Chapter 68

13.5K 2K 102
                                    

Chapter-68 Help one another 

You XiaoMo ထောင့်လေးမှာ ဆောင့်ကြောင့် ထိုင်နေကာ သူ့မျက်လုံးများကလည်း ဝေ့လည်ကြောင်ပတ်နှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်၊ "အကိုကြီးLing ၊အခြေနေလေး များ ပြောင်းပေးလို့ ရမလား?"

"ဒါက ရွေးချယ်လို့ရတယ်လို့ မင်းကို ဘယ်သူပြောလဲ? မင်းက အဲ့တာကို ထောင်စေတာ ဆိုတော့ မင်းကပဲ အောက်ပြန်ကျအောင် လုပ်ပေးရမယ် အဲဒါက မင်းတာဝန် ပဲ"

Ling Xiao က သာမာန်ပဲ ပြောလိုက်ကာ သူ့အမူအရာတွေကလည်း ဒီကိစ္စကို ဖြေရှင်းပြီး သွားပုံနဲ့ သူနဲ့မဆိုင်တဲ့ အတိုင်း အထက်စီးကနေ ကြည့်နေလေသည်။

You XiaoMo တံတွေး သီးပြီး သေတော့မလိုပဲ။ မနက်ခင်းမှာ ဖြစ်တဲ့ဟာကလည်း သူ့အမှားပဲလား

ဒါပေမယ့်လည်း တကယ်လည်း သူ့အမှားလို့ထင်ရသည်။

"ဒါပေမယ့် ဒါပေမယ့်လို့ ...... ပြိုင်ပွဲက မကြာခင် စတော့မှာလေ။ ကျွန်တော်တို့ အချိန်မီ မရောက်မှာ စိုးရတယ်။"

You XiaoMo ဆင်ခြေတွေ အကုန်သုံးဖို့ပဲ လုပ်နိုင်တော့သည်။

Ling Xiaoက ထထိုင်လိုက်ပြီး ခုတင်တိုင် ကို မှီလိုက်သည်။ ကာ ပျင်းရိပျင်းတွဲနှင့် "ပြိုင်ပွဲအကြောင်းကို စိတ်ပူစရာ မလိုပါဘူး။ ငါတို့ နောက်ကျသွားရင်တောင်မှ တစ်ခြားသူတွေ သံသယ မဖြစ်အောင် လုပ်နိုင်တဲ့နည်း ရှိတယ်။ ပြီးတော့ ငါမပြည့်မီခဲ့ရင် ပိုတောင်ကောင်းသေးတယ် ။ ဟို ကောက်ကျစ်တဲ့မြေခွေးအိုကြီး Tang Fan ရဲ့ သံသယတွေ တိုးပွားလာတာ ရှောင်ပြီးသား ဖြစ်တာပေါ့။"

 ဒီအချက်က တော့ လုံးဝကို ယုတ္တိရှိသည်။ ပြန်လည်း ပြောစရာ မရှိတာကြောင့် You XiaoMo လဲ နောက်ထပ် ဆင်ခြေတွေ ပေးဖို့ ကြိုးစားတော့သည်။

" ပြောလို့ ဆိုလို့လဲ ပြီးပြီ မင်းလုပ်မှာလား မလုပ်ဘူးလား?" Ling Xiao စိတ်မရှည်စွာပြောလိုက်သည်။

သူဒီတိုင်း အချိန် ဆက်မဖြုန်းချင်ဘူး။ တစ်ယောက်ယောက်ကသာ တံခါးလာခေါက်မယ်ဆိုရင် သူ သေသေချာချာ ချထားတဲ့ အစီအစဉ်တွေ အလကားဖြစ်သွားမှာပေါ့?

ဒီလို ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကြောင့် You XiaoMo လန့်ဖျန့်ပြီး ထခုန်မိသွားသည်။ သူက သနားစရာ ကောင်းစွာ ရှင်းပြလေသည်။ 

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now