Chapter 97

9.5K 1.6K 39
                                    

C-97 In the limelight.

အပြာရောင် စိတ်စွမ်းအင်ဆေးလုံးက ကိုယ်ခံပညာရှင်၏ ခွန်အားကို တိုးမြှင့်ပေးရန် သုံးသည်။ ထို မှော်ဆေးလုံး က You XiaoMo တံခါးပိတ်ကျင့်ကြံသော သုံးလအတွင်းက အများဆုံး ဖော်မိသော ဆေးလုံး ဖြစ်သည်။ တစ်ရာ့ ငါးဆယ်လောက် ဖော်စပ်ထားခဲ့သည်။ သူ့ရဲ့ ခက်ခဲမှုက ချန်လပ်ခွန်အားဆေးလုံးနောက် ဒုတိယ လိုက်ကာ အဆင့်နှစ်မှော်ဆေးလုံးတွင် မလုံလောက်နိုင်အောင် ရောင်းရသော ဆေးလုံးလဲ ဖြစ်သေးသည်။ အဲဒါကလဲ သူက ကိုယ်ခံပညာရှင်များ၏ ခွန်အားကို အချိန်တိုတိုလေး အတွင်းမှာ မြှင့်တင်ပေးနိုင် သောကြောင့် ပင်။ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကတော့ တစ်နာရီကြာ ခွန်အားလျော့သွားလိမ့်မည်။ ဆိုးကျိုးရှိပေမယ့်လဲ ကိုယ်ခံ ပညာရှင်တွေက ထိုဆေးလုံးနောက်ကို ဘဲတစ်အုပ်ကဲ့သို့ ကမူးရှူးထိုး လိုက်နေတုန်းပင်။

You XiaoMo က အပြာရောင် စိတ်စွမ်းအင်ဆေးလုံးများစွာ ဖော်ထားတာကလည်း သူ တောင်အောက် သွားလျှင် ပိုက်ဆံအတွက် ရောင်းရန် အလို့ငှာ ပြင်ဆင်ထားတာ ဖြစ်သည်။

သို့သော် သူက Jiang Liu ကိုတော့ လေးစားဆဲပင်။ သူ့ရဲ့ ထူးချွန်သော ပါရမီကို သူ သိထားတာ ကြာလှ ပေမယ့် နှစ်ဝက်ဆိုသော ကာလတိုလေးမှာ အဆင့်နှစ်မှော်ဆရာ အဖြစ် ရောက်ကာ အပြာရောင် စိတ်စွမ်းအင် ဆေးလုံးကိုပါ ဖော်စပ်နိုင်သေးသည်။ သူက အခြားသော ဂိုဏ်းသားများထက် များစွာသန်မာလှသည်။ 

သူ့စကားကို ကြားတော့ You XiaoMo က ပြုံးကာ ခေါင်းညိမ့်ပြာပြီးတော့ ဆေးလုံးကို သူ့ရှေ့က အကြီးအကဲထံ လက်ကမ်းပေးလိုက်သည်။

အကြီးအကဲက သူ့ဆေးလုံးကို ယူလိုက်သည်။ ဒါလေးက ပန်းရောင်ဖျော့ဖျော့နှင့် အလွန်ထင်ရှားကာ စိုတောက်နေသည်။ မှော်ဆေးလုံးများကို သာမာန်လိုပဲ ကြည့်တတ်သော သူ့ရဲ့ အကြည့်က ရုတ်တရတ် မင်သက်သွားသည်။ တစ်ဝက်လောက် မှေးပိတ်နေသော မျက်လုံးများက သူ့ရှေ့က လူငယ်လေးကို အနည်းငယ် အံသြစွာနှင့် ပြူးကြည့်ကာ “ဒီ ချန်လပ်ခွန်အားမှော်ဆေးလုံးက မင်း ဖော်ထားတာလား”

You XiaoMo က မေးခွန်းကြောင့် ကြောင်အအ ဖြစ်သွားသည်။ သူမဖော်ရင် ဘယ်သူ ဖော်မှာတုန်း။ သူက အဲလိုတော့ ဘယ်ပြောရဲပါ့မလဲ။ ခဏလောက် မင်သက်သွားပြီးတော့ ခေါင်းညိမ့်ကာ “အကြီးအကဲကို ပြန်ကြားပါတယ်။ ဒါကို ဖော်စပ်တာ ကျွန်တော်ပါပဲ”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now