Chapter 189 The Ruse of Self-injury (Z & Y)

8.4K 1.5K 45
                                    

Chapter 189 - The Ruse of Self-injury

အခန်း ၁၈၉ ကိုယ့်ကိုကိုယ် အနာတရ ဖြစ်စေခြင်း ပရိယာယ်

You XioaMo အကြိမ်ပေါင်းများစွာ ပြန်ပြန်ပြောပြပြီးနောက်မှ Zhao Da Zhou က အဆုံးတွင် သူ့ကို ယုံကြည်သွားသည်။

Zhao DaZhou က အတောင်ခြောက်ခုအံ့ဖွယ်ကျား ကို ကိုင်ထားရင်းနှင့် တဟီးဟီးနှင့် ရယ်မောနေတော့သည်။ သူ မှော်ဝင်သားရဲတစ်ကောင်ကို ပိုင်ဆိုင်ရဖို့က နှစ်ရာအနည်းငယ်လောက်တော့ ယူပြီးမှ ရလိမ့်မည်ဟု သူ အမြဲထင်ခဲ့သည်။

ဒီလို အခွင့်အရေးမျိုး ရရန်အတွက် သူက အဆင့်ခြောက် ဒါမှမဟုတ် အဆင့်ခုနစ်မှော်ဆရာ ဖြစ်လောက်မှသာ သူ့အဖေက သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးလိမ့်မည် အဲဒိနောက်ကျမှသာ သူ က သူရဲ့အဖော် ဂိုဏ်းသားတွေနှင့် Tian Xin ဂိုဏ်းကနေ လေ့လာရေးခရီးတစ်ခု ထွက်နိုင်ပေလိမ့်မည်။ အဲဒိနောက်မှ သူက သူ့ရဲ့ ပထမဆုံးမှော်ဝင်သားရဲ နှင့် ဆက်နွယ်မှုတစ်ခုကို လုပ်နိုင်လိမ့်မည် ဖြစ်သည် ဒီတော့ အခုလိုမျိုး သူ့ရဲ့ သတ္တမမြောက် ဆရာတူညီလေးက ဒီမှော်ဝင်သားရဲကို ပေးလိမ့်မည်ဟု လုံးဝလုံးဝကို မမျှော်လင့်ထားခဲ့ပေ။

သူ အချိန်အတော်ကြာ ပျော်ရွှင် ရယ်မောပြီးမှ Zhao DaZhou က ရုတ်တရတ် မေးခွန်းတစ်ခုကို သွားတွေးမိသည်။ သူက သူ့လက်နှစ်ဖက်လုံးကို အတောင်ခြောက်ခုအံ့ဖွယ်ကျားပေါက်လေး၏ လက်များအောက်ကို ထားကာ အမြူတေလုံးကို ကြည့်ကာ မေးလိုက်သည် "သတ္တမညီလေး ဒီ မှော်ဝင်သားရဲလေးက ဘာအမျိုးအစားလဲ ဒါက အဆင့်နိမ့်လား အလယ်အလတ်အဆင့်လား"

You XioaMo က တုန့်ဆိုင်းမနေပဲ "အဆင့်မြင့် မှော်ဝင်သားရဲတစ်ကောင် မဖြစ်နိုင်ဘူးလား" သူက အဆင့်နိမ့်လို့တောင် ပြောသေးတယ် သူ့ပုံစံက သူ့ရဲ့ စီနီယာအစ်ကိုတစ်ယောက် သဘောကျအောင်လို့အဆင့်နိမ့် မှော်ဝင်သားရဲတစ်ကောင် သုံးမယ့်ပုံပေါက်နေလို့လား?

Zhao DaZhouက သူ့ကို ရယ်ကာ သူ့စကားတွေကိုလဲ မယုံကြည့်ဘဲ "မင်းက ကိုယ်ခန္တာကလဲ သေးတယ် ဘယ်လိုလုပ် အဆင့်မြင့် မှော်ဝင်သားရဲတစ်ကောင်ကို အလွယ်တကူ ဖမ်းနိုင်မှာလဲ ငါဘာမှ မသိဘူးလို့မထင်နဲ့နော် ဒီမှော်ဝင်သားရဲအကောင်လေးက သိပ်မကြာခင်လေးမှ မွေးလာတာ သူ့မိဘတွေလဲ သူ့အနားမှာ သေချာပေါက် ရှိလိမ့်မယ်"

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now