Chapter 79

12.4K 1.7K 9
                                    

C-79 The most vicious way to win.

ကြီးမားသော စင်မြင့်ထက်တွင် လူနှစ်ယောက် ရှိကာ တစ်ယောက်က အဖြူဝတ်ထားပြီး ကျန်တစ်ယောက်က အနက်ရောင် ဝတ်ဆင်ထားသည်။

အဖြူရောင်နှင့် တစ်ယောက်က Ling Xiao ဖြစ်သည်။ ဒီရက်ပိုင်းအတွင်းတွင် အဖြူရောင်က သူ့အမှတ်အသား ဖြစ်နေပုံ ရသည်။ You XiaoMo သူ့ကို စသိကတည်းက သူက အခြားသော အရောင်များ ဝတ်တာ မတွေ့ဖူးပေ။ အနက်ရောင်နှင့် တစ်ယောက်ကတော့ Lei Ju ပေါ့။

Lei Ju က အလွန် မောက်မာလှသည်။ သူက ထာဝရ ဒုတိယသာ အဆင့်ချိတ်သော်လည်း သူက ထူးခြားလှသည်။ သူက ဘယ်တုန်းကမှ မလုပ်ရဲတာ မရှိ။ အဲဒိအစား သူက တိုက်ပွဲတိုင်းတွင် ပိုပို ရဲရင့်လာသည်။ Ling Xiao သူ့ကို အနိုင်တိုက်လိုက်တိုင်း သူက ပြန်လည် အဆင်ပြေလာပြန်ပြီးတော့ သူ့ရဲ့ မောက်မာထောင်ကြွားလှသော အမူအကျင့်နှင့် ဆက်တိုက်ပြန်သည်။ သတ်လို့ မရနိုင်တဲ့ ပိုးဟပ်လို လူမျိုး ဖြစ်သည်။

ဒီပြိုင်ပွဲက အခြားသူများ၏ အမြင်တွင်တော့ Lei Ju က Ling Xiao ၏ ပြိုင်ဘက် တစ်ယောက် မဟုတ်ပေ။ သို့သော် သူ့ကိုယ်သူတော့ အဲလို မထင်ပေ။

"Lin Xiao၊ ငါ ဒီရက်ကို စောင့်နေတာ ကြာလှနေပြီ။ ဒီတစ်ကြိမ်တော့ နောက်ဆုံးအခေါက်ကို လက်တုန့်ပြန်သော အားဖြင့် မင်းကို ငါ့ ခွန်အားတွေ အမြည်းကျွေးရမယ်"

Lei Ju က သူ့ပခုံးပေါ်တွင် အစူးများစွာ ပါသော တင်းပုတ်ကို တင်ထားသည်။ အဲဒါက သူ့ရဲ့ လက်နက်ရွေးချယ်မှု ဖြစ်သည်။ သူ့ခွန်အားက တော်တော်လေး ကောင်းတာမို့ နေရာတစ်ကာတော့ သယ်ယူခဲလှသည်။ သို့သော် ဒီတစ်ကြိမ်က Ling Xiao နှင့် ဖြစ်နေ၍ လက်နက်တစ်ခု မပါပဲ သူ့ကို တိုက်ခိုက်နိုင်ဖို့ အတွက် လုံလောက်သော ယုံကြည်မှု မရှိချေ။ အစကတည်းက သူက အစူးတင်းပုတ်ကြီးကို သယ်လာခဲ့သည်။ ဒီလို ကြီးမားလှသော အစူးတင်းပုတ် ကြီးက သူ့လက်မောင်းထက်တောင် ထူသေးကာ တစ်ချက်သာ တိုက်ရိုက်ထိကြည့်ပါက အရိုးတွေတောင် အက်သွား လောက်ကာ အဆိုးဆုံးကတော့ မသန်မစွမ်းတောင် ဖြစ်သွားစေနိုင်သည်။

Ling Xiao က သူ့လက်ထဲက ဓါးရှည်ကို လွှဲယမ်းကာ Lei Ju၏ သိသာထင်ရှားလှသော အကြည့်ကို တန်ပြန်ပြုံးပြကာ "ငါကလည်း အသိအမှတ် ပြုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်ကွာ"

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now