Chapter 90

10.9K 1.7K 38
                                    

C-90 One more kiss.

Ling Xiao က You XiaoMo ၏ စိတ်စောနေသော ဟန်ပန်ကို လက်မခံနိုင်တော့ အခန်းကိုသာ တန်းပြန်တော့သည်။

You XiaoMo က တော့ သူ့အစ်ကိုကြီးကို ဒီသတင်းကောင်း ပြောရဖို့ ဘာလို့ တားချင်နေမှန်း မသိ။ သူက ထိုင်ခုံပေါ်တွင် ထိုင်ကာ မကျေမချမ်း ဒေါသတကြီး ကြည့်တော့သည်။

Ling Xiao တံခါးကို ပိတ် လက်ပိုက်ပြီး လမ်းလျှောက်ရင်း သူ့ကို ကြည့်လိုက်သည်။ မီးတွေ တောက်လောက်နေသော ထိုမျက်လုံးများကို သူကြည့်နေသည်။ ထိုမီးတောက်များက သေးသေးလာပြီး နောက်ဆုံး ပျောက်သွားသည့် အထိ ဆက်ကြည့်နေလေသည်။ အဲဒိတော့မှ ပြုံးကာ "ညီငယ်လေး မင့်အစ်ကိုကြီးကို တွေ့ဖို့ အလျင်လိုသေးလား"

You XiaoMo က ချက်ချင်း ခေါင်းခါကာ "မလိုပါဘူး"

လိုတယ် ဆိုတာကိုလဲ မလိုဘူးပဲ ပြောရမည်။

"ဒါဆို ဘာလို့ အရမ်းမြန်မြန်တွေ ပြေးနေတာလဲ"

Ling Xiao က ပြုံးကာ မေးသည်။

"ဒါက ကိုယ့်အခန်းကိုယ် ပြန်ရမှာ မို့လို့လေ။ ရွှေအိမ် ငွေအိမ်တွေထက် ကိုယ့်ကိုယ်ပိုင် တဲအိမ်လေးက ပိုနေလို့ ကောင်းတယ်လို့တောင် ဆိုရိုး ရှိတယ်မလား"

You XiaoMo က စကား ပြန်ကောက်ကာ သူ့ကို ပြန်ချေပလေသည်။

Ling Xiao ကလည်း ဒီစကားတွေက အဓိပ္ပါယ်ရှိတယ်ဆိုတာ ဘယ်လက်ခံပါ့မလဲ။ သူ ထိုင်ခုံ တစ်ခုံဆွဲကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

You XiaoMo က ချက်ချင်း ရေနွေးအိုးကို ကောက်မကာ တရိုတသေ ရေတစ်ခွက် ငှဲ့ပေးလိုက်ကာ "အစ်ကိုကြီးLing စကားမပြောခင် ရေလေးတစ်ခွက် သောက်ပါဦး"

You XiaoMo က သူ့ကို မျက်နှာသာ ပေးကာ ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။

You XiaoMo က ဒါကို အခွင့်ကောင်းယူကာ "အစ်ကိုကြီးLing ကျွန်တော့်ကို အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို ကို သတင်းကောင်း မပြောခိုင်းတာက တစခုခု မှားနေလို့လား"

Ling Xiao နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း မြင့်တက်သွားသည်။ တတ်မြောက်တာ မြန်မနေဘူးလား။ သူက တည်တည်ငြိမ်ငြိမ်ပဲ "ကိစ္စကြီးတော့ မရှိပါဘူး။ တစ်စုံတစ်ယောက်ကတော့ မင်းထက်ပိုပြီး စိတ်အားထက်သန်နေမှာပဲ။ မင်း မသွားရင်တောင် ခဏနေရင် တစ်ယောက်ယောက် မင်းကို လာရှာလိမ့်မယ်"

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now