Chapter 152 Flower Thief ( Z & U)

9.4K 1.5K 27
                                    

C-152 Flower thief

အခန်း ၁၅၂ ပန်းသူခိုး
အဲဒိနေ့ပြီးတည်းက You XiaoMoရဲ့ စဉ်းစားပုံစဉ်းစားနည်းထဲမှာ သိသာထင်ရှားတဲ့ ပြောင်းလဲတဲ့တစ်ချက်တစ်ခု ရှိသည်။
အဲဒါကတော့ သူနဲ့ Ling Xiao ကြားက ဆက်ဆံရေးကို အလေးအနက်ထားပြီးတော့ ပထမဆုံးအကြိမ်တွေးခြင်းဖြစ်သည်။ ပထမတော့ သူက Ling Xiao၏ ဖုံးကွယ်ထားမှုကို မတော်အဆသွားပြီးလှစ်ဟမိတာ အဲဒိတော့ သူတို့ အတူအတကွ စီးနှောင်လိုက်သည်။ အဲဒိနောက်တော့ ဟိုဟာ ဒီဟာတွေကြောင့် သူနဲ့ Ling Xiao ကြားက ဆက်ဆံရေးက တစ်ယောက်က ခြိမ်းခြောက်ထားပြီး တစ်ယောက်က ခြိမ်းခြောက်ခံထားရသော အနေအထားသက်သက်ကြီး မရှိတော့ဘူး။
သူတို့ကို တွဲဖက်တွေလို့ ခေါ်ဖို့လျှင်လည်း သူတို့က သာမန်တွဲဖက်တွေနဲ့မတူ အဘယ့်ကြောင့်ဆိုသော် ဘယ်လိုတွဲဖက်မျိုးက အခြားတွဲဖက်ကို အဲ့လို ဒွိဟဖြစ်စေတဲ့အရာမျိုးတွေနဲ့ ထုတ်လွှတ်ဖို့ကူညီလို့သလဲ။ သူတို့နှစ်ဦးလုံးက ယောက်ျားများဖြစ်နေသေးသည်။
အခု ပြန်စဉ်းစားကြည့်လျှင် သူတကယ့်ကို ပုံမဖော်နိုင်သေး။ သူက Ling Xiao နှင့် ဘယ်လိုဆက်ဆံရေးရှိနေတာလဲ။ တွဲဖက်တွေထက်ပိုတဲ့ ဆက်ဆံရေးလား?
သူ့ညီလေးကို စုပ်ကိုင်တဲ့အချိန်မှာ Ling Xiao မျက်နှာပေါ်က ဥာဏ်များပြီး ကောက်ကျစ်ဟန်အပြုံးကို အမှတ်မထင်သွား တွေးမိသည်။ သူ့စိတ်ကူးထဲကနေတောင် အဲဒိမျက်နှာပေါ်ကို ချက်ချင်း သွေးတွေဖြန်းပစ်မိသည်။ နမိတ်ပုံကြီးက ထင်ရှားလွန်းသည်။ သူတည့်တည့်မတွေးနိုင်ခင် သူ့သွေးတွေဆုံးရှုံးသွားတာကို ပြန်ပြီးဖြည့်တင်းခွင့်ပေးပါ။
သူ့အတွေးတွေနဲ့တင် ခြောက်ရက် ခုနစ်ရက်လောက် You XiaoMo ညဘက် မအိပ်နိုင်ပေ။ သို့သော်လည်း အဲဒိနောက်ပိုင်း သူ မကြာခဏ မအိပ်ပဲနေ့တတ်သည်။
အဲည You XiaoMo ကုတင်ပေါ်မှာ ဟိုလှိမ့် ဒီလှိမ့်လုပ်နေသည်။ သူ အိပ်ချင်နေပေမယ့် သူ့စိတ်ကို တည်ငြိမ်အောင်လုပ်လို့ မရဘူးဖြစ်နေသည်။ သူ့ရဲ့တောက်ပတဲ့ မျက်လုံးမဲမဲလေး နှစ်လုံးက သူ့အိပ်ယာအပေါ်ပိုင်းကို ပြူးကျယ်ကာ ငေးမောနေသည်။ သူ့စိတ်တွေက တော့ အူတွေအထွေးလိုက်ထွေးနေသလို အကုန်လုံးရှုပ်ထွေးနေသည်။ Ling Xiao ဆိုသော စာလုံးနှစ်လုံးသာ သူ့စိတ်ထဲမှာ လင်းလက်ပြီး တဖိတ်ဖိတ်တောက်ပနေသည်။ အဲဒိ စာသားနှစ်လုံးကလွဲရင် ဘာမှကို မတွေးနိုင်တော့။
You XiaoMo ခြေထောက်တွေကို ချိတ်ကာ ဖြေဖ၀ါးတစ်ဖက်ကို လေထဲမှာမြှောက်ထားလိုက်သည်။ အကယ်လို့ သူ့မှာ မြက်တစ်ပင်သာရှိလျှင် ပါးစပ်မှာတောင် တွဲလောင်းချိတ်ကာ ကြွယ်ဝသောဒုတိယမျိုးဆက်အသွင်သဏ္ဍာန်လေးတောင် ဖန်တီးနိုင်သည်။ သူ့မှာ ကြွယ်ဝချမ်းသာသော ဒုတိယမျိုးဆက်လိုမျိုး ပိုင်ဆိုင်မှုမရှိတာ ဆိုးလှသည်။
သို့သော် You XiaoMo ကတော့ သူ့စိတ်ထဲမှာ ဆက်ဆံရေးမူကြမ်းတစ်ခုတော့ ဖြည်းဖြည်းချင်းဆွဲနေမိသေးသည်။
Ling Xiao နှင့် သူရဲ့ဆက်ဆံရေးက အစေခံနှင့် သခင်ကြားက ဆက်ဆံရေးလဲ ဖြစ်နိုင်သည်။ ဘာ့ကြောင့်လဲဆိုတော့ အစပိုင်းတုန်းက သူက Ling Xiao ၏ ထိန်းချုပ်မှုကို တကယ်ခံရတာဖြစ်သည်။
နောက်ပိုင်းမှာတော့ Ling Xiao သူ့လျှို့ဝှက်ချက်ရှာတွေ့သွားပြီးနောက်မှာ သူတို့ကြားက ဆက်ဆံရေးက တဖြည်းဖြည်း ပြောင်းလဲစပြုလာကာ သခင် နှင့်အစေခံဆက်ဆံရေးမျိုးမဟုတ်တော့။ Ling Xiao ကလည်း သူ့ကို အစေခံ ဒါမှမဟုတ် ကျွန်လို အဲလိုမျိုးတောင် မဆက်ဆံခဲ့ပဲ သူကအနားကို မကြာမဏ ပြေးလွှားလာလေ့ရှိသည်။ အဲဒိအချိန်တုန်းကတော့ သူ့အကျိုးစီးပွားအတွက်ပဲ သူလုပ်တာဆိုတဲ့ပုံတော့ ပေါက်နေပေယ့်လို့ သူ့အင်အားတွေ တိုးတက်လာအောင်တောင် ကူညီပေးကာ သူ့ ၀ိညာဉ်အားတိုးလာဖို့တောင် ဘယ်နားကမှန်းဘယ်သူမှ မသိတဲ့ဆီက အဂ္ဂရတ်ကျင့်စဉ်တစ်ခုတောင် ယူလာပေးသေးသည်။
နောက်တော့ သူတို့အတူ တောင်အောက်ဆင်းတိုင်း အမျိုးသားများ၏ မနက်ပိုင်းတက်ကြွမှု ရုပ်ပိုင်းဆိုင်ရာ သဘာဝဖြစ်စဉ် ကြောင့် သူတို့ တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်ဖြစ်လာသည်။
အဲဒိအချိန်မှာတော့ သူ့နှလုံးသားလေးက အလွန်ငြင်းဆန်ပေမယ့်……
ဒီအထိတွေးကြည့်တော့ You XiaoMo တစ်ဝက်တစ်ပျက် မပြစ်ရှိသလိုဖြစ်နေတာကို ရုတ်တရက် ထရယ်ပလိုက်သည်။ ကြည့်ရတာ အစပိုင်းတုန်းကပဲ သူဆန့်ကျင့်ခဲ့တယ်ထင်တယ် အခုတော့ စိတ်ပါတာ တစ်ဝက် စိတ်မပါတာ တစ်ဝက်ဖြစ်နေပုံရသည်။
ကောင်းပြီးလေ သူကျရှုံးသွားတယ်ဆိုတာ ၀န်ခံတယ် ။
နှစ်ဦးသဘောတူ တစ်ယောက်နှင့်တစ်ယောက်ကူညီတဲ့ ဒီကိစ္စက တကယ်တော့ အတော်ခံစားလို့ကောင်းသည်။ Ling Xiao က သူ့ကို အချိန်တိုင်း သင်ပြနေရတာပဲ။ အခုတော့ ယောက်ျားလေးနှစ်ယောက်ကြားက ဒီလိုအရာမျိုးလုပ်တာကို သူအတိုက်အခံမလုပ်တော့ပါဘူး။
တကယ်တော့ သူက ငတုံးမှ မဟုတ်တာ။ အချို့ကိစ္စတွေကို သူရှင်းရှင်းလင်းလင်းသိပါသည်။ သူရဲ့ပင်ကိုစရိုက်ကိုက ဒီလိုပဲဖြစ်နေတာဖြစ်သည်။ သူအရာတစ်ခုခုကို ကျော်ဖြတ်ဖို့ စိတ်အနှောက်အယှက်ဖြစ်တိုင်း မစဉ်းစားပဲ ဘေးဖယ်တားတာမျိုး လစ်လျူရှုလိုက်တာမျိုးလုပ်တတ်သည်။ အဲဒိအပြုအမူက သူ့အရင်ဘ၀က သူ့မိသားစုတောင် သီးခြားပျောက်သွားအောင် မလုပ်နိုင်။ သို့သော် သူက အဲဒါကို မှားနေတယ်လို့လဲမထင်ပေ။ အခြေအနေပေးမှာ လိုက်ပြီးအလိုက်အထိုက်ရှိရတာကို သူကြိုက်သည်။ သူက ငြိမ်းချမ်းအေးဆေးသောဘ၀ နေရထိုင်ရတာကို ကြိုက်သည်။ သူက အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ သေဖို့စောင့်နေရတာကို သဘောကျသည်။ (T/N အာ့ကြောင့် ကလေးက ရန်သူများတာထင်တယ်)
အကယ်လို့ မမျှတသောကိစ္စများဖြစ်ပေါ်တိုင်း တရားမျှတာမှု သူရှာမယ်ဆိုလျှင် ဒီဘ၀ဆုံးသည်အထိ ခံစားခြင်းမှာ ပိတ်မိနေလိမ့်မည်ဟု ခံစားရသည်။ ဒီတော့ ကိုယ့်ကိုကိုယ် ညင်းပန်းနှိပ်စက်နေမယ့်အစား အနည်းငယ်လေး သက်တောင့် သက်သာရှိနေတာ ပိုမကောင်းဘူးလား။ အခြားသူတွေ သွားသေနေချိန်မှာ သူကတော့ ဒီအတိုင်းပဲသွားမှာဖြစ်သည်။
ဒီတော့ သူ့ဘ၀ရဲ့ရည်ရွယ်ချက်က ဘ၀ကို တန်ဖိုးကာ အသက်ရှင်နေခြင်းကို ချစ်မြတ်နိုးပြီး ဦးနှောက်မရှိတဲ့သူများရဲ့ အဝေးမှာ နေဖို့ဖြစ်သည်။
သို့သော် အဲဒါတွေက ပြီးခဲ့တဲ့ဘ၀က နိယာမများဖြစ်သည်။ ဒီဘ၀မှာတော့ သူက အပိုဒ်ငယ်လေးတစ်ချက်တောင် ထပ်ထည့်လိုက်သေးသည်။ အဲဒါကတော့ ဘ၀ကို ချစ်ဖို့ အသက်ရှင်နေရခြင်းကို ချစ်မြတ်နိုးဖို့ ရွှေပြားတွေကို ချစ်ဖို့နှင့် ဦးနှောက်မရှိသောသူများနှင့် ဝေးဝေးမှာ နေဖို့ဖြစ်သည်။
အဲဒိအပေါ်က အချက်ကတော့ သူဒီဘ၀အတွက် အဆုံးစွန်ဆုံး နားလည်သဘောပေါက်ခြင်းဖြစ်သည်။
သို့သော်ဒီနေ့နောက်ပိုင်းမှာတော့ သူက ရုတ်တရက်ကြီး အရမ်းမသေချာတော့ဘူးဖြစ်နေသေည်။ သူ့ရင်ထဲမှာ တုန့်ဆိုင်းနေအပြီးမှာတော့ သူ့ရဲ့ဘ၀နေရင်း အခြေခံသဘောတရားမှာ နောက်ထပ်အပိုဒ်ငယ်လေး တစ်ခုတောင် ထပ်ထည့်ချင်သည် အဲဒါကတော့ Ling Xiao၏ပေါင်ကို ကြမ်းကြမ်းတမ်းတမ်းဖက်တွယ်ထားရန်ဖြစ်သည်။
ဒီလိုခပ်ကြမ်းကြမ်းတွေးတွေ ရှိနေတုန်း သူ့မျက်လုံးထဲမှာ Ling Xiao၏ မုန်းစရာကောင်းအောင်ပြုံးနေသော မျက်နှာကြီးပေါ်လာသည်။ အတုအယောင်မှန်း သိသာနေတာပဲ။ သူတစ်ယောက်တည်းကပဲ ဘာ့ကြောင့်မြင်နေရတာလဲ? သူအမြဲစူးစမ်းမိသည်။ သူ့ဥာဏ်ရည်အရမ်းမြင့်နေလို့လားမသိဘူး?
အဲဒိအချိန်မှာပဲ You XiaoMo အနံဖျော့ဖျော့လေးတစ်ခုရလိုက်သည်………
အမှောင်ထုအလယ်မှာ You XiaoMo ၏ လင်းလက်တောက်ပနေသော မျက်လုံးနှစ်လုံးက ညဘက်ကောင်းကင်မှာ အတောက်ပဆုံး ကြယ်နှစ်လုံးတောက်ပနေတာနှင့် တူသည်။ အဲဒိသွင်ပြင် က အလျှင်အမြန်ပျောက်ကွယ်သွားကာ မျက်လုံးနှစ်လုံးက အာရုံမရှိတော့သလိုမျိုး ၀ိညာဉ်ကင်းမဲ့ကာ ဟောင်းလောင်းဖြစ်သွားသည်။
ကာလတစ်ခုအပြီးမှာတော့ တင်းတင်းကြပ်ကြပ်ပိတ်ထားသော တံခါးက ဘယ်လိုကြောင့်မှန်းမသိ ကျွီအခနဲ အသံတိုးတိုးလေး စတင်မြည်ကာသည်။ လရောင်က ကွဲဟသွားသော တံခါးကကနေ တိတ်ဆိတ်နေသော အခန်းထဲကို တိုးဝင်သွားကာ အခန်းကြမ်းပြင်ပေါ်ကို တောက်ပစွာ ဖြာကျသွားသည်။ အနက်ရောင်သဏ္ဍာန်တစ်ခုက အထဲကို တိတ်တဆိတ်လှမ်းဝင်သွားသည်။
အနက်ရောင်သဏ္ဍာန်က ဘာအသံမှ မထွက်စေပဲ လျှောက်လှမ်းသွားကာ ကန့်ထားသောအကန့်လေးထဲ ၀င်ရောက်သွားသည်။ လျင်မြန်စွာပဲ အိပ်ယာပေါ်မှာ အိပ်နေသလိုမျိုး မလှုပ်မယှက်လှဲလျောင်းနေသော You XiaoMo ကို သူမြင်လိုက်သည်။ အနက်ရောင် သဏ္ဍာန်က သူ့ကို အာရုံမစိုက်ပဲ အခန်းထဲမှာ တစ်ခုခု ရှာနေသလိုမျိုး အခန်းထောင့်များကိုပါ လိုက်စစ်နေသည်။ သို့သော် သူလိုချင်တာကို မတွေ့ပုံပေါ်ကာ You XiaoMo လဲလျောင်းနေသော အိပ်ယာပေါ်ကို အာရုံရောက်သွားသည်။
အနက်ရောင်သဏ္ဍာန်က You XiaoMo ခါးက မှော်အိတ်ကို အကြည့်ရောက်တော့  အလွန်လျင်မြန်စွာ သက်တောင့်သက်သာဖြစ်သွားသည်။ သူ့ဘာသာသူတောင် သဘောမပေါက်သေးခင်မှာ သူကခါးက မှော်အိတ်ကို လွယ်လွယ်လေး ဖြုတ်ယူလိုက်သည်။
မှော်အိတ်ထဲမှာ ဘာရှိနေသလဲဆိုတာ ကို စစ်ဆေးဖို့ လုပ်နေချိန်မှာပဲ လေကိုဖြတ်ပြီးတော့ တစ်ခုခုလာနေတဲ့အသံကြားလိုသည်။ အလျင်က အလွန်မြန်လှသည်။ချက်ချင်းကို အနက်ရောင်သဏ္ဍန်၏ ညာလက်ကပြတင်းပေါက်ကို ဖြတ်သန်းသွားသည်။
အနက်ရောင် သဏ္ဍာန်က ထိတ်လန့်သွားသည်။ သူတုန့်ပြန်ာ အရမ်းနှေးသွားတာကြောင့် မှော်အိတ်ကို ကိုင်ထားတဲ့ ဘယ်ဖက်လက်က ကျောက်တုံးတစ်ခုနှင့် ထိကာ ထုံသွားပြီး မှော်အိတ်က ကြမ်းပေါ်ကျသွားသည်။
အရိပ်ထဲမှာ ပုန်းနေသော လူကသူကို လိုက်ဖို့အစီအစဉ်ရှိပုံမရပဲ ဒီအတိုင်းသာ ထွက်ပြေးခွင့် ပြုလိုက်သည်။
အသက်အနည်းငယ်ရှုချိန်လေးအပြီးမှာ ပွင့်နေသည့် တံခါးမှ အဖြူရောင်သဏ္ဍာန်တစ်ခုအခန်းထဲကို လှမ်းဝင်လာခဲ့သည်။ တိတ်တဆိတ် အခန်းတံခါးပြန်ပိတ်လိုက်သည်။ သူလျှောက်ဝင်သွားသော အိပ်ယာပေါ်မှာ အန္တရယ်ကင်းကင်း သက်တောင့်သက်သာနှင့် လှဲလျောင်းနေသော You XiaoMo ကိုတွေ့လိုက်သည်။ သူကမျက်လုံးတွေက ပွင့်နေတုန်းဖြစ်ပေမယ့် အာရုံစူးစိုက်မှုတော့မရှိပေ။
အဖြူရောင်သဏ္ဍာန်က အိပ်ရာဘေးမှာ ထိုင်ချလိုက်သည်။ သူ့ရဲ့ရှည်လျားသွယ်လျလှတဲ့လက်ချောင်းလေးတွေက သူ့မျက်နှာပေါ် ညင်ညင်သာသာလေး ပွတ်သပ်လိုက်သည်။ ဘာမှ မမှားယွင်းနေတာတွေ့မှ မမြင်နိုင်တဲ့ သက်ပြင်းတစ်ချက်ကို လွှတ်ချနိုင်သည်။ သူ့မြင်ကွင်းက ကြမ်းပြင်မှာ ကျနေတဲ့ မှော်အိတ်ကို ရောက်သွားသည်။ ကိုယ်ကို ကွေးကာ ကောက်ယူပေမယ့် မှော်အိတ်ထဲမှာ ဘာရှိလဲဆိုတာ မစစ်ပေ။ You XiaoMo၏ ခါးကိုပြန်ချည်ပေးလိုက်သည်။
'ငတုံးလေး ဒီလောက် သတိထားနေတဲ့ကြားက မင်းကို ပစ်မှတ်ထားနေတုန်းပဲ။ ကြည့်ရတာ မြေကမ္ဘာတောင်ထွတ်ကလည်း လုံခြုံတဲ့နေရာ မဟုတ်တော့ဘူးထင်တယ်´
အဖြူရောင်သဏ္ဍာန်က သူ့ဘာသာသူပြောနေသလို နှုတ်ခမ်းတွေက အနည်းငယ်ဟသွားသည်။ မည်သို့ပင်ဆိုစေကာမူ မျက်လုံးတွေ မှိတ်သွားပြီးဖြစ်တဲ့ ကလေးဆန်တဲ့ မျက်နှာပိုင်ရှင်You XiaoMo ကိုပဲ ငေးနေသည်။You XiaoMo၏အခန်းနား မှာ ချထားသော အကာအကွယ်ကို ညကြီးမင်းကြီး တစ်ယောက်ယောက်က ထိလိုက်တာကို သူသာ အာရုံမခံမိလျှင် သူဒီနားကို ဒီလောက်မြန်မြန်ရောက်လာမှာ မဟုတ်ပေ။
You XiaoMoအခန်း ကို အကာအကွယ်နှင့် လွှမ်းခြုံနိုင်သူမှာ Ling Xiaoတစ်ဦးသာ ရှိသည်။ ကံကောင်းစွာနဲ့ ထိုလူက You XiaoMoကို ထိခိုက်နာကျင်စေလိုခြင်းမရှိပေ။ သို့သော် သူ့ရဲ့မှော်အိတ်ကို ယူရန်အတွက်က You XiaoMoကိုယ်ပေါ်မှ အချို့လျှို့ဝှက်ချက်များ ပေါ်သွားပြီဆိုတာ အလွယ်တကူ သိနိုင်သည်။
သို့သော် Ling Xiao က You XioaMo၏စရိုက်ကို အသေအချာ နားလည်သည်။ သူက အရမ်းတုံးသော်လည်း သူ့အပိုင်ပစ္စည်းတွေကို အခြားလူတွေ ပေးသိလို့မရတာ သူသိသည်။ ဒီတော့ အဆိုပဲ အမဲရောင်သဏ္ဍာန်နှင့် တစ်ယောက် ဘယ်လိုသိသွားတာလဲ?
Ling Xiao က You XiaoMo နှင့် နေ့တိုင်းအတူမရှိနိုင်တာ ဆိုးသည်။ ဒီတော့ သူရဲ့မိုးလောက်မြင့်မားနေတဲ့ အသိဥာဏ်အမျှော်အမြင်နှင့်တောင် ထိုလူ ဘယ်လိုသိသွားသလဲဆိုတာ သူမသိပေ။ ဒီလိုအရာတွေ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် Ling Xiao ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
နောက်တစ်နေ့ You XiaoMo မျက်စိဖွင့်လိုက်တော့ စူးရှတောက်ပသော အလင်းတန်းများအောက်မှာ မျက်စိတွေ ကျိန်းနေသည်။
သူ့မျက်လုံးထဲကို ၀င်လာသည်က သူ့အိပ်ယာအပေါ်ပိုင်းမဟုတ်။ လူတစ်ယောက်၏ တောင့် တင်းကျယ်ပြန့်သော ရင်ဘတ်သာဖြစ်သည်။ ဒုတ် ဒုတ် ဒုတ် နှင့် သန်မာ အားကောင်း သော နှလုံးခုန်သံလည်း ထုတ်လွှင့်နေသည်။ သူ့ခေါင်းလေး ထောင်ကြည့်တော့ သူ့အိမ်မက်ထဲမှာတောင် အိမ်မက်မက်နေသေးသည့် ရင်းနှီးကျွမ်းဝင် နေသည့်မျက်နှာကြီး……………..
You XiaoMo ကြောင်နေသည်။ သူက ဒီမနက်အစောပိုင်းက အိမ်မက်ကြောင့်လို့ထင်လိုက်သည်။ သူ မျက်စိပြန်မှိတ်လိုက်တော့လည်း သူကဘေးက စည်းချက်ဝါးချက်ကျကျ နှင့်အဆုံးမရှိခုန်နေသော နှလုံးခုန်သံကို ကြားနေသေးသည်။ တစ်စုံတစ်ယောက်က တော့ အိပ်ယာက နိုးတာသေချာပါတယ်။ သူ့ပထမဆုံးတုန့်ပြန်မှုက အနောက်ကို ကတိုက်ကရိုက်ပြန်ဆုတ်လိုက်တာဖြစ်သည်။ သူ့အိပ်ယာက အဲသလောက်မကြီးတာကို မေ့သွားတော့ မြေပေါ်ကို ခြေကားယားလက်ကားယားပြုတ်ကျသွားသည်။ သူရဲ့ ထိတ်လန့်ပြူးကျယ်နေတဲ့ မျက်လုံးတွေမှာ Ling Xiao၏ တောက်တောက်ပပအပြုံးလေးက ထင်ဟပ်နေသည်။
စက္ကန့်အနည်းငယ်အကြာ မှာတော့ Ling Xiao အပေါ်မှာ You XiaoMo ကားယားကြီးဖြစ်နေကာ အသက်ရှူသံတွေ ပြန်ထိန်းနေရသည်။
သူ့တကယ့်ကို ရင်သပ်ရှုမောဖြစ်နေတာပင်။ သူမနေ့ကညကမှာ ထိုလူ့အကြောင်းစဉ်းစားနေခဲ့သည်။ ပြီးတော့ ဒီမနက်ကျတော့ နိုးတာနဲ့မြင်လိုက်ရသည်။ နေ့ခင်းဘက်ကြီး သရဲတွေ့လိုက်ရသလိုပဲ။ သို့သော် သူဘယ်တုန်းက သူ့အိပ်ယာပေါ်တက်လာတာလဲ? သူက ဘာ့လို့ဘာမှ ပြန်သတိမရတာလဲ?
စိတ်ငြိမ်အောင် ပြန်လုပ်ပြီးတော့မှ သူ့ရင်ထဲမှာ သံသယပေါင်းစုံ စပေါ်လာတော့သည်။
ပြီးခဲ့တဲ့ညက သူတစ်ခုခုကို တွေးနေတာ သေချာသည် သေချာပါတယ်။ သို့သော် သူရုတ်တရက်ကြီး အိပ်ပျော်သွားပုံ ရသလားလို့?
'ဘယ်လိုလုပ် အိပ်ယာပေါ်ရောက်နေတာလဲ?´
You Xiao ခေါင်းထောင်ပြီးတော့ Ling Xiao ဒေါသတကြီးကြည့်လိုက်သည်။ သူ့ဦးနှောက်က တိတ်ခွေနဲ့တူနေသည်လို့ထဲ ခံစားရသည်။ သွားနေတုန်းမှာ ဖြုန်းဆို ရပ်သွားတာ။ အဲဒိနောက်က ဖြစ်ပျက်ခဲ့သမျှက သူ့မှတ်ဥာဏ်ထဲက အလုံးစုံ ပျက်သွားသည်။
'မင်း  မမှတ်မိဘူးလား?´
Ling Xiaoပုံက ရုတ်တရက် နာကျင်သွားပုံပေါ်သည်။
You XiaoMo နှုတ်ခမ်းက ဆတ်ခနဲ ပြင်းပြင်းထန်ထန်တွန့်လိမ်သွားသည်။ အာ….အဲဒါဘယ်လိုတိုးတက်လာမှုကြီးလဲ? ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တစ်ခန်းထဲမျှသုံးပြီး နောက်တစ်နေ့မှာ အနှီမိန်းမက သူကို တာဝန်ယူဖို့ ပြောသလိုခံစားနေရတာလဲ?
ဒါပေမယ့် ….. သူ့အားအောက်ပိုင်းကလဲ ဘာမှမခံစားရပါဘူး။ ရလဒ်က………………..
'ဟား..ဟား..!!´
Ling Xiao ခေါင်းကို နောက်လှန်ပြီးတော့ကို အော်ဟစ်ရယ်မောနေကာ သူ့ရင်ဘတ်ကလဲ အဆုံးမရှိ ခါရမ်းနေသည်။ အချိန်အတန်ကြာတော့ သူ့ခေါင်းကို ဖက်ပြီး အကြိမ်အနည်းငယ် ခါရမ်းပြီးမှ 'ညီငယ်လေး မင်းတုန့်ပြန်မှုကလဲ ဘယ်လိုတောင် ချစ်ဖို့ကောင်းရတာလဲ အီး..´
You XiaoMo  '………..´
သူရယ်တာရပ်တာကို စောင့်ပြီးမှ You XiaoMo ကမျက်နှာတည်တည်နှင့် မေးတော့သည်။ 'ဘယ်လိုလို အိပ်ယာပေါ်ရောက်လာတာလဲ မပြောရသေးဘူးနော်´
မုန်းစရာကောင်းတဲ့သူကြီး။ သူ့ကိုများ တကယ်ကြီး ဟားတိုက်တယ်။ ညက သူ့ပေါ်မှာ ထားမိတဲ့ သူ့အတွက်ကောင်းမွန်တဲ့ ခံစားချက်တွေဆိုတာ အထင်မှားအမြင်မှားတွေပဲဆိုတာ သေချာ လုံလောက်သည်။
Ling Xiao က ရုတ်တရက်ကြီး ရယ်တာရပ်ကာ သူကို ခပ်တည်တည်ကြည့်ပြီး 'ညီလေး မင်းသိလား မနေ့ကညကလေ မင်းကို ပန်းသူခိုး(မုဒိန်းကောင်)က ပန်းဆွတ်သွားတော့မလို့´
You XiaoMoသူ့ကို ပါးစပ်အဟောင်းသားနဲ့ကြည့်ပြီး ပါးစပ်ပြန်ပိတ်သွားသည် '……….´
Unicode
C-152 Flower thief

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now