Chapter 141 Ding Shi gets angered to death (Z &U)

9.6K 1.4K 2
                                    

C-141 Ding Shi gets angered to death.
Zawgyi
အခန်း ၁၄၁ Ding Shi သေလောက်အောင်ဒေါသတွေ ထွက်သွားတယ်
အံ့ဖွယ်သိုးတစ်ကောင် ဂျို အမွှေး အရိုး နဲ့ အခြားစားမရတဲ့ အရာတွေကို ဖယ်ထုတ်လိုက်ရင် အသားက ပေါင်နှစ်ရာလောက်ပဲ ကျန်လိမ့်မည်။
မန်နေဂျာ Qi ၏ သတင်းအရ ဒီလေလံပွဲမှာ က အံ့ဖွယ်သိုးက တစ်ကောင်ထဲ မဟုတ်ပေ။ အားလုံးပေါင်း သုံးကောင်ရှိရမှာ ဖြစ်သည်။ သိုးသုံးကောင်ပေါင်းကို ပေါင် ခြောက်ရာလောက် အားလုံးပေါင်းရှိလိမ့်မည်။ အကယ်လို့ လေလံပစ်မှာက တစ်ကောင်တည်းဆိုလျှင် ဈေးက ကောင်းကင်အထိပင် မြင့်မားသွားလိမ့်မည်။
အံ့ဖွယ်သိုးသားအတွက် အလောတကြီး လာတဲ့အဖွဲ့တွေက အများကြီးရှိတာမို့လို့ အဲဒိအထဲက အနည်းငယ်က နိုင်ဖို့အတွက်ဆုံးဖြတ်ပြီး ရုတ်ရုတ်သဲသဲဖြစ်မှာကို ရှောင်ရှားရန်အတွက် ရတနာတစ်သောင်းစင်မြင့် က အံ့ဖွယ်သိုး သုံးကောင်ကို သုံးစုခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်လူက အနည်းဆုံးဈေးကို ကြေညာလိုက်သည်နှင့် လူတိုင်းက စတင် ဈေးပေးတော့သည်။
အံ့ဖွယ်သိုးသား တစ်ပေါင်ကိုရွှေစ နှစ်သောင်းဖြစ်သည်။ ပေါင်နှစ်ရာဆိုတော့ လေးသန်းဖြစ်သည်။ အနည်းဆုံးဈေးတောင် တကယ်တော့ မနိမ့်ပေ။ တစ်ပေါင်ကို နှစ်သောင်းဆိုတာ ပုံမှန်ဈေးကွက်ပေါက်ဈေးဖြစ်သည်။
သို့သော် လေလံပွဲလာသူတိုင်းက လေလံတင်သည့် ပစ္စည်းများက ပုံမှန်အားဖြင့် နောက်ဆုံးဈေးက မနိမ့်တာ သိသာ။ အထူးသဖြင့် ရေပန်းစားသောပစ္စည်း အံ့ဖွယ်သိုးလိုမျိုးပေါ့။
အစိမ်းရောင်ဝတ်ရုံဝတ်လူက သူ့ကြေညာချက်ပြီးသွားသည့်နောက်မှာ လူအများက သူ့တို့်လေလံဈေးတွေကို အပြိုင်တင်ကြတာ နှစ်ဆယ်ထက်မနည်းပင်။ သို့သောါ ဈေးမြင့်တာနှင့် ဈေးပြိုင်ပေးသူအရေအတွက်လဲ နည်းနည်းလာသည်။ အဆုံးမှာတော့ မျှော်လင့်ထားသလိုပဲ ပထမအတန်းက အဖွဲ့တွေသာ ဈေးပြိုင်ပေးရာတွင် ကျန်ခဲ့သည်။
အချို့သောသူတွေက ငွေရှိသည်သို့သော် စိတ်ပါလက်ပါနှင့် အလျော့ပေးဖို့ ရွေးချယ်ကြသည် အဘယ့်ကြောင့် ဆိုသော် ဒါပြီးလျှင် သူတို့မှာ အခွင့်အရေး နှစ်ခုတောင်ရှိသေးတယ်လေ။
အခုတော့ လူတိုင်းမှာ ရွှေပြားအမြောက်အမြားရှိသေးတော့ သူတို့ခေါ်ဈေးကလဲ နည်းနည်းတော့ လက်ကြီးနေသည်။ သိုကသောါ နောက်ပိုင်းတော့ မတူညီနိုင်တော့။ လူတိုင်း၏ ပိုက်ဆံအိတ်က မရှိသလောက်ဖြစ်သွားလိမ့်မည်။ ဈေးအပြိုင်ခေါ်ခြင်းကလဲ အခုထက်စာရင် အနည်းငယ် ပြင်းထန်မှုနည်းသွားနိုင်သည်။ ဒီတော့ သူတို့ထဲက အချို့က အဲဒါကို မျှော်လင့်ပြီးတော့ လက်လွှတ်ဖို့ ရွေးချယ်ကြသည်။
ဒီအချိန်မှာတော့ မျက်နှာနီနေသောအဖိုးကြီးတစ်ယောက်က ပထမဆုံးအတန်းမှာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ ထိုလူက အနက်ရောင်ခြုံထည်ကို မ၀တ်ဆင်ထားသဖြင့် လူတိုင်းက သူ့ရုပ်သွင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ဒီအပြုအမူက ခန်းမကြီး၏ ဆူညံနေသောဝန်းကျင် ကို တစ်ခါတည်း တိတ်ဆိတ်သွားစေသည်။
မျက်နှာနီနေသောအဖိုးကြီးကလဲ အဲဒါကို မျှော်လင့်ပုံရသည်။ နူးညံသောအပြုံးပါးပါးလေးကို သူ့မျက်နှာမှာ ချိတ်ဆွဲထားသည်။ သူ့က သူ့နှင့်အပြိုင်ဈေးပြိုင်ပေးနေသော လူနည်းစုကို ဖျတ်ခနဲကြည့်ပြီးတော့ 'ဒီအဖိုးကြီး ကျုပ်က ခြောက်သန်းနဲ့ ဈေးပေးတယ်။ ဒါက ကျုပ်ရဲ့နောက်ဆုံးဈေးပဲ။ အကယ်လို့ ချစ်ခင်ရတဲ့ လူကြီးမင်းများနှင့် အမျိုးကောင်းသမီးများက ပိုပြီး မြှင့်ပေးချင်တယ်ဆိုရင် အဖိုးကြီးကျုပ်က ဒီအကြိမ်မှာ နောက်ဆုတ်ပေးပါ့မယ်'
ပြောပြီးတာနဲ့မျက်နှာနီနေသောအဖိုးကြီးက ပြန်ထိုင်သွားသည်။
သူ ဦးတည်ပြောလိုက်တဲ့လူတွေက ရုတ်တရက် မသေချာ မရေရာဟန်ပေါ်သွားသည်။
You XiaoMo က ဒီအခြေအနေကြီးက ထူးဆန်းစွာနဲက တိတ်ဆိတ်သွားတာကို မြင်တာကြောင့် Ling Xiao ဘက်ကို ကပ်ကာ လေသံလေးနဲ့ စပ်စုတော့သည်။ 'အစ်ကိုကြီး Ling ဘာဖြစ်သွားတာလဲ? အဲဒိအဖိုးကြီးက ဘာလဲ?'
Ling Xiao က ရှင်းပြသည်'သူက Ding Shi။ XingLuoအဖွဲ့ရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ သူ့ခွန်အားက အာကာသအဆင့် ကြယ်ခုနစ်လုံး ဒီကလူတွေရဲ့ခွန်အားကို သာလွန်ရုံလေးလို့ပဲ ပြောလို့ရတယ်'
XingLuoအဖွဲ့က သူ့တို့နာမည်က TianXin ဂိုဏ်းနှင့် QingChengဂိုဏ်တို့ထက် နိမ့်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် သူကလဲ ပထမအဆင့် ဂိုဏ်းလို့ဆိုနိုင်သည်။ TianXin ဂိုဏ်းနှင့် QingCheng ဂိုဏ်းတို့နှင့် အတူ အင်အားကြီးအဖွဲ့တစ်ဖွဲ့ဟု ဆိုနိုင်သည်။ XingLuoအဖွဲ့ကလူတွေက အမြဲတမ်း မထင်မရှားနေတာကြောင့် လူအများစုက သူတို့နာမည်သာ ကြားဖူကြသည် သို့သော် အတင်းစကားများအရတော့ သူတို့က အ၇မ်းဝေးကွားပြီး နည်းပါးလှသည်။
သို့သော် သူတို့၏ နှိမ့်ချစွာနေတတ်သော်လည်း Ding Shi လိုမျိုး လူတစ်ချို့ကိုတော့ အများက သိကြသည်။ သူရဲ့ဖော်ရွေတတ်သောအပြုအမူကြောင့် မမိုက်မဲသင့်။ အမှန်တကယ်ကတော့ ဒီလူ၏ လှည့်ကွက်တွေက အခြားသူတွေထက်ပိုပြီး စာနာစိတ်ပိုမဲ့သည်။ သူ့ခွန်အားက တကယ်တော့ သူ့ရဲ့ မရိုးသားခြင်းလောက် နာမည်မကြီးလှပေ။
ဒါ့ကြောင့် သူထရပ်လိုက်တုန်းက မျက်နှာ အနည်းငယ်က ချက်ချင်းကို မည်းမှောင်သွားသည် အဘယ့်ကြောင့် ဆိုသော် သူတို့က မျက်နှာနီနေသောအဖိုးကြီးက XingLuoအဖွဲ့က Ding Shiမှန်း မှတ်မိနေသောကြောင့်ဖြစ်သည်။ သူ့စကားတွေက ရှင်းရှင်းလင်းလင်း မရှိပေမယ့် လူတိုင်းကတော့ အဲဒါက ခြိမ်းခြောက်တာဆိုတာ ကြားကြသည်။ သူက သူ့အဆင့်ကိုသုံးပြီးတော့ အခြားသူတွေကိ ခြိမ်းခြောက်နေတာ သေချာသည်။ သူပြောသွားတဲ့ ဒီစကားတွေက XingLuoအဖွဲ့ကို မဆန့်ကျင်ရဲတာ သေချာသိလို့ ပြောသွားတာမှန်း ဖော်ပြနေသည်။
အဆိုပါလူများက ကောင်းတယ်လို့အတွင်းမှာ မခံစားရသော်လည်း အံဖွယ်သိုးသားပေါင်နှစ်ရာလောက်နဲ့ ပထမအဆင့်အင်အားရှိအဖွဲ့ကို ဆန့်ကျင်တာ သေချာပေါက် မတန်ဖူးဆိုတာကိုတော့ မငြင်းနိုင်ကြပေ။
ကိုယ့်အချင်းချင်းဆွေးနွေးရုန်းကန်မှုတွေ အပြီးမှာ လူအချို့ အရှုံးပေးဖို့အပြင် ရွေးချယ်စရာ မရှိပေ။
ဒါကို မြင်တာနဲ သူက ဒါကမှန်းထားပြီးသားလိုမျိုး ကျေနပ်သော အပြုံးတစ်ခုက Ding Shi အဖိုးကြီး၏မျက်နှာတွင် ပေါ်ပေါက်လာသည်။ ပြီးတော့သူက လေလံအိမ်ဘက်က ၀တ်ရုံအစိမ်းဝတ်လူကြီးဖက်ကိုကြည့်ကာ သူ့မေးကို မကာ ဆိုသည် 'ပြီးသွားပြီလို့ ကြေညာလို့ရပြီလား?'
ဝတ်ရုံအစိမ်းဝတ်လူကြီး၏မျက်ခုံးတွေက မသိမသာ မြင့်တက်သွားသည်။ ဒီလုံးပေါင်းက နှစ်သန်းမှာပဲ ရှိနေကာ ရတနာတစ်သောင်းစင်မြင့်၏ ခန့်မှန်းချက်အောက်ပဲ ရှိသေးသည်။ သူတို့က မျှော်လင့်ထားသော်လည်း ဒီအတွေ့အကြုံကြီးတော့ သူ့ကို အနည်းငယ် စိတ်သဘောမကျဖြစ်စေသည်။ တူထုပြီး ကြေညာလိုက်ဖို့ မြှောက်လိုက်ချိန်မှာပဲ အနောက်နားကနေ နွမ်းချိချိအသံတစ်ခုက ရုတ်တရက်ထွက်လာသည်။
'ခုနစ်သန်း'
သူဈေးပေးလိုက်တာနဲ့ လူတိုင်းက လှည့်ကာ ဈေးပေးတဲ့သူကိုအံ့သြတကြီးအကြည့်တွေနဲ့ နောက်လှည့်ကြည့်ကြသည်။
ထိုလူက အနက်ရောင် ခြုံထည်ကို ၀တ်ဆင်ထားသည်။ သူ့မျက်နှာက သေချာ မမြင်ရပေမယ့် အသံကတော့ သေချာပေါက် သူ့ဆီက လာတာဖြစ်သည်။ အံ့သြစရာကောင်းတာက သူက လူတိုင်းရှေ့မှာပဲ XingLuoအဖွဲ့ကို ဆန်ကျင်ရဲတာဖြစ်သည်။ ဒါ့ကြောင့် လူတိုင်းက သိချင်သွားတာဖြစ်သည်။
Ding Shiက အဒိအသံကို ကြားလိုက်တာနဲ့ သူ့မျက်နှာက မည်းသွားသည်။ သူ့ရဲ့ချွန်ထက်နေသော အကြည့်တွေက Ling Xiao ပေါ်ကျရောက်နေသော သူ့အကြည့်တွေက ဓါးလိုပင့် ချွန်ထက်နေသည်။ သူက လူအများရှေ့မှာXing Luo အဖွဲ့ကို ဆန့်ကျင်ရဲသူရှိမည်ဆိုတာ လုံးဝ မမျှော်လင့်ထားပဲ။
သို့သော် ဒါက QingChengဂိုဏ်း၏ နယ်မြေထဲမှာ ဖြစ်နေသည်။ သူဘယ်လောက်ပဲ မပျော်ရွှင်ပါစေ သူစည်းကမ်းချိုးဖောက်၍ မရပေ။ မဟုတ်လျှင် QingChen ဂိုဏ်းက သူ့ကို ဦးစွာဝယ်ယူခွင့် အခွင့်အရေး ပေးပြီးလောက်ပြီဖြစ်သည်။
ဒီလိုတွေးလိုက်တာနှင့် Ding Shi က သူ့အကြည့်တွေကို နောက်တန်းကLing Xiao ဆီသို့ ရွေ့လိုက်သည်။သူက ယဉ်ကျေးဟန်နှင့် 'ကျုပ်မိတ်ဆွေ အဖိုးကြီးကျုပ်ကXingLuo ဂိုဏ်းက Ding Shiပါ။ အဖိုးကြီးကျုပ်ကို မျက်နှာသာပေးပြီးတော့ ပစ္စည်းလေး ပေးအပ်လို့ရနိုင်မလား?'
ထိုစကားတွေ ကြားတာနဲ့ Ling Xiao ၏ နှုတ်ခမ်းက ခြုံထည်အောက်မှာ ရုတ်တရက်ကွေးတက်သွားက ဖြည်းဖြည်းချင်း စကားသံထွက်လာသည် 'မဖြစ်နိုင်ဘူး'
Ding Shi၏ မျက်နှာက ချက်ချင်းမည်းသွားသည်။ သူ့အမြင်မှာတော့ သူက သူရဲ့အကောင်းဆုံးအနေနဲ့ နှိမ့်ချကာ ဖော်ဖော်ရွေရွေပြောဆိုပြီးဖြစ်သည်။ သို့သော် ဒီလူက သူ့အတွက် ကောင်းတာ ဘာမှန်းမသိပဲနှင့် သူ့စကားတွေကို သီးမခံနိုင်တော့။ ပြီးတော့ သူက ဒီလိုတောင် ပွင့်ပွင့်လင်းလင်း ငြင်းဆိုလိုက်သေးသည်။ သူက XingLuoအဖွဲ့အကြောင်း အများကြီး တွေးမထားတာပဲ ဖြစ်ရမယ်။ ဒီလိုဖြစ်နေမှတော့ သူကလဲ ထပ်ပြီးတော့ ထိမ်းမထားနိုင်တော့။
Ding Shi ဒေါသအကြီးကြီးထွက်ကာ ပြန်ထိုင်ချပြီး လေလံပြန်ဆွဲလေသည်။
မမျှော်လင့်စွာနဲ့ Ling Xiao မှာ အခုက ရွှေပြားပြတ်နေတာမဟုတ်။ သူကDing Shiလိုလဲ တွန့်ဆုတ်မနေ။ သူက တွန့်ဆုတ်ခြင်းမရှိပဲ ဈေးပေးတော့ မျက်စိတစ်မှိတ်အတွင်းမှာ ဈေးက ကိုးသန်းအထိ တက်သွားသည်။
Ding Shiက အရမ်းဒေါသထွက်နေတာမို့ သူကမျက်နှာက လုံးဝကို နီနေသည်။ အဆုံးမှာတော့ သူအရှုံးပေးလိုက်တော့သည်။ ဒီဈေးက အံ့ဖွယ်သိုးရဲ့တန်ဖိုးထက်တောင် ကျော်လွန်နေပြီ။ ထပ်ပေးရင် ရှုံးတော့မည်။ ပြီးတော့ ရတနာအချို့လဲ လာဖို့ ကျန်သေးသည်။ သူက နောက်ပိုင်းသုံးဖို့ ရွှေပြားအချို့ သိမ်းထားဖို့ လိုသည်။
အဆုံးမှာတော့ အံ့ဖွယ်သိုးသားပေါင်နှစ်ရာကို Ling Xiao က ကိုးသန်းဖြင့် ဈေးအမြင့် နဲ့ နိုင်သွားသည်။
ပထမဆုံးပစ္စည်းက ဒီလောက်ဈေးအမြင့်နှင့် ရောင်းထွက်သွားသည်။ နောက်လာမည့် ရတနာတွေက အနည်းနှင့် အများ ပိုဆိုးရုံပဲ ရှိသည်။ အစောက သူတို့ခံစားနေရတဲ့ မကျေမနပ်ဖြစ်ခြင်းတွေ ချက်ချင်းပျောက်ကွယ်သွားသည်။ သူတို့လိုချင်တာ ကို နိုင်ဖို့အတွက် လူတိုင်းက စိတ်လှုပ်ရှားမှုကြောင့် အနီရောင်တွေတောင် သန်းနေသည်ဟု ထင်ရသည်။
သို့သော် တစ်ခုပြောဖို့တော့သင့်သည်။ လေလံပွဲက ပစ္စည်းတွေက အာမခံပစ္စည်းတွေလို့ ယူဆလို့ရပေမယ့် သူတို့ကို အမှန်တကယ် အာမခံပစ္စည်းတွေလို့ ခေါ်လို့ မရပေ အဘယ့်ကြောင့်ဆိုသော် အာမခံပစ္စည်းအစစ်တွေကို QingChen ဂိုဏ်းက ယူသွားပြီးတာ ကြာပြီမို့ ဖြစ်သည်။
ရတနာတစ်သောင်းစင်မြင့်က QingChen ဂိုဏ်းကနောက်ခံပြုထားတာကြောင့် ဖြစ်သည်။ တကယ်တော့ လူအချို့က ရတနာတစ်သောင်းစင်မြင့်ကို အစတည်တာကQingChenဂိုဏ်းဟု သံသယရှိကြသည်။ သို့သော် သက်သေမရှိတာကြောင့် မှန်းဆချက်အနေနဲ့သာ ကျန်နေတာဖြစ်သည်။
ပစ္စည်းတွေ တစ်ခုပြီး တစ်ခု လေလံပစ်ပေမယ့် Ding Shi က သူ့လက်ကို တစ်ကြိမ်တောင် ထပ်မမြင့်တော့ပေ။ ဒုတိယ အံ့ဖွယ်သိုးသားပေါ်မလာခင်အထိဖြစ်သည်။ ဒီအဖိုးကြီးက မျက်လုံးတစ်ဝက်မှိတ်နေရာမှ ရုတ်တရက် အကျယ်ကြီး ပွင့်သွားကာ သူမျက်လုံးထဲက အနိုင်ရရန် ဆုံးဖြတ်ထားသော ရောင်ခြည်များက ပေါက်ကွဲထွက်လာသည်။ အခု ဘယ်သူ သူနှင့်ပြိုင်ရဲမလဲ မြင်ချင်လှသည်။
သို့သော် သူ၏ပန်းတိုင်က ဗလာနတ္ထိဖြစ်သွားသည်။ ဈေးက ခုနစ်သန်းသို့ရောက်ချိန်မှာ Ling Xiao က ၀င်လှုပ်ရှားလိုက်သည်။ ဒါက လူတိုင်းကို အံအားသင့်ပြီး အော်ဟစ်လောက်အောင်ကို ဆယ်သန်းအထိ တန်းထက်သွားသည်။ ယှဉ်ပြိုင်ခြင်း၏အလင်းတန်းအောက်မှာ ဈေးက အဆုံးမှ ပို ပိုပြီး မြင့်မားစွာ ခုန်တက်သွားသည်။
လှုပ်ရှားမှုတစ်ခုက တစ်သိန်း နှစ်သိန်းသာ ထပ်တိုးချင်သောလူအနည်းငယ် ၏ ပါးစပ်က သွေးများအန်တော့မတတ်ဖြစ်စေသည်။ Ding Shi အပါအ၀င်ပေါ့။ သူ့မျက်နှာ တစ်ခုလုံးက အစိမ်းဖျော့ဖျော့အဖြစ်ပြောင်းကာ မျက်လုံးထဲမှာ မီးဟုန်းဟုန်းတောက်တော့မတတ် ဖြစ်ကာ Ling Xiao ကို အပေါက်ဖြစ်အောင် မီးလောင်တိုက်သွင်းဖို့ မစောင့်နိုင်အောင်ဖြစ်နေသလိုဖြစ်သည်။
You XiaoMo က လူတိုင်းရဲ့အကြည့်ထဲမှာ Ling Xiao ကို အပိုင်းတစ်ထောင်လောက်ပိုင်းပြီးသေစေချင်နေတာ သိကာ အဲဒိ ငေးနေတဲ့ အကြည့်တွေအောက်မှာ အထူးအဖြင့် သက်တောင့်သက်သာမရှိသလို ခံစားနေရပေမယ့်လဲ သူက ဒီအခွင့်အရေးကို လက်တော့ မလွတ်ချင်။ သူက သူတို့ ဒီ အံ့ဖွယ်သိုးသားကိုပေါင်ခြောက်ရာလုံးအနိုင်ရရင် အကောင်းဆုံးလို့ ခံစားရသည်။ ဒီလိုမှ အနာဂတ်မှာ PiQiuလေး၏ ရိက္ခာပျက်လတ်ရင် ဘာလုပ်ရမလဲဆိုပြီး စိတ်ပူနေစရာ မလိုမှာ ဖြစ်သည်။
'ကျုပ်မိတ်ဆွေ တစ်ခါတစ်လေမှာ တစ်လက်မပေးတဲ့နောက်ကို တစ်ကိုက်မယူတာ အကောင်းဆုံးဖြစ်လိမ့်မယ်။'
Ding Shi က သူ့သွားတွေကို ကြိတ်ကာ Ling Xiao ကို ပြောလိုက်သည်။ အကြည့်နှင့်တင် သတ်နိုင်ပါက သူက ဒီလူကို အကြိမ် တစ်ထောင် တစ်သောင်းလောက် သတ်ပြီးနေတာ ကြာလှချေပြီ။
'ဘယ်လိုလုပ် တစ်လက်မပေးလို့ တစ်ကိုက် ယူတယ်ဖြစ်ရတာလဲ မျှတစွာ ယှဉ်ပြိုင်ခြင်းမှာလေ'
Ling Xiao ကသူ့စကားထဲမှာ ရွှင်မြူးရိပ်နှင့် ရယ်ကာပြောသည်။ Ding Shi၏ ဒေါသ က သူ့စကားမှာ တစ်မျက်နှာလုံး မည်းသည်းသွားသည်
Ling Xiao၏စကားတွေက သူတို့ကို သူက ဒီအံ့ဖွယ်သိုးသားကို လက်လွှတ်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောသွားသည်။ Ding Xhi က တစ်ကြိမ်ထပ်ပြီး ဈေးတင်လိုက်သောလည်း အဲဒါက Ling Xiaoဈေး၏အောက်မှာပဲ ရှိသေးသည်။ အဆုံးမှာတော့ ဒုတိယ အံ့ဖွယ်သိုးသားကလဲLing Xiao၏လက်ထဲသာ ဆယ့်တစ်သန်းနဲ့ ရောက်သွားပြန်သည်။
နောက်ဆုံး အံ့ဖွယ်သိုးသားကတော့ ပြီးခဲ့တဲ့ နှစ်ခုထက်တောင် ယှဉ်ပြိုင်မှုက ပိုပြင်းထန်သေးသည်။ အရင်က မလှုပ်ရှားကြသော အဖွဲ့တွေကလဲ ဒီတစ်ကြိမ်မှာ ၀င်ရောက်လှုပ်ရှားကြသည်။ ဈေးက မြင့်သထက် မြင့်ကာ ဆယ့်ငါးသန်းအထိ မိုးထိတောင် ထောင်တက်သွားသည်။
ဒီဈေးက လူအများတတ်နိုင်သည့်ဈေးထက်တောင် ကျော်လွန်နေပြီဖြစ်သည်။ ပြီးတော့ အံ့ဖွယ်သိုးသား ကလဲ ဒီလောက်ထိတော့ မတန်တော့။ ဈေးပေးနေသည့် လူများကလဲ ပေးကိုပေးမှဖြစ်မှာမို့လို့ လုပ်နေကြတာဖြစ်သည်။ အချို့က တော့ Ding Shi လိုမျိုး သူတို့ မျက်နှာကို ထိန်းသိမ်းဖို့အတွက် စည်းမဲ့ကမ်းမဲ့လိုသာ လုပ်နေတာဖြစ်သည်။ (T/N ဒါလေးမှ မရရင် သိက္ခာကျပြီး သူ့တို့မျက်နှာ ဘယ်မှာ ထားရမလဲ မသိတာကြောင့် ဈေးကြီးပေးပြီး ပြိုင်နေကြတာပါ)
XingLuoအဖွဲ့က ဒီလိုအဖြစ်ဖြစ်လိမ့်မည်ဟု သေချာပေါက်ကို မမျှော်လင့်ထား။ အဲဒိအချိန်တုန်းက သူတို့၏ ဂုဏ်သိက္ခာကြောင့် သူတို့နှင့် အပြိုင်ဈေးပေးရဲသူ မရှိလောက်ဟု တွေးထားတာဖြစ်သည်။ ဒီတော့ သူတို့က Ding Shi ကို ခန့်မှန်းချေ ရွှေပြားများသာပေးကာ ထပ်မပေးချေ။ ဆယ့်ငါးသန်းက သူအများဆုံးပေးနိုင်တာ ဖြစ်နေပြီ။
Ding Shi ၏ မျက်လုံးက ဒေါသကြောင့် နီရဲနေတာကို ကြည့်ပြီးတော့ လူအချို့က သူတိုကဘာသာ ဈေးပေးတာ ရပ်လိုက်ကာ XingLuo အဖွဲ့၏ အမှန်တကယ် ဒေါသထဲမှာ ပါဝင်ခြင်းကနေ ရှောင်ထွက်လိုက်ကြသည်။
သို့သော် တင်းမာနေတဲ့အနေအထားထဲမှာ စိတ်လှုပ်ရှားစွာနဲ့ ပါဝင်နေသေးသော သူအချို့လဲ ကျန်နေသေးသည်။ သူတို့အားလုံးက Ling Xiao များထပ်ပြီးတော့ ဈေးအပြိုင်ပေးဦးမလားလို့ မျှော်လင့်ကာ ကြည့်နေကြသည်။ Ding Shi ကလဲ ဒါကို ရှင်းလင်းစွာနဲ့ ခံစားမိကာ သူ့မျက်နှာက မည်းမှောင်လာကာ ရေတွေတောင် ကျတော့မတတ်ကိုဖြစ်နေသည် (T/N ကောင်းကင်ကြီးလိုပေါ့ မိုးတွေမည်းလာပြီးတော့ မိုးရွာကျသလိုပေါ့ သူ့မျက်နှာကလဲ အမည်းလွန်ပြီး ရေတွေတောင် ကျတော့ မလိုပဲတဲ့)
Unicode
C-141 Ding Shi gets angered to death.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now