Chapter86

11K 1.8K 20
                                    

C-86 Meat pie from heaven.

အခန်း ၈၆

Lin Xiao က ချစ်ကြည်ရေး ပြိုင်ပွဲတွင် အနိုင်ရသူ ဖြစ်မှန်း Tang Fan က လူလွှတ်ပြီး ပြောထားလို့ He Yan သိတာ ကြာနေပြီ။

Lin Xiao တစ်ယောက် ချစ်ကြည်ရေး ပြိုင်ပွဲတွင် ပထမ နေရာ ဆွတ်ခူးနေသည်မှာ ငါးနှစ်ဆက်တိုက် ရှိနေပြီ။ ဒါက ပဉ္စမအကြိမ် ဖြစ်သည်။ သူ့ကို အရင်က မသိလျှင်တောင် အခုဆိုလျှင် ရင်းနှီးပြီးသားဟုတောင် ပြောနိုင်နေပြီ။ အရင်ကတော့ Lin Xiao က အမြဲတမ်း တစ်ယောက်တည်း လာတတ်သည်။ ဒီတစ်ခေါက်ကတော့ သူက ပိန်ပိန်ပါးပါး မှော်ဆရာလေး တစ်ယောက်ကို သူနှင့် အတူ ခေါ်လာလေသည် တကယ့်ကို မမျှော်လင့်ထားပင်။

"ဦးလေးYe ကျွန်တော် ဒီနှစ်ရဲ့ ဆုကို လာယူတာပါ"

Ye Han ကို မြင်တော့ Ling Xiao က သူလာရသော အကြောင်းအရင်းကို တန်း ပြောလိုက်သည်။

Ye Han ကတော့ သူ့စိတ်ထဲက ပုံရိပ်နှင့် သိပ်မတူလှသော Ling Xiao ကို အံ့သြတကြီး ကြည့်လိုက်သည်။ အရင်တုန်းက Lin Xiao က ဒီလို တက်ကြွနေသော လေသံမျိုးနှင့် သူ့ကို စကားမပြောဖူးချေ။ သူက မကောင်းသော အမူအကျင့်လဲ မရှိပဲ တံခါးမခေါက်ပဲ တန်းဝင်လာတတ်သည်။ သို့သော်လည်း သူ့ရင်ထဲတွင်တော့ သူက ဒီ Lin Xiao ကို ပိုသဘောကျသည်။

အရင်တုန်းက Lin Xiao က စစ်သည်တော် ဌာနတွင် နံပါတ်တစ်ဖြစ်ပေမယ့်လည်း သူ့ရဲ့ အမူအကျင့်က အေးတိအေးစက် နိုင်သည်။ သူ့တာဝန်ကို ထမ်းဆောင်ရာတွင် အလွန်တင်းကြပ်ကာ ပြောချင်သည်ကို တဲ့ဒိုးသာ ပြောဆိုပြီး သူ့ရဲ့ လှုပ်ရှားမှုတိုင်းက စည်းမျဉ်းစည်းကမ်းများ အတိုင်းသာ ဖြစ်သည်။ သူက လူတွေကို နွေးနွေးထွေးထွေး မဆက်ဆံတတ် သလို သိပ် ရင်းရင်းနှီးနှီးလဲ မနေပေ။ ထိုပုံစံက တွက်ချက်ထားသလိုပဲ သူ့ကို သက်တောင့်သက်သာ ခံစားမှု မပေးစွမ်းတာမို့ Ye Han က အရင်က Lin Xiao နှင့် သိပ်အဆက်အဆံ မရှိ။

သို့သော် လက်ရှိ Lin Xiao ကတော့ တစ်မျိုးမျိုးနှင့် ကွာခြားသော ခံစားချက်ကို ပေးစွမ်းလေသည်။ သူ့မျက်နှာပေါ်က အပြုံးက အတင်းအကြပ်လုပ်ရသလို မဟုတ်။

He Yan က သူ့အကြည့်တွေကို သူ့ဘေးက လူငယ်လေးဆီကို မရွှေ့မိပဲ မနေနိုင်တော့။ သန့်စင်တောက်ပသော မျက်လုံးများ နူးညံ့သိမ်မွေ့သော ကိုယ်ဟန်နှင့် အရမ်းကို စိတ်အားတက်ကြွနေသော လူငယ်လေး တစ်ယောက်ပင်။ သူ့ကို ပြောင်းလဲစေသော သူကလည်း ဒီတစ်ယောက်သာ ဖြစ်လိမ့်မည်။ အဲလို တွေးကြည့်မိတော့ Lin Xiao သူ့ကို ဒီကို ဘာလို့ ခေါ်လာသလဲ ဆိုတာ အနည်းနှင့် အများ ပိုနားလည်လာသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin