Chapter 162 Take Action ( Z & U)

9.6K 1.4K 59
                                    

C-162 Take action.

 အခန်း ၁၆၂ အရေးယူခြင်း

You XiaoMo က Ling Xiao ပြန်ရောက်လာတာ ကို သတိမပြုမိပေ။

မြေပေါ်မှာ သနားစရာမျက်နှာလေးနှင့် ဆောင့်စောင့်လေးထိုင်နေသည်။ 

ဂိုဏ်းသား ခုနစ်ယောက်က Qing Cheng ဂိုဏ်းတွင် မြင့်သော အနေအထား ရှိပုံ မပေါ်။ သူတို့ဆီက မှော်အိတ်ခုနစ် အိတ် ထဲတွင် အသုံးဝင်သော ပစ္စည်းအများအပြား မရှိ။

ပြီးတော့ သူတို့က သိုင်းသမားများဖြစ်သောကြောင့် သူတို့မှော်အိတ်ထဲက ပစ္စည်းတွေက တိုက်ခိုက်ကျမ်းတွေ၊ လက်နက်တွေနှင့် သူတို့ အသုံးပြုရန် အဆင့်နိမ့် မှော်ဆေးလုံးများသာ ဖြစ်သည်။ မှော်ဆေးပင်က တော့ သူ တစ်ပင်မျှပင် မတွေ့ပေ။ တစ်ခုတည်းသော နှစ်သိမ့် ကျေနပ်စရာက မှော်အိတ်တစ် အိတ်ချင်းစီတွင် ရွှေပြားပေါင်း တစ်သိန်းကနေ နှစ်သိန်းအထိ ရှိသည်။

You XiaoMo အကြမ်းဖျဉ်း ရေတွက်ကြည့်လိုက်တော့ ဆယ်သိန်း နှစ်သောင်းလောက်တော့ ရှိသည်။

တိုက်ခိုက်နည်းတွေနှင့် အခြားသော သူအသုံးမလိုသော အရာများကို တစ်ဖက်ထားကာ ပုံနေသော မြင်ကွင်းကို Ling Xiao ကြည့်နေသည်။ သူက မှော်အိတ်တစ်အိတ်ကို ကောက်ကိုင်ချိန်မှာ ပျော်ရွှင်စွာတောင် ပြုံးနေသေးသည်။ Ling Xiao က သူ ကြောက်နေမှာ စိုးတာကြောင့်  Ye Danကို သတ်အပြီး မြန်မြန်ပြန်လာတာဖြစ်သည်။

အခုပုံစံကို ကြည့်တော့လည်း သူက ဘာမှ မဟုတ်တာကို စိုးရိမ်နေခဲ့သည်ပဲ။ You XiaoMo ၏ လူသေအလောင်းများ ပေါ်တွင် လက်ခံနိုင်အားက သူထင်ထားတာထက် ကို သန်မာသည်။

You XiaoMo နောက်လှည့်ကြည့်လိုက်တော့ သူ့ကို စချင်ဟန်ဖြင့် မတ်တပ်ကြီးရပ်ကာ ကြည့်နေသော Ling Xiao ကိုတွေ့လိုက်ရ သည်။ သူကအကြည့်ကတော့ သူ့လက်ထဲက မှော်အိတ်ကိုပဲငေးနေသည်။ သူ့နောက်မှာ ပုံထားသော အရာများကို ကတိုက်ကရိုက်ပြပြီတော့မှ ကိုးရိုးကားယာနှင့် ခေါင်းစဉ်ပြောင်းလေသည်။

“အစ်ကိုကြီး Ling ၊ Ye Danကို ဂရုစိုက်ပြီးပြီလား?”

“အကုန်ပြီးသွားပြီ။ သူ့ မှော်အိတ်လဲ ယူလာတယ်”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now