
Huan Jie နှင့် Tai ShiYu တို့က သူတို့အဖွဲ့က လူတွေနဲ့ တစ်ယောက်နောက်က တစ်ယောက်လိုက်ပြီး ထွက်သွားတဲ့ နောက်မှာ Ling Xiaoတို့အဖွဲ့သာ ကျောက်သားစင်မြင့်မှာ ကျန်ခဲ့တော့သည်။ လူတိုင်းက သူ့ကို ကြည့်ကာ သူ့ညွှန်ကြားချက်ကို စောင့်နေကြသည်။
Ling Xiao က အတန်ကြာ တွေးဆနေပြီးမှ အလေးအနက်ဟန်ဖြင့် " အဖွဲ့ဝင် ဂိုဏ်းသားတို့ရေ သုခဘုံနယ်မြေမှာ အန္တရာယ်အရှိဆုံး နေရာက မြောက်ဘက်ဆိုတာ မင်းတို့ သိမယ်လို့တော့ ငါယုံကြည်တယ်။ ငါတို့က အချိန်မရွေး အရမ်းကြောက်ဖို့ကောင်းတဲ့ မှော်ဝင်သားရဲ နဲ့ တွေ့နိုင်တယ်။ ငါကလည်း တစ်ယောက်တည်း။ အဲလိုများ တွေ့ခဲ့သည် ရှိသော် လူတိုင်းရဲ့ လုံခြုံရေးကို အာမ မခံနိုင်မှာ ငါစိုးတယ်"
သူ ပြောလို့ ပြီးတဲ့ အချိန်ရောက်တော့ You XiaoMo ကလွဲရင် ကျန်တဲ့ ငါးယောက်လုံး၏ မျက်နှာများက အနည်းငယ် ပြောင်းလဲ သွားကြသည်။ Ling Xiao ပြောတာကလဲ တကယ်တော့ အမှန်ဖြစ်သည်။ အမြောက်အရပ်က ရာသီဥတုက ဆောင်းတွင်းဖြစ်ကာ နှင်းများ ရေခဲများဖြင့် ဖုံးလွှမ်းနေသည်။ လေအေးကလည်း ပြင်းသည်။ မှော်ဆေးပင်ပျိုးထောင်နိုင်ဖို့ မပြောနဲ့ ခွန်အားနည်းသူများတောင် သုံးရက်ထက် ပိုပြီး ခံဖို့ မဖြစ်နိုင်ပေ။
လူငါးယောက်က Ling Xiao ပြောသော ထိုစကားများကို နားမလည်ပေ။ သူ့ကိုသာ ကြည့်နေကာ တစ်ယောက်က မေးလိုက်သည်။ "အကိုကြီး ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ?"
ဒီစကားတွေ ကြားလိုက်သည်နှင့် Ling Xiao၏ အမြင်ကို သူတို့ သဘောပေါက်တာ ရှင်းလှသည်။
Ling Xiao က ပေါ့ပေါ့ ပါးပါးလေးပဲ " ငါနဲ့ ညီငယ်လေးYou ကပဲ မြောက်ဘက်ကို သွားလိုက်မယ်။ မင်းတို့ ငါးယောက်ကတော့ ကိုယ့်ဘာသာ အဖွဲ့ဖွဲ့ပြီးတော့ သွားချင်တဲ့ အရပ်မျက်နှာ ရွေးပြီးတော့ သွားလိုက်"
"အကယ်လို့ အကြီးအကဲတွေ သိသွားရင် ဘယ်လိုလုပ်မလဲ......"
ဂိုဏ်းသားတစ်ယောက်က ချက်ချင်းခေါင်းခါလိုက်သည။ ဒီလို လုပ်ရပ်မျိုးက သူရဲဘောကြောင်လှသည်။ အကယ်လို့ စီနီယာများကသာ သိသွားလျှင် TianXin ဂိုဏ်းသို့ပြန်ရန် မျက်နှာပင် ရှိတော့မည် မဟုတ်ပေ။
"လူတိုင်းက မပြောသရွေ့ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ အကယ်လို့ တစ်ယောက်ယောက်က မေးခဲ့ရင်လည်း မင်းတို့က အဖွဲ့ကွဲသွားတယ် ပြောလိုက်ရုံပဲ။ ပြီးတော့ ဒီအကြံက ငါ့ဆီက ထွက်လာတာ။ ကျန်တဲ့သူတွေနဲ့ ဘာမှ မဆိုင်ဘူး"
Ling Xiao က တည်တည်ငြိမ်ငြိမ်နှင့် သေချာပေါက်ကို ပြောနေသည်။
လူငါးယောက် က သူ့စကားမှာ အလွန်ကို ဖြားယောင်းခံလိုက်သည်။ အဆုံးမှာတော့ သူတို့က သူ့ရဲ့ အကြံကို သဘောတူလိုက်ကြသည်။ ဒါပေမယ့် သူတို့တွေက အကြီးအကဲShi နှင့် တိုးမိမှာ စိုးသောကြောင့် Lei Ju နှင့် သူ့အဖွဲ့ ဦးတည်သွားသော ဘက်ကို ထွက်သွားကြသည်။ အကြီးအကဲShi နှင့်အဖွဲ့က TianXin ဂိုဏ်းက ဂိုဏ်းသားများ ထိုဘက်ကို သွားတာကို သိပြီးဖြစ်သဖြင့် ထိုဘက်ကို ဘယ်သူ့ကိုမှ ထပ်မလွှတ်လိုက်ပေ။
သူတို့ထွက်သွားတာနဲ့ Ling Xiao က သူ့ရင်ဘတ်ထဲက မပြည့်စုံတဲ့ မြေပုံကို စိမ်ပြေနပြေဆွဲထုတ်လိုက်သည်။
You XiaoMo က သူ့အနား အမြန်သွားသွားသည်။ သူက Ling Xiao အခြားသူတွေကို အဝေးနှင်လိုက်မှန်း သိပြီးဖြစ်သည်။ အဲဒါကလည်း ဒီအကြောင်းပြချက်ကြောင့်ဖြစ်သည်။ အကယ်လို့ သူတို့ကသာ ငါးယောက်လုံးကို ခေါ်သွားပါက သူတို့ ကြယ်ခုနစ်ပွင့်မြက်ကို ရှာသည့်အခါတွင် ခြေကော လက်ကော အချည်ခံလိုက်ရမည် ဖြစ်သည်။
မြေပုံက မပြည့်စုံသော်လည်း အရပ်မျက်နှာတော့ ပြထားသည်။ Tang Hun ထိုမြေပုံကို ရရှိသည့် အချိန်က သူ့စုံစမ်းမှုတွေ ပြုလုပ်ပြီး ဖြစ်သည်။ ကံကောင်းစွာနှင့် အဲဒါက အကြီးအကဲ Shi သူ့လူတွေကို ဦးဆောင်သွားသည့် အရှေ့ဘက်အရပ်ဖြစ်နေသည်။
"အကိုကြီးLing ကျွန်တော်တို့က အရှေ့ကို အခုသွားရမှာ မလား ? မြောက်အရပ်ကရော ဘယ်လိုလုပ်မလဲ?"
You XiaoMo က မျက်မှောင်ကြုပ်ကာ မေးလိုက်သည်။ အကြီးအကဲShi သာ သူတို့ မြောက်ဘက် မသွားတာ သိလျှင် သူက အပြင်ရောက်သွားတာနဲ့ သေချာပေါက် Tang Fan ကို ပြောမှာဖြစ်သည်။
"Qing Cheng ဂိုဏ်းက လူတွေက မြောက်ဘက်ကို ဦးတည်မယ်လို့ကော မင်းထင်ထား?"
Ling Xiao ၏ ပါးစပ်စွန်းလေးက အနည်းငယ် တွန့်သွားသည်။
You XiaoMo က ခဏ စဉ်းစားပြီးတော့ ခေါင်းခါကာ " မသွားလောက်ဘူး"
သုခဘုံနယ်မြေက ရာသီဥတုက အလွန်ကို တစ်မူထူးလှသည်။ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာမှာ မတူညီသော ရာသီဥတု လေးခုရှိကာ နွေဦး နွေ ဆောင်ဦး နှင့် ဆောင်းဆိုပြီး သီးခြားရှိသည်။ ဒီမြေအပိုင်းအစလေးမှာ မတူညီတဲ့ ရာသီဥတု လေးခု ရှိတာ တွေးကြည့်ဖို့ အလွန်ခက်ခဲလှသော်လည်း အဲဒါက အတိအကျဖြစ်သည်။
မြောက်အရပ်မှ ဆောင်းရာသီရှိပြီး ရေခဲများနှင့် နှင်းများက တစ်နှစ်ပါတ်လုံးဖုံးလွှမ်းနေသည်။ ရေခဲအမျိုးအစားမှော်ဝင် သားရဲတစ်မျိုးတည်းသာ မြောက်အရပ်တွင် နေဖို့ ရွေးချယ်နိုင်သည်။ လေကပင် ခါးခါးသီးသီးကို အေးလှကာ မှော်ဆေးပင်များ ဖြစ်ထွန်းရန် ခက်ခဲလှသည်။ ထို့ကြောင့် မြောက်အရပ်သွားသော ကျင့်ကြံသူက အလွန်နည်းပါးလှသည်။ ဒါပေါ့ အလွန်နည်းပါးတယ်ဆိုတာက မရှိဘူးဟု ပြောတာ မဟုတ်ပေ။
မြောက်အရပ်က အခြေအနေက ညံ့ဖျင်းလှသော်လည်း အဲဒီမှာ မှော်ဆေးပင်သာ ပေါက်ရောက်မည်ဆိုပါက အဲဒါက အဆင့်မြင့် မှော်ဆေးပင်ဖြစ်လိမ့်မည် ဖြစ်သည် အဘယ့်ကြောင့် ဆိုသော် အဆင့်မြင့် မှော်ဆေးပင် ကသာ ရှင်သန်ဖို့ ကြံကြံခံနိုင်ပေလိမ့်မည်။
ကံမကောင်းစွာနှင့် ပြီးခဲ့သည့် အခေါက်က သုခဘုံနယ်မြေပွင့်ချိန်က လူအချို့က မြောက်အရပ်မှာ မှော်ဆေးပင် ရှာရန် တစ်လ အချိန်ကုန်ခဲ့သည်။ သို့သော်ငြားလည်း သူတို့ကံက ဆိုးကာ မှော်ဆေးပင် တစ်ပင်တောင် မရှာနိုင်ခဲ့ပေ။ ထို့အပြင် သူတို့လူ အတော်များများလည်း ဆုံးရှုံးခဲ့သေးသည်။ ထိုအချိန်တည်းက ကျင့်ကြံသူ အများစုက မြောက်အရပ်သွားရန် လက်လျော့လိုက်ကြသည်။
Ling Xiao က မပြည့်စုံတဲ့ မြေပုံကို ကိုင်ထားရင်း သူ့ဘက်ကို ခေါင်းငုံကာလာ ရယ်သံလေးထွက်လာသည်။ ပြီးတော့ အရှေ့ဘက်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပေါ့ပေါ့ပါးပါးပဲ " အကြီးအကဲ Shi မသိသရွေ့ အဆင်ပြေတယ်။ သူသိသွားဖို့က အပုံတစ်သန်းမှာ တစ်ပုံပဲ ရှိပေမယ့် ငါတို့က သူ့ကို တိတ်တိတ်လေး သတ်လိုက်လို့ရတယ်"
You XiaoMo တစ်ယောက် တိတ်သွားသည်။ 21ရာစုမှ ခေတ်သစ် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတစ်ယောက် အနေနဲ့ သူက ဒီလို အတွေးမျိုးကို လက်မခံချင်။
Ling Xiao က သူ့ရင်ထဲက ရုန်းကန်လှုပ်ရှားမှုများကို မြင်သည့်ပုံနှင့် သူ့ကို ပူပင်ကြောင့်ကြမဲ့သော ဟန်ဖြင့် အားပေးလေသည်။ "ညီငယ်လေး ဒီလိုအရာမျိုးက မင်းအကြိမ်အနည်းငယ်လောက် အတွေ့အကြုံရသွားရင် တဖြည်းဖြည်းနဲ့ အလေ့အကျင့်ဖြစ်သွားလိမ့်မယ်။ အကယ်လို့ မင်းအလေ့အကျင့် မဖြစ်သေးလဲ ကိုယ်က မင်းအရှေ့မှာ လူနည်းနည်းလောက် သတ်လိုက်လျှင် ဒီနည်းနဲ့ အလေ့အကျင့်ဖြစ်သွားမှာ "
You XiaoMo "......................."
လူငယ်လေးက ရင်ထဲကနေကို သူ့လက်ခလယ်ချက်ချင်းထောင်ပြလိုက်သည်။ ငါ့ဖင်ပဲ!
အခြားလူတွေကို ဒီလို လိုက်ပြီးတွန်းအားပေးနေစရာ မလိုဘူး။ အကယ်လို့ သူတကယ်ကြီးလုပ်လျှင် သူက အလေ့အကျင့် ဖြစ်ရင်တောင် နောင်အလေ့အကျင့် ဖြစ်သွားလိမ့်မယ်။ ပြီးတော့ သူက သူ့အရှေ့မှာ လူတွေပိုမသတ်ဘူးလို့ ပြောလိမ့်မယ်လို့ သူတကယ်ထင်တာဖြစ်သည်။ ဒီလူကတော့ သူမျှော်လင့်ထားတာတွေရဲ့ ဆန့်ကျင်ဘက် ကိုပဲ အမြဲတမ်းဖြေမယ့်ဟန် ရှိသည်။
"အစ်ကို ပြောတာ သိပ်မမှန်ဘူးလို့တော့ ကျွန်တော် ခံစားရတာပဲ"
You XiaoMo ရုတ်တရက်ပြောလိုက်သည်။
"ဘယ်နားက မမှန်တာလဲ"
သူ့စကားကို အပြစ်ရှာလိမ့်မည်ဟု မထင်မှတ်ထားသလို စိတ်ဝင်စားစွာဖြင့် Ling Xiao၏ မျက်ခုံးတွေ ပင့်တက်သွားသည်။
You XiaoMo က စိတ်အားထက်သန်စွာနှင့် ချက်ချင်း ရှင်းပြလိုက်သည်။ "အစ်ကိုက အလေ့အကျင့် ဖြစ်လိမ့်မယ်လို့ ပြောတာလေ။ လူသတ်တာ ဘယ်လိုလုပ် အလေ့အကျင့် ဖြစ်မှာလဲ? ပြီးတော့ နောက်ကျရင် အစ်ကိုက တစ်ယောက်ယောက်ကို မသတ်ရရင် နေကောင်းတယ်လို့ မခံစားရတော့ဘူးလား? အစ်ကို့အသုံးအနှုန်း မှားနေတယ်လို့ ထင်တယ်။ အသားကျသွားလိမ့်မယ်လို့ပြောရမှာ "
Ling Xiao၏ နှုတ်ခမ်းစွန်းက မြင့်မြင့်လာသည်။ "ပြင်ပေးတာ လက်ခံတယ် ဒါဆို ကိုယ်တစ်ခါ ထပ်ပြောမယ်လေ မင်းရှေ့မှာ လူနည်းနည်းသတ်တဲ့အထိစောင့်ပေး မင်းအသားကျသွားလိမ့်မယ်လို့ ကိုယ် ယုံကြည်တယ်"
You XiaoMo က သူ့ရဲ့ တောက်ပြောင်တာတဲ့ အမူအယာကို ကြည့်နေသည်။ ထိုအမူအယာက သူ Ling Xiao ကို တောင်ပံပါငှက်ပေါ်မှာ လေအေးတွေကြားထဲမှာ တစ်ညလုံးထားပြီးတော့ လစ်လျူရှုထားပြီး နောက်တစ်နေ့မှာ ရှိတဲ့ သူရဲ့အမူအယာနဲ့ လုံးဝ တူညီနေသည်။ သူတော့ ခေါင်းကြောမာသည့်သူတစ်ယောက်ကို ပျိုးထောင်မိပြီဆိုသော ခံစားချက် ချက်ချင်းခံစားလိုက်ရသည်
" တကယ်တော့..............ကျွန်တော် ဘာမှ မပြောဘူးပဲ ထားလိုက်ပါတော့"
Ling Xiao က သူ့နှုတ်ခမ်းစွန်းလေးကိုမကောင်းဆိုးဝါးဆန်ဆန် ရက်လိုက်ပြီးတော့ "မဟုတ် မဟုတ်ဘူး မဟုတ်ဘူး မင်းပြောတာက ထိုက်သင့်တာပဲလို့ ကိုယ်လဲ ခံစားရတယ် ညီငယ်လေးကတော့ မင်းကတော့ ကိုယ့်ကို ပိုပိုပြီး မျှော်လင့်လာအောင် လုပ်နေတာပဲ!"
You XiaoMo မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ တကယ်တော့ မင်းလဲ မျှော်လင့်စရာ မလိုပါဘူး တကယ်ပါ။
ကမ္ဘာနှစ်ခုမှာ နေလာခဲ့သော လူတစ်ယောက်နေနဲ့ You XiaoMo အနေနဲ့ ပထမဆုံးအကြိမ် သူ့ကိုယ်သူ သဘောပေါက်နားလည် သွားတာဖြစ်ဖြစ်သည်။ ကြည့်ရတာ သူက တကယ့်ကို ..... ငတုံးတစ်ယောက်ထင်တယ်။
အဆုံးမှာတော့ Ling Xiao ကြောင့်အပုံကြီး စိတ်ရှုပ်သွားသော ငတုံးတစ်ယောက်က ကြယ်ခုနစ်ပွင့် မြက် ရှာရန် ထွက်သွားကြတော့သည်။
သူတို့ထွက်သွားပြီး နာရီဝက် ကြာသောအခါ တစ်ကိုယ်လုံး အနက်ရောင် ၀တ်ရုံများ ဖြင့် ပိတ်ကာထားသော တမူထူးခြားသော လူတစ်စုက ကျောက်တုံးစင်မြင့်ပေါ်တွင် ပေါ်လာသည်။ ထို တမူထူးခြားသော လူစုမှာ အရပ်အလွန်ရှည်ကာ ကြီးမားလှသသည်။ သူတို့က ခန့်မှန်းချေ ဆယ့်ငါးယောက်လောက် ရှိလိမ့်မည်။ သူတို့က အစုသုံးစုအနေနဲ့ အမြန်ခွဲကာ မတူညီသော ဦးတည်ရာ အရှေ့ အနောက် နှင့် တောင်ဘက် သုံးခုကို ဦးတည်ပြီးတော့ ကျောက်တုံးစင်မြင့်ကနေ ပျောက်ကွယ်သွားကြသည်။
Unicode
C-159 Will get used to it.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now