Chapter 67

13.4K 2K 144
                                    

Chapter 67- As Long As You Help Me

You XiaoMoက ယောက်ျားတစ်ယောက်နှင့် တစ်ခါမှ ဒီလို နီးနီးကပ်ကပ် ထိတွေ့မှုမရှိခဲ့ ဖူးပေ။ ဒါပေမယ့်လည်း သူနဲနဲလောက် လှုပ်လိုက်သည်နှင့် အဆိုပါ အရာက ပိုပြီးတော့ ကြီးမားလာပြီး သူ့ရဲ့ပေါင်ကို ထောက်နေလေသည်။ ပိုပြီး ပူလာရုံမက ပိုပြီးမာလာ တာ ကိုတောင် သူခံစားနေရသည်။

သူ့ခါးတစ်ဝိုက်က Ling Xiao ၏ လက်တွေဟာ ပိုလို့တောင် တင်းကြပ် လာသည်။ သူ့ခါးကို ဖက်ထားတာ နှစ်ပိုင်းတောင် ပြတ်တော့မည်။ You XiaoMo လဲ သူ့မျက်နှာ တစ်ခုလုံး နီလာတဲ့အထိ တောင့်ခံ ထားရတော့သည်။ သူ တကယ်ပဲ မခံနိုင်တော့ပေ။ သူသာ ထပ်ပြီး တိတ်တိတ်နေမယ် ဆိုလျှင် တကယ်ပဲ နှစ်ပိုင်း ပြတ်သွားလိမ့်မည်။

"အစ်ကိုကြီးLing၊ကျွန်တော့် ကို အရင်လွှတ်ပေးလို့ရမလား ကျွန်တော်....ကျွန်တော် အသက်ရှူလို့ မရတော့ဘူး"

Ling Xiao က သူ့ကို တစ်ခါ ထပ် စိုက်ကြည့် နေပြန်သည်။ သူဘာမှမပြောပေမယ့်လည်း သူ့ကို တင်းကြပ်နေအောင် ကိုင်ထားတာကိုတော့ ဖြေလျော့ပေးလိုက်သည်။

You XiaoMo လဲခုမှပင် သက်ပြင်းချနိုင် တော့သည်။သူသေတဲ့ထိ ဖိချေခံ ရတော့မလို့ ။ သူ Ling Xiao ကို ခိုးကြည့်လိုက်ပြီး အထစ်အထစ်နှင့် ပြောလိုက်သည် "အကိုကြီးLing မစောတော့ဘူး ဆိုတော့ ကျွန်တော်တို့ ...... အိပ်ယာ ထသင့်ပြီလို့ ထင်တယ်နော် နောက်ပြီး အစ်ကိုလည်း ဒီနေ့ ပြိုင်ရဦးမယ်လေ!"

Ling Xiao က ပြန်မဖြေ သူ့မျက်လုံးထဲက အမူအရာကတော့ ထူးထူးခြားခြား မက်မောစရာကောင်းနေသည်။

သူ့ မျက်ဆံနက်နက်တွေထဲမှာ You XiaoMo ၏ နီရဲနေသည့် မျက်နှာလေးက ရောင်ပြန်ဟပ်နေသည်။

ဆယ့်ခုနစ်၊ ဆယ့်ရှစ် အရွယ်ပဲရှိသေးတဲ့ လူငယ်လေးတစ်ယောက်။ နုနယ်ပြီး ဖြူဖွေးတောက်ပနေတဲ့ မျက်နှာလေး။ အရပ်မရှည်ပေမယ့် ပိန်ပါးပြီး သေးသွယ်လှတဲ့ ခန္ဓာကိုယ်။ ဒီလူ၏ အသွင်အပြင်ဟာ တစ်ချက်ကြည့်ရုံနဲ့ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ပုံစံ မဟုတ်လေဘူး။ ဒါပေမယ့် သူနဲ့ အချိန်တစ်ခုလောက် အတူနေပြီးသွားတော့ သူ့ကို ပိုပြီး နှစ်သက်လာသည်။ သူ့ကို ပိုပြီးတော့ နားလည်ချင်လာသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now