Chapter 180 Palace Statue ( Z & U)

8.8K 1.4K 125
                                    

C- 180 Palace Statue.

အခန်း ၁၈၀ နန်းတော်မှ ရုပ်တု

သူတို့ နန်းတော်ထဲကို ၀င်သည့် အချိန်လေးတွင်ပဲ TianXinဂိုဏ်းနှင့် အခြားသော အဖွဲ့များက ခက်ခဲမှုအပေါင်း တစ်သာင်းနှင့် အတွေ့အကြုံပေါင်း တစ်ထောင်ကို ရရှိပြီး သကာလ အဆုံးတွင် မရဏတောင်ကြားကနေ ဖောက်ထွက်လာနိုင်ကြသည်။

မှော်ဝင်သားရဲတောင်ထွတ်ကို တက်လှမ်းရန်အတွက် လမ်းတစ်လမ်းသာ ရှိသည်ဖြစ်သောကြောင့် ဂိုဏ်းအချို့မှာ တစ်ခုနှင့် တစ်ခု တွေ့ဆုံခြင်းကို ရှောင်လွဲလို့ မရပေ။ ကံကောင်းစွာနှင့် လူတိုင်း၏ ပန်းတိုင်မှာ တောင်ထွတ်ရှိ နန်းတော်သာ ဖြစ်သည်။ ထို့ကြောင့် သွေးထွက်သံယို ကိစ္စများ မရှိပေ။ လူတိုင်းက တုံ့ပြန်မှု အနည်းငယ်နှင့်သာ ကိုယ့်လမ်းကို သွားနေကြသည်ဟု ထင်ရသည်။

သူတို့တွေ လာသည့်အချိန်တုန်းက TianXinဂိုဏ်းက လူ လေးဆယ်ကနေ ငါးဆယ်အထိ အတူတကွ လာကြတာ ဖြစ်သည်။ သို့သော် အခုချိန်တွင် အကြီးအကဲအချို့ အပါအ၀င် ဂိုဏ်သားများ ပေါင်းလျှင် အယောက်သုံးဆယ်တောင် မပြည့်ချင်တော့ပေ။ သူတို့ထဲက အချို့က အလွန်ပြင်းထန်သော ဒဏ်ရာများကိုတောင် ထိန်းထားရသေးသည်။ အခြားသူများအား ၀န်ထုတ်ဝန်ပိုး မဖြစ်စေရန်အတွက် ဒဏ်ရာ အကြီးကြီး ရရှိထားသူများက အခြားသူများနှင့်အတူ တောင်ပေါ်သို့ မတက်ကြပေ။ ထို့ကြောင့် တောင်ပေါ်သို့ တက်သော သူများမှာ အခုချိန်တွင် အယောက် နှစ်ဆယ်လောက်သာ ရှိသည်။

TianXinဂိုဏ်းကတောင် ဒီလိုဖြစ်နေမှတော့ အခြားသော အဖွဲ့များကလည်း အပိုတော့ဖြင့် ရှိမနေနိုင်ပေ။

သူတို့ထဲတွင် လူပျောက်အများဆုံးမှာ Xing Luo အဖွဲ့က ဖြစ်သည်။ သူတို့က အရေအတွက် နည်းပြီးသာ ဖြစ်သည်။ Ling Xiao က သူတို့ထဲက ဆယ်ယောက်နီးပါး သတ်လိုက်သည့်နောက် သူတို့အရေအတွက်က ချက်ချင်းကို တစ်ဝက်လောက် ကျသွားသည်။ သို့သော်လည်း Qing Cheng ဂိုဏ်းသည်လည်းပဲ ဂိုဏ်သားအတော်များများ ပျောက်ထားသည်။ ပြီးတော့ သူတို့ထဲက ထင်ပေါ်ကျော်ဇောလှသော အဖွဲ့ဝင်တစ်ယောက် ဖြစ်သော Ye Dan လဲ သေသွားသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now