Chapter 92

10.3K 1.7K 16
                                    

C-92 Awkward feelings.

အချိန်တွေက စီးဆင်းနေသော ရေအလျင်လိုပင် ကုန်တာမြန်လှသည်.

ဆယ်ရက်နေ လဝက်ဆိုပြီး တံခါးပိတ်ကျင့်စဉ်ဝင်သွားသူ You XioaMo က တော့ မျှော်လင့်တကြီး စောင့်ကြည့်နေသော လူအများ၏ မျက်စိရှေ့ကို နောက်ဆုံးမတော့ ထွက်ပေါ်လာသည်။

ဒီ သုံးလဆိုသောအချိန်ကာလ အတွင်းမှာ Fang ChenLe သူ့အခန်းကို လာကြည့်လိုက် ပြန်ထွက်သွားလိုက် ညည်းညူလိုက် ရေရွတ်လိုက် တွေလုပ်ခဲ့သည်။ ဘေးအခန်းက ဂိုဏ်းသားအချို့ကက ထိုအချိန်ဆို ထွက်လာကာ သူ့နှင့် စကားပြောရသည်။

Fu ZiLin လည်းပဲ လာသည်။ ဒီဒုတိယအစ်ကိုကတော့ ပိုပြီး တည့်တိုးဆန်ကာ ရက်စက်တတ်သည်။ သူက You XioaMo တံခါးဝအထိ သွားကာ စိုက်ကြည့် ပြီးတော့ အေးစက်စက်လေတွေ ထုတ်လွှတ် ပြီးတော့ ပြန်သွားသည်။ အဲဒါကပဲ အခန်းနားက ဂိုဏ်သားတွေ တစ်နေကုန် အထဲမှာပဲ နေရန် လုံလောက်သည်။

Ling Xiao လည်းပဲ လာသည် သို့သော်လည်း တစခါတည်းသာ....

"ညီငယ်လေး၊ TianXin ဂိုဏ်းက လူတွေ အကုန်လုံးသာ မင်းလိုဆိုရင်လေ TianXin ဂိုဏ်းက ပိုပြီး မကြံ့ခိုင်မှာတောင် ပူစရာ မလိုဘူး"

Ling Xiao က ပြုံးကာ လဲကျနေသော ကျောက်စိမ်းကဲ့သို့ နွေးထွေး ညင်သာသော You XioaMo ကို ဖက်ထားလေသည်။

You XioaMo ကတော့ မူမမှန်အောင် တုန်ရီနေကာ အကန် ခံရပြီး ဖွင့်နေသော တံခါးဆီသို့သာ အပြစ်ရှိဟန် ကြည့်နေသည်။ တစ်စုံတစ်ယောက်သော သူက အားအလွန်အကျွံ သုံးလိုက်တာကြောင့် တံခါးများထဲမှ တစ်ချပ်ကာ ပျံတက်ကာ အခုတော့ ကြမ်းပြင်ပေါ်တွင် သနားစဖွယ် လဲလျောင်းနေပေသည်။

ဟုတ်ပါသည်..Ling Xiao၏ တစ်ကြိမ်တည်း ဆိုတာက ဒီတစ်ကြိမ်ကို ရည်ညွှန်းတာ ဖြစ်သည်။

ဒီပုဂ္ဂိုလ်က Fu ZiLin ထက်တောင် ပိုပြီး တည့်တိုး ဆန်သေးကာ ခြေတစ်ဖက် မပြီး သုံးလတိုင်တိုင် မြဲမြံစွာ ပိတ်ထားသော တံခါးကို ကန်လိုက်တာ ဖြစ်သည်။ ဝုန်းခနဲ ကျယ်လောင်သော အသံက အခန်းနားနီးချင်းများကို ကြောက်လန့်သွားစေသည်။ သို့သော်လည်း ဘယ်သူကမှ ထွက်လာရဲခြင်းတော့ မရှိ။ အလည်လာသူတိုင်းက အခြားတစ်ယောက်စီထက် ပိုပို ထူးဆန်းသည်။ သူတို့ ထွက်လာရဲရင်သာ ထူးဆန်းနေမှာ ဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now