Chapter 186 The Criminal ( Z & U)

8.7K 1.5K 40
                                    

Chapter 186 – The Criminal

အခန်း ၁၈၆  ပြစ်မှုကျူးလွန်သူ

အကြီးအကဲShi က ပထမဆုံး လှုပ်ရှားလာသူ ဖြစ်သည်။ အခြားသူများ အခွင့်အရေး မရသေးခင်မှာ သူက အမြန်ပြောလိုက်သည် “Lin Xiao မင်းအချိန်မီ ပြန်လာတာပဲ Qing Cheng ဂိုဏ်းက ပြောနေတာ ငါတို့က သူတို့ဂိုဏ်းသားတွေကို သတ်တယ်တဲ့ ပြီးတော့ အုခ သူတို့က ငါတို့နဲ့ ရှင်းချင်နေတယ်”

အကယ်လို့ မင်းသာ တစ်ချက် ကောင်းကောင်း ကြည့်ခဲ့မည်ဆိုလျှင် Lin Xiao ကို ကြည့်သည့် အကြီးအကဲShi ၏ အကြည့်ထဲတွင် သူ့ပြောစကားထဲတွင်တောင် မဖုံးကွယ်နိုင်သော အပြစ်ရှိမှုအရိပ်အယောက် မြင်ရမှာ ဖြစ်သည်။

Ling Xiao ကတော့ ဘာမှ မဖြစ်ပျက်ခဲ့သလို လျှောက်လှမ်းလာကာ လူသတ်ချင်စိတ်ပြည့်နေသော နှစ်ဖက်က လူများကို ကြည့်ကာ အဆုံးတွင်တော့ သူ့အကြည့်များက Qing Cheng ဂိုဏ်းတွင် ရပ်တန့်သွားကာ ရယ်မောပြီး “အခုက နောက်ဆုံးနေ့ ရောက်နေပြီ ဘာလို့ ငါတို့ ခြေတစ်လှမ်းဆီ ပြန်မဆုတ်ကြရမှာလဲ သုခဘုံနယ်မြေဆိုတာ တကယ် အန္တာရာယ်များတယ် ငါတို့မျှော်လင့်ထားတာရဲ့ အပြင်ဘက်က ဟာတွေ ဖြစ်လာနိုင်တယ်။ တစ်ယောက်ယောက်က ငါတို့ကို စွပ်စွဲဖို့အတွက် ထောင်ချောက်ဆင်တာလဲ ဖြစ်နိုင်တာပဲ ငါ့တို့အချင်းချင်း သတ်ပုတ်တာကို သူတို့က ထိုင်ပြီး ရလာတယ့် အကျိုးအမြတ်ကို သူတို့က ယူမလို့လေ။ ငါတို့အားလုံးကလဲ ရင့်ကျက်နေတဲ့သူတွေချည်းပဲ ငါတို့က သေချာ ဂရုတစိုက်နဲ့ အကျိုးဆက်တွေကို စဉ်းစားရမယ်”

ထို စကားများက အလွန်ရှင်းလင်းကာ ကျိုးကြောင်းဆီလျော်လှကာ Ling Xiao ၏ အလွန်အလေးအနက် ပြောဆိုနေသော ပြုမူချက်ကို ကြည့်ပြီးတော့ လူအများ၏ ဒေါသများက တည်ငြိမ်သွားကြသည်။ Luo ShuHe နှင့် Mo Sheng က အချင်းချင်းကြည့်ကာ Ling Xiao က စကားတစ်ခွန်းတည်းနှင့် သူတို့သံသယတွေကို ထောက်ပြလိမ့်မည်ဟု မထင်ထားပေ။

အမှန်ကတော့ သူတို့မှော်အိတ်ကို အစောပိုင်းယူချိန်ကတည်းက Luo ShuHe ကလည်း တစ်ယောက်ယောက်က TianXin ဂိုဏ်းကို အပြစ်တွေ တင်ချင်တာ ဖြစ်လိမ့်မည်ဟု သံသယ၀င်သေးသည် ဘာ့ကြောင့်လဲဆိုတော့ YeDan၏ အလောင်းကို ရှာတွေ့သည့် တစ်ယောက်၏ စကားအရဆိုလျှင် သူတို့က တိုက်ခိုက်သည့်ဟန် အများအပြား မတွေ့ခဲ့ရပေ။ ဒီတော့ အခြားတစ်ဖက်ကသူသည် YeDan ထက်မြင့်သော အဆင့်ဟုသာ သူ မှတ်ယူနိုင်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now