Chapter 153 Genius ( Z & U)

9.6K 1.5K 17
                                    

C-153 'Genius'

အခန်း ၁၅၃ ဉာဏ်ကြီးရှင်
ဒီလူ သူ့ကို တကယ်ကြီး လှည့်စားဖို့လုပ်နေတာမလား?
You XiaoMo က သူ့စကားတွေကို အတည်ပေါက်ကို သံသယ၀င်နေသည်။ သို့သော် သူဘယ်လိုအကြောင်းနဲ့များ သူ့အိပ်ယာပေါ်ကို ရောက်နေသလဲဆိုတဲ့ ဖြေရှင်းချက်သော သူ့မှာမရှိ။ မနေ့ Ling Xiao အလုပ်များနေသည်ဟု သူကြားခဲ့ပြီးနောက် ဒီနေ့ သူ့အရှေ့ရောက်နေသည်။ သူ့ပုံကလဲ သူကြားထားသလို အလုပ်များလွန်းလို့ ခြေထောက်နှင့် မြေပြင်မထိဘူးဆိုသောါ သကားနဲ့ လားလားမှမဆိုင်သလိုထင်ရသည်။
သူအရူးလုပ်သမျှ အကြိမ်ပေါင်းများစွာ ခံလာရသော You XiaoMo အနေနှင့် သူ့ကို ကိုးဆယ့်ကိုးရာခိုင်နှုန်း မယုံကြည်ရန် သိပြီးဖြစ်သည်။
ပန်းသူခိုး နဲ့ ဘာဖြစ်တယ် လုံးဝပါ။ သူကို တကယ်ကြီး သုံးနှစ်သားကလေးတစ်ယောက်လို့ ထင်နေတာလား? ဒီနေရာသည် TianXin ဂိုဏ်းဖြစ်သည်။ မြေကမ္ဘာတောင်ထွတ်၏ လုံခြုံရေးသည် စာကြည့်တိုက်လောက် မတင်းကြပ်ပေမယ့် ဘယ်ပန်းသူခိုးက TianXin ဂိုဏ်းကို ရည်ရွယ်ချက်ရှိရှိဝင်ပြီး ပန်းခူးမှာလဲ?
သူ့သက်တမ်းအရမ်းရှည်နေ၍ စောဒကတက်ချင်တာမဟုတ်လျှင် မလိမ်ခင်မှာ ပထမဆုံး အကြမ်းဖျင်း ကြိုပြင်ထားသင့်သည်။
You XiaoMo ရင်ထဲ နှလုံးသားထဲကနေကို အပြစ်တင်နေကာ Ling Xiao ကို 'ငါမင်းစကားတွေမယုံဘူး´ဟူသော မျက်နှာပေးဖြင့် ကြည့်နေသည်။
Ling Xiao က မမြင်ချင်ယောင်ဆောင်ကာ အပြုံးလေးနှင့် 
  “ ပန်းသူခိုးက ဒီမှာတောင် လာအယောင်ပြတာကို မြင်လိုက်တော့ ကိုယ်ဆုံးဖြတ်ချက် ချပြီးပြီ။ ကိုယ် ဒီမှာ မင်းနဲ့အတူလာအိပ်ဖို့ အချိန်ရှာရတော့မယ်။ဒါ ဒီလိုပဲလေ”
ခေါင်းကနေ အမြီးအထိ တစ်ကိုယ်လုံး မေးခွန်းများဖြစ်နေသော You XiaoMo စကားတစ်လုံးတောင် မထွက်ရသေးခင် Ling Xiao က အရာအားလုံးကို ဆုံးဖြတ်သွားပြီး ဖြစ်သည်။ ဒါ လုံးဝကို အခြေခံလူ့အခွင့်အရေးကို စော်ကားလိုက်တာ တစ်နည်းဖြင့် ပွင့်လင်းစွာ အနိုင်အထက်ပြုကျင့်လိုက်တာ ဖြစ်သည်။
“လုံးဝပဲ ”
You XiaoMo သူ့ဒေါသကို ဆက်မထိန်းနိုင်တော့ ။ Ling Xiao သူ့ကို အမြဲတမ်း အနိုင်ကျင့်နေတောင် လုံလောက်နေပြီ။ အခုတော့ သူ့ကို နေ့တိုင်းတွေ့နေရဦးလား? အဲဒါ သူ့မှာ ကိုယ်ပိုင်နေရာမရှိတော့ဘူးဆိုတဲ့ သဘောရောက်မသွား ဘူးလား? သူလိုချင်စရာကြောင်းကို မရှိ။
“ သက်ညှာထောက်ထားတတ်တဲ့ယောက်ျားတစ်ယောက်နေနဲ့ မင်းရဲ့ရွေးချယ်မှုကို ကိုယ်တန်ဖိုးထားတယ်။ ဘယ်အပိုင်း အဆင်မပြေတာလဲ ပြောကြည့်? ကိုယ်တို့ ထပ်ဆွေးနွေးကြည့်တာပေါ့ ”
Ling Xiaoက သူ့အစောက ပြောလိုက်သလိုမျိုး သက်ညှာထောက်ထားတတ်တဲ့ ယောက်ျားတစ်ယောက်သွင် ဖော်ဖော်ရွေရွေနဲ့ပြောပြီး ပြုံးပြလိုက်သည်။
သူကစကားများကြားပြီး You XiaoMo က သူ့ကိုယ်သူ မိန်းမတစ်ယောက်နှင့် တူသည်ဟု ခံစားရသည်။ ကောင်းပြီလေ။ ညှိနှိုင်းခြင်းတောင် မစရသေးခင်မှာကတည်းက သူက ဆိုးကျိုးရနေပြီ။ ညှိနှိုင်းတယ်ဆိုတာကြီးက မကောင်းတာ သေချာနေတော့ သူက ခုံကို လှည့်ဖို့ လမ်းရှာရတော့မည်။
You XiaoMo နက်နက်နဲနဲအတန်ကြာတွေးပြီးမှ လေးနက်သော အသွင်နှင့် ပြောလိုက်သည်
“အစ်ကို က ကျွန်တော့ ရွေးချယ်မှုကို တန်ဖိုးထားတယ်ဆိုထဲက ကျွန်တော်ပြောမယ်နော်။ ကျွန်တော်ကတော့ မလုပ်သင့်ဘူးလို့ ခံစားရတယ်။ အစ်ကို့ရဲ့အဆင့်က အခု TianXinဂိုဏ်းရဲ့ တပည့်ကြီးလေ။ အကယ်လို့ လူတွေက အစ်ကို ညလယ်ကြရင် ဒီကို အပြေးလာပြီး အိပ်တာသိသွားရင် သူတို့ ကျွန်တော်တို့ကို ဘယ်လိုတွေးမလဲ? ကျွန်တော့ရဲ့ ဂုဏ်သိက္ခာက အစ်ကို့ကြောင့် ပျက်စီးမသွားဘူးလား? ”
Ling Xiao က သူ့ကို စူးစမ်းစိတ်နှင့် ကြည့်ကာ
“ညီလေး မင်းမှာ ပျက်စီးစရာ ဂုဏ်သိက္ခာရော ရှိလို့လား? ”
You XiaoMo နှုတ်ခမ်းဆူသွားသည်။ အမှန်လည်း သူ့မှာ ပျက်စီးစရာ ဂုဏ်သိက္ခာရော ရှိသေးလားဆိုတာ သံသယဖြစ်နေသည်။ ကိစ္စတွေ အများကြီးဖြစ်ပျက်အပြီးမှာ TianXinဂိုဏ်းကလူတွေက သူ့ကို Ling Xiao၏လူ အဖြစ် သတ်မှတ်ထားကြတာ ကြာလှပြီ။ မြစ်ဝါမြစ်ကတောင် သူ့ကိုယ်ပေါ်က အညစ်အကြေးတွေ မသန့်စင်ပေးနိုင်တော့ ဘူး။
သို့သော် သူအဆုံးစွန်အထိ ယုံကြည်ထားသည်က သန့်ရှင်းစရာရှိသည်ကို သန့်ရှင်းစေပြီး ရွှံပေနေသည်ကလည်း ရွှံပေလက်စပင် ရှိနေလိမ့်မယ်။ ဒီတော့ သူရဲ့ ဂုဏ်သိက္ခာကို ထပ်ပြီး မပျက်စီးစေချင်တော့။ သူကတော့ ဖြူအောင် ဆေးချချင်သေးသည်။
“အ..ညီလေး ”
Ling Xiao ကချဲ့ကားသောအသွင်နှင့် ရုတ်တရက် သက်ပြင်းချသည်။ သူကြည့်လိုက်ချိန်တွင် နစ်နာသောလေသံဖြင့်
“ကိုယ့်စကားတွေ မယုံသေးဘူးလား? ”
“ယုံရင်တောင် ထူးဆန်းနေဦးမယ် ”
သူစကားလမ်းကြောင်းပြောင်းနေတာကို သိတော့ ဟ ဟ လို့တောင်သူ့ကို မရယ်ချင်ပါဘူး။
Ling Xiao က ချက်ချင်းကို 'ဒီအမူအယာ ဘာလဲသိတယ်နော်´ ဆိုတာမျိုးကြည့်ပေးလိုက်သည်။
”မင်းရင်ထဲမှာကို ကိုယ်က မင်းနဲ့အကြောင်းပြချက်မရှိ ဆီလျော်မှုမရှိပဲ ဒီကို ပြေးလာပြီး အိပ်မယ့်လူမျိုးလို့ ထင်တယ်လို့ မပြောနဲ့?  ”
You XiaoMo၏ မျက်လုံးစွန်းလေးတွေ ရုတ်တရက် ဆတ်ခနဲ ဖြစ်သွားသည်။ ဒီစကားတွေက…. တစေ့တစောင့်သတိပေး သလို အသံထွက်နေတာလဲ? သို့သော် သူက ခေါင်းတော့ ဆက်ညိမ့်လိုက်သည်
”ဟုတ်တယ် ”
Ling Xiao က ခဏ တိတ်သွားကာ
”ကိုယ်ဝန်ခံတယ်။ အထူးအခြေအနေလေးတွေ တစ်ခါတစ်လေရှိတယ် ဒါပေမယ့် ကိုယ်အရမ်းအလုပ်များနေတာ မင်းသိသားနဲ့။ မဟုတ်လျှင် မင်းကို တစ်လကျော်တောင် လာမတွေ့ပဲ မနေပါဘူး။ ဒီလိုအခြေအနေမှာ ကိုယ်က ဒီကို အကြောင်းပြချက်မရှိပဲနဲ့ ဘာလို့လာရမှာလဲ? ကိုယ်လာချင်ရင်တောင် မင်းမအိပ်တဲ့အချိန် ရွေးပြီးလာမှာပေါ့ မဟုတ်ဘူးလား? ”
You XiaoMo တစ်ခဏကြောင်သွားသည်။ အဲဒိမှာ အမှန်နဲနဲပါသလိုပဲ။
သူပြန်စဉ်းစားလိုက်သည်။ Ling Xiao က သူအိပ်နေချိန် တစ်ခါမှပေါ်မလာဖူးသလိုပဲ။ အချိန်အများစုမှာ သူအိပ်တဲ့အချိန် ကို သိသလိုမျိုး အမြဲလွှဲပြီးပဲ လာတတ်သည်။ သူ့နေ့ခင်းဘက် အချို့အချိန်တွေ အိပ်တာကို ပြောနိုင်သည်။
သို့သော် ပန်းသူခိုးဆိုသူကို လက်ခံစေချင်သည်ကတော့ မဖြစ်နိုင်တာကြီးကို။
သူ မယုံသေးတာကို ကြည့်ပြီး သူ့ရဲ့လူသတ်ကျိုင်းတုတ် ကို အလွယ်လေးသုံးလိုက်သည် 
“ညီလေး မင်းမယုံသေးရင် ပြတင်းပေါက်အစွန်းကို သွားကြည့်လိုက်။ လက်မအရွယ် အပေါက်လေးတစ်ပေါက် မတွေ့ဘူးလား? ”
You XiaoMoက သူကို သံသယနှင့် ဖျတ်ခနဲကြည့်လိုက်ကာ မသေချာသလိုနှင့် လျှောက်သွားလိုက်သည်။ အသေအချာကို ပြတင်းပေါက်တွင် အပေါက်တစ်ပေါက်တွေ့လိုက်သည်။ အပေါက်က လက်မအရွယ်လောက်ဖြစ်သည်။ သို့သော် အပေါက်က ပြတင်းပေါက်၏ စက္ကူမှာ မဟုတ်ပဲ ပြတင်းပေါက် ဘောင်မှာ ဖြစ်သည်။
မနေ့ကညက မှတ်ဉာဏ်တွေ သူ့ထံတွင် ပျောက်ဆုံးနေပေမယ့် သူက မနေ့ညက ပြတင်းပေါက် ပိတ်တုန်းက အဲဒိမှာ အပေါက်မရှိသည်ကိုတော့ သူမှတ်မိနေသေးသည်။ ထပ်ပြောရရင် သိုင်းပညာရှင်တစ်ယောက်သည်သာ ဒီလိုအပေါက်မျိုး ကို ဖောက်နိုင်လိမ့်မည်။ အဲသလိုပြောရလျှင် သူ့အခန်းက ညက တစ်ယောက်ယောက် ဖောက်ဝင်သည်ဆိုတာတော့ ဖြစ်နိုင်သည်။
အဲသလိုစဉ်းစားလိုက်ချိန်တွင် Ling Xiao ကို You XiaoMo ခုနစ်ဆယ်ရာခိုင်နှုန်း ယုံကြည်သွားသည်။ သို့သော် သူမသိသည်က ပန်းသူခိုးက သူ့အရှေ့မှာ လက်ရှိ ရှိနေသည်ကိုပင်။
သူဘာတွေးနေသည်ကို Ling Xiao က တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည် ဒီတော့ သူက ရုတ်တရက်
“ညီလေး ကိုယ် မင်းအခန်းအပြင်ဘက်မှာ အကာအကွယ်စည်းထားတာကို မင်းမှတ်မိသေးတယ်မလား? မနေ့ကညက တစ်ယောက်ယောက် စည်းကို ထိလိုက်တယ်လို့ ခံစားလိုက်လို့ တတ်နိုင်သမျှ မြန်မြန်ရောက်အောင် လာခဲ့ရတာ။ မဟုတ်ရင်…. ”
နောက်ဆုံးပိုင်းလေး ပြောပြီး သူ ရည်ရွယ်ချက်ရှိရှိနှင့် သူ့အကြည့်တွေကို You XiaoMoကိုယ်ပေါ်ကို အာရုံစိုက်ပြီး ကြည့်ပေးလိုက်သည်။
You XiaoMo သူကဆံပင်တွေအဆုံးအထိထောင်သွားသလို ချက်ချင်းခံစားလိုက်ရကာသူ့မျက်နှာက သေမလိုဖျော့တော့ သွားသည်။
“ဒါပေမယ့် …. ဒါက TianXin ဂိုဏ်းလေ မဟုတ်ဘူးလား? ”
သူ Ling Xiao၏ စကားများကို ယုံကြည်ပြီးဖြစ်သည်။ သူ့ရင်ထဲက ဒီလိုကိစ္စမျိုးဖြစ်နိုင်သည်ဆိုသည်ကို ယုံဖို့ မရဲသေးတာသာ ဖြစ်သည်။ သူ့ခန္တာကိုယ်က ဘာထပ်ဖြစ်ရဦးမှာလဲ။ ယောက်ျားတစ်ယောက်၏ ဗြဟ္မစရိယာကတောင် အန္တရာယ်ရှိနိုင်တာလား?
Ling Xiao၏ နှုတ်ခမ်းစွန်းများက ကော့တတ်သွားကာ ပြုံးလိုက်သည်
“ ပန်းသူခိုးက TianXin ဂိုဏ်းက တစ်ယောက်ယောက်မဟုတ်ဘူးလို့ မင်းဘယ်လိုလုပ်သိမှာလဲ? ”
You XiaoMo ချက်ချင်း စကားထစ်အ ထစ်အဖြစ်ကာ ဘာစကားမှ မပြောနိုင်အောင် ဖြစ်သွားသည်။
အဆုံးမှာတော့  You XiaoMo ကို Ling Xiao အောင်မြင်စွာနဲ့ အရူးလုပ်နိုင်သွားသည်။ အဲဒါက ပန်းသူခိုးမဟုတ်ပေမယ့် ထိုလူက သူ့ကို စောင့်ကြည့်နေပြီဖြစ်သည်။ ထပ်ပြောရရင် ထိုလူက TianXin ဂိုဏ်းမှ လူတစ်ယောက်ယောက် ဖြစ်နိုင်ချေများလှသည်။
Ling Xiao သူ့ကို မပြောရခြင်းက သူ့တွင် အခြားအစီအစဉ်ရှိသောကြောင့်ဖြစ်သည်။ သို့သော် သူ့မှော်အိတ်ထဲတွင် အခြားသူများ အမြင်ခံ၍မရသော တန်ဖိုးကြီးအရာများ မထဲ့ရန် သတိပေးလိုက်သည်။
You XiaoMo က ဘာကိုမှ သဘောမပေါက်ပေ။ သူ့ကို စိတ်မပူရန်သာ ပြောလိုက်သည်။ သူ့ကိုယ်သူလဲ သူသတိထား ရမည်ကို သိသည်။ သူ့ခန္တာကိုယ်မှာ လျှို့ဝှက်ချက်တွေ အရမ်းများကြီးရှိနေသည်။ ဒီတော့ တောက်လျှောက်ကို သူ့မှော်အိတ်ထဲ ထည့်ထားသည်များက ဆေးဝိဇ္ဇာခန်းမမှာ ရရှိသော မှော်ဆေးပင်များနှင့် ထိုမှော်ဆေးပင်များသုံးပြီး ဖော်စပ်ထားသော မှော်ဆေးလုံးများသာ ထည့်သည်။ အကုန်လုံးက အလွန်သမားရိုးကျအရာများသာ ဖြစ်သည်။ အကယ်လို့ မှော်အိတ်ပျောက်သွားလျှင်တောင် ကိစ္စကြီးမဟုတ်ပေ။
သူ့ စကားများကို နားထောင်အပြီးတွင် Ling Xiao သူ့ရဲ့ အလိုလိုသိစိတ်ကို ပိုပိုပြီး လက်ခံယုံကြည်လာသည်။
Ling Xiao က လျှို့ဝှက်စွာ လာခဲ့ခြင်းကြောင့် သူအကြာကြီး နေ၍မရပေ။ ခဏအကြာတွင် WuShuang တောင်ကို ပြန်သွားသည်။
သူထွက်သွားသည်နှင့် You XiaoMo ပရမ်းပတာတွေ ဖြစ်နေသည်လို့ စတင်ခံစားလိုက်ရသည်။ မနေ့ကညနှင့် ဒီနေ့ ဖြစ်သွားသော အရာများ သည် အရမ်းကို့ယို့ကားယားနိုင်နေသည်။ Ling Xiao က တစ်ယောက်ယောက်ကို အမည်းကနေ အဖြူဖြစ်အောင် ယုံကြည်စေရန်လုပ်နိုင်စွမ်းရှိသည်ကို သူသိသော်လည်း သူ့ကိုယုံဖို့ကို သာ သူရွေးချယ် နေသေးသည်။
သူ့ မွေးရပ်မြေတွင် ပြောစကားတစ်ခု ရှိသည်။ အကောင်းမြင်ပြီး အဆိုးဆုံးကို သင်ယူခြင်းထက် အဆိုးဆုံးကို ယုံကြည်ခြင်းက ပိုမိုကောင်းမွန်ကာ သာယာနှစ်လိုဖွယ် အံ့သြမှုကို ပေးစွမ်းနိုင်သည် ဟုဆိုသည်။
ထို ထူးဆန်းသောညပြီးနောက် You XiaoMo၏ နေ့စဉ်ဘ၀မှာ ပုံမှန်သို့ ပြန်ရောက်သွားသည်။
သုခဘုံနယ်မြေပွင့်ရန် နီးကပ်လာရာ TianXin ဂိုဏ်းတစ်ခုလုံးတွင် လေထဲမှ တင်းအားတွေ ပိုပိုများလာသည်။ မြေကမ္ဘာတောင်ထွတ် သည်လည်း ချို့ယွင်းချက် မဟုတ်ပေ။ သို့သော် သိပ်မကြာခင် ထိုအခြေအနေကို ကျိုးပျက်စေသော တစ်ခုခု ဖြစ်ပွားခဲ့သည်။
ထိုအရာကတော့ ကောင်းကင်တောင်ထွတ်သခင်၏ တပည့် Jiang Liu အဆင့်ချိုးဖောက်သွားသည့်နေ့ ဖြစ်သည်။
တစ်နှစ်အောက် အလွန်တိုတောင်းသော အချိန်ကာလလေး အတွင်းတွင် Jiang Liu သည် အဆင့်တစ်မှော်ဆရာ အဖြစ်မှ အဆင့်သုံးမှော်ဆ၇ာအဖြစ် ရောက်ရှိသွားသည်။ သူသည် အဆင့်နိမ့်မှော်ဆရာ ဖြစ်နေသော်ငြား TianXin ဂိုဏ်းတစ်ခုလုံး သာမက QingCheng ဂိုဏ်းနှင့် အခြားသော အင်အားကြီးဂိုဏ်းများတွင်တောင် ဒီလို တစ်နှစ်အတွင်း အဆင့်နှစ်ခု ဆက်တိုက် တက်သွားသော ဉာဏ်ကြီးရှင်တစ်ယောက် ဘယ်မှာ သွားရှာနိုင်သနည်း?
အဖြေကတော့ ဘယ်နေရာမှာမှ မရှိပေ။
အသေးစိတ်ပြောလျှင် Jiang Liu က အဆင့်တစ် မှော်ဆရာအဖြစ်မှ အဆင့်နှစ် မှော်ဆရာအဖြစ်သို့ အချိန် လေးလသာသာ ယူခဲ့ရသည်။ ပြီးနောက် အဆင့်နှစ် မှ အဆင့်သုံးအထိကို သူက လေးလသာသာ သာ ထပ်ယူခဲ့သည်။
လူတိုင်းသိသလိုပါပဲ မှော်ဆရာအဆင့်မြင့်လေ အဆင့်တက်ရန် ပိုခက်ခဲလေ ဖြစ်သည်။
ထို့ကြောင့် သူက အဆင့်သုံးမှော်ဆရာအဖြစ်ကို တူညီသော အချိန်အတိုင်းအတာ အတွင်းတွင် တက်အောင်လုပ်သည်က ကောင်းကင်တောင်ထွတ်၏ မှတ်တမ်းနှင့် ဂုဏ်ကျက်သရေ ကို ဖြစ်သည်ကို ငြမ်းဆိုမရပေ။
သတင်းပျံ့နှံသွားသည်နှင့် TianXin ဂိုဏ်းတစ်ခုလုံး ထိပ်မှ အောက်ဆုံးအထိ အကုန်လုံး ထိတ်လန့်အံ့သြသွားကြသည်။
အဆင့်သုံးမှော်ဆရာကို သုံးလအတွင် ဖြစ်လာခြင်းသည် ဉာဏ်ကြီးရှင်များထဲမှ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်း ငြင်းဆို၍ မရပေ။ အဓိက တောင်ထွတ်သုံးခုမှ ဉာဏ်ကြီးရှင်များ အဖြစ် ချီးမွမ်းခြင်းခံရသူများတောင်မှ ဒီလောက် အံသြစရာ မကောင်းပေ။
Jiang Liu က မယုံကြည်နိုင်အောင် နာမည်ကျော်ဖြစ်လာသည်။ သူ့ကျော်ကြားမှုက BillBoard ဇယားက နံပါတ်တစ်နေရာမှ You XiaoMo ကိုတောင် ကျော်တက်သွားသည်။ အချိန်တစ်ခုအတွက် You XiaoMo အကြောင်း ဆက်မပြောတော့ချေ။ အဒိအစား JiangLiu အကြောင်းပြောသူများများလာသည်။
You XiaoMoသည့် သူ့အခန်းနီးခြင်းအစ်ကိုYang Yi ဆီမှ Jiang Liu တစ်ယောက် TianXinဂိုဏ်းက လူတိုင်းက သူကို အလွန်အဖိုးတန်သော ရတနာအဖြစ် ဆက်ဆံသောကြောင့် အခုအခါ အလွန် သွေးကြီးနေကြောင်း ပြောတာ ကြားသည်။ သူက TianXin ဂိုဏ်း၏ နှစ် တစ်ရာအတွင်း အထူးချွန်ဆုံးနှင့် အတော်ဆုံး ဂိုဏ်းသားအဖြစ် ထောပနာပြုတာတောင် ခံနေရသည်။ သူ့ကျော်ကြားမှုက အတုမရှိပေ။
Yang Yiထိုစကားများ ပြောချန်တွင် သူ့လေသံက အလွန်ချဉ်တူးနေသည်မို့ You XiaoMo၏သွားများတောင် သူ့စကား နားထောင်နေရင်းက ကျိန်းလာသည်။ သို့သော် ထိုသတင်းအတွက် တုန့်ပြန်မှုအနေနဲက သူအသာလေး ဟီးဟီးသာ ရယ် ကာ ဘာမှတ်ချက်မှ မပေးလိုက်ချေ။
Yang Yi က သူက မနာလိုလွန်းသဖြင့် စကားလုံးတွေတောင် ပျောက်ဆုံးနေသည်ဟု ယူဆသည် အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်တောင်မှ မုန်းတီးခြင်း မနာလို မလိုစိမ့်ခြင်းများ ခံစားနေရသည်။
Jiang Liu၏ သတင်း ထွက်လာကတည်းက ကောင်းကင်တောင်ထွတ်မှ ဂိုဏ်းသာများ နှင့် မြေကမ္ဘာတောင်ထွတ်မှ ဂိုဏ်သားများ ဆုံတိုင်း အမူအကျင့်များက ကောင်းကင်ကိုတောင် လက်ဖြင့်တောက်မည့်အလား လွန်ကဲစွာပြုကြသည်။ ခြေဖျားထောက်မြင့်တက်ကာ မောက်မာသောအမူအကျင့်များက သူတို့ကို မုန်းတီးခြင်းကြောင့် သွားများထဲကနေကို ယားလာသလို ခံစားရစေသည်။
သူ့တို့ခေါင်းတွေက မစဉ်းစားပဲ လုပ်၍မရကြောင်းသာ မပြောပါက သူတို့ ရှေ့သွားတွေ ကျွတ်ထွက်သည်အထိ သေချာပေါက် ထိုးကျိတ်မိမည်ဖြစ်သည်။
သတင်းထွက်ပြီး သုံးရက်အကြာတွင် You XiaoMo အပြင်ကို ခြေတစ်လှမ်းသာ လှမ်းရချိန်တွင် Jiang Liu သတင်းကို သူကနားနှင့် ကြားလိုက်ရသည်။ သူ့ဘေးအခန်းမှာ နေသူဟုပင် သူ့ကို ခံစားချက်ပေးသူ ကောင်လေးသည် အခုချိန်တွင် ကောင်းကင်တောင်ထွတ်၏ Tang YunQi ထက်ပင် မြင့်မားသော အနေအထားဖြစ်နေသည်။
အဲဒါကို တွေးမိချိန်တွင် WuShuangတောင်၌ Jiang Liu  Tang YunQi၏ ခြိမ်းခြောက်ခြင်းခံရသော အချိန်ကို သူသတိမရပဲမနေ။ အခု သူက တောင်သခင်၏ ပစားပေးမှုကို ခံနေရပြီမို့ Tang YunQi၏ အလွယ်တကူ အနိုင်ကျင့်ခြင်း ကို သူခံရတော့ မည် မဟုတ်ပေ။
ရက်အနည်းငယ်အကြာမှာတော့ အများသူငှာ ဆွေးနွေးပြောဆိုသော လေကြောင်းက နောက်ထပ် ဦးတည်ရာတစ်ခု ကို ပြောင်းလဲသွားပြန်သည်။
သုခဘုံနယ်မြေ ပွင့်မည့်ရက်အတိအကျထွက်လာသော သတင်းကြောင့်ဖြစ်သည်။
Unicode
C-153 'Genius'

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Unde poveștirile trăiesc. Descoperă acum