Chapter 190 Part 1 ( Z & U )

13K 1.3K 17
                                    

Chapter 190 Part 1 – Death Prison

အခန်း ၁၉၀ အပိုင်း၁ မရဏထောင်

ထိုနေ့မှစကာ You XioaMo မှော်ဆေးပင်မှအစေ့များ ကောက်ရန်အတွက် စိုးရိမ်စရာ မလိုတော့ပေ။ သူ့၏ ကိုယ့်ကိုကိုယ် အနာတရဖြစ်စေခြင်း နည်းပရိယာယ်ကြောင့် SheQiu က အခြား မှော်ဝင်သားရဲလေးကောင်ကို ဦးဆောင်ကာ မှော်ဆေးပင်စိုက်ခင်းများမှ ကြွေကျသော အစေ့များကို ကောက်ယူပေးကြသည်။ ထပ်ပြီးတော့ သူတို့တွေကတောင် ပင်များကို မှော်ရေများ လောင်းပေးရန်ပါ စတင် ကူညီနေကြသည်။

You XioaMo က သူ့တွင် ရှိသော မှော်ဆေးပင်အမျိုးအစားအကုန်လုံးကို ချရေးလိုက်ကာ အဲဒါတွေကို ဘယ်အချိန်လောက် ရေလောင်းသင့်သည်ဆိုတာနှင့် သူတို့ဘယ်အချိန်တွင့် ရင့်မှည့်မည်ဆိုတာကို ပါ ဘုတ်ပြားလေးပေါ်တွင် ကပ်ထားလိုက်သည်။ သူတို့နားမလည်သည့်တစ်စုံတစ်ရာများ ရှိသော် အဲဒိနေရာတွင် ကြည့်ယုံသာ ဖြစ်ကာ သူ့ကို ရှာရန် မလိုတော့ပေ။ သူ ပြီးဆုံးသွားတော့ သူ့ဘာသာသူတောင် အရမ်းတော်ပါလားဟု ခံစားလိုက်ရသည်။

SheQiu၏ ဦးဆောင်မှုအောက်တွင် PiQiuကလွဲလျှင် ကျန်သုံးကောင်မှာ သူတို့အလှည့်ဖြားခံရသည်ဟု ခံစားနေရသည်။

သူတို့တွေ အစေ့တွေကောက်ဖို့ ကူညီပြီးကတည်းက You XioaMo က သူတို့ကို ဒီအလုပ်ကို လက်လွှဲလိုက်သည်။ အဆိုပါ အလုပ်များမှာ မူလက သူ့အလုပ်များ သာဖြစ်ပြီး အခုတော့သူတို့ အလုပ်တွေ ဖြစ်ကုန်သည်။ 

သူတို့အလိမ်ခံလိုက်ရမှန်း သိကြသော်လည်း သူတို့က ပြီးဆုံးအောင်တော့ လုပ်ကြသည်။ မဟုတ်လျှင် You XioaMo မပျော်မရွှင်ဖြစ်သွားပါက ဒီနယ်မြေထဲတွင် နေထိုင်သော သူများအတွက် မိုးကြိုးများက စောင့်ကြိုနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာတင် သူတို့ TianXinဂိုဏ်းကို ပြန်ရောက်တာ လတစ်ဝက်ရှိသွားသည်။ လေပြေညှင်းများသာ တိုက်ခတ်နေသည်ဟု ထင်ရသော်လည်း Tian Xin ဂိုဏ်းပဲ ဖြစ်ဖြစ် အခြားသော ဂိုဏ်းများပဲ ဖြစ်ဖြစ် သူတို့၏ ဆက်ဆံမှုများက အတိုင်းအတာတစ်ခုထိ ရောက်နေမှန်း လူတိုင်း ခံစားသိရှိနိုင်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now