အခန်း ၁၄၆ Giggling ( Z & U)

10.4K 1.5K 6
                                    

C-146 Giggling

အခန်း ၁၄ တစ်ခစ်ခစ်ရယ်မောခြင်း
'ကိုယ်ရှာနေတဲ့သူဆိုတာ အရောင်စုံဝိညာဉ်ရှိတဲ့သူတစ်ယောက်။ ကိုယ်ဘယ်တုန်းကမှ မမျှော်လင့်တာက……´
သူ့ရဲ့ ခန့်မှန်းချက်ကို ကြားတော့ Ling Xiao က မငြင်းဆိုပါ အဲဒိအစား သူ့ကို ကြည့်ရင်းတဲ့ နူးနူးညံညံလေးပြုံးနေသည်။ သူက စကားကို ဆုံးအောင်မပြောပေမယ့် သူ့အကြည့်က သံသယဖြစ်ရာ အသေအချာပါပဲ။
သံသယအဖြစ်ခံလိုက်ရတဲ့ You XiaoMo က ချက်ချင်းကို လည်ဆံမွှေးတွေထောင်နေတဲ့ ဖြူကောင်ဖြစ်သွားသည်။ သူ့ဝိညာဉ်ကို သံသယ၀င်တာက သူ့ရဲ့တန်ဖိုးကို သံသယဖြစ်တာနှင့် ညီမျှသည်။ ခွင့်မလွှတ်နိုင်စရာပဲ။
'အစ်ကို အစ်ကို အစ်ကို….ဘာအဓိပ္ပါယ်လဲ? ကျွန်တော်က အရောင်စုံဝိညာဉ်ရှိတဲ့သူနဲ့ မတူလို့လား? အစ်ကိုဒီနေ့ အဖြေရှင်းအောင်မပြောရင် ရှေ့လျှောက်အဖက်ကို မလုပ်ဘူး´ You XiaoMo က ရုတ်တရက် ခက်ထန်မှုအနည်းငယ်ပြလေသည်။
Ling Xiao ရွှင်မြူးမှုကြောင့် တဟားဟားအော်ရယ်နေသည်။ သူက lmw သူ့ကို လက်မောင်းထဲ ဆွဲသွင်းပြီးတော့ ကိုယ်ထိလက်ရောက် ထပ်လုပ်ပြန်သည်။ ဘာလဲ 'အဖက်´ ဆိုတဲ့ ထူးဆန်းတဲ့ စကားအဓိပ္ပါယ်က။ ဘာ့ကြောင့်များသူစကားပြောတာက ပိုပိုပြီးအပျင်းပြေဖို့ကောင်းလာတာလဲ။ (YXM ပြောလိုက်တဲ့စကားက ခောတ်သစ်ဗန်းစကားမို့လို့ LX က နားမလည်တာပါ)
'ကျွန်တော့မေးခွန်းကို မဖြေရသေးဘူးနော်´
သူ့လက်မောင်းကြားထဲမှာ ထိန်းချုပ်ခံနေရတဲ့ You XiaoMo က စိတ်ဓါတ်ကျအားလျော့စွာနဲ့အော်လိုက်သည်။ Ling Xiao ရဲ့ အရှေ့မှာ အင်အားပြဖို့ဆိုတာ သူ့အတွက်အရမ်းခက်ခဲလှသည် ရလဒ်ကတော့…….အီး .. တိုက်ခိုက်နိုင်တဲ့စွမ်းရည်ဆိုတာ အလွန်အရေးကြီးတဲ့အကြောင်းခံတစ်ခုပဲ။ သူကပြစ်ဒဏ်ကို လက်မခံရသေးခင်မှာပဲ သူ့ကို လွှမ်းမိုးပြီးသားဖြစ်နေပြီ။
'တကယ်တော့ ကိုယ် မင်းကို တွေးမိနေတာ ကြာလှပြီ´ Ling Xiao က သက်ပြင်းလေးတိုးတိုးလေးချလိုက်သည်။
You XiaoMo က အခုချိန်မှာ အဆင့်သုံးမှော်ဆရာတစ်ယောက်ပဲ ဖြစ်နေသေးပေမယ့် သူ့ရဲ့တိုးတက်နှုန်းက သေချာပေါက်ကို အရင်ကမဖြစ်ဘူးပေ။ သူ ကောင်းကင်ဝိညာဉ်ကျမ်းစာလိပ်ကို ကျင့်နေတာကြောင့်လဲ ပါပေမယ့် သူ့မှာသူ သာမာန်မဟုတ် ထူးကဲလှတဲ့ မွေးရာပါ ပါရမီမရှိဘူးဆိုရင် တစ်နှစ်အတွင်းမှာ ရိုးရိုးသာမာန်လူတစ်ယောက်ကနေ အဆင့်သုံးမှော်ဆရာအဖြစ် တိုးတက်လာဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်။ သူအရင်က နေဖူးတဲ့ ဘုံအဆင့်မှာတောင် ဒီလိုကောင်းကင်ကို ဆန့်ကျင်နေတဲ့သူတစ်ယောက်တောင် မဖြစ်ခဲ့ဘူးပေ။
ဒီအချက်တွေက You XiaoMoရဲ့မွေးရပါ ပါရမီက သေချာပေါက်ကို အရင်တုန်းက အကဲဖြတ်ခဲ့တဲ့ အစိမ်းရောင်ဝိညာဉ်မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းကို ဖော်ပြနေသည်။ သူသိပ်မကြာသေးခင်ကမှ စပြီး သံသယဖြစ်နေခဲ့တာ ဆိုပေမယ့် အခုလဲ အရမ်းကြီးနောက်မကျသေးပါဘူး။
You XiaoMo သူဘာ့ကြောင့် ရုတ်တရက်ကြီး သက်ပြင်းချရသလဲ နားမလည်သဖြင့် ခေါင်းထောင်ပြီး ကြည့်လိုက်သည်။
သေချာစဉ်းစားကြည့်ပြီးတော့ Ling Xiao က ရုတ်တရက်ခေါင်းငုံကာ သူ့ကို ကြည့်ပြီး လေးနက်တဲ့လေသံနှင့် 'ညီလေး Kong Wen ရဲ့တောင်းဆိုချက်ကိုတော့ အဲဒိအထိရောက်ဖို့အားနည်းနေသေးတယ်လို့ပဲ မင်းဟန်ဆောင်မှရမယ်´
'ဘာလို့လဲ´
Ling Xiaoက အကြောင်းမရှိပဲ ဒီစကားတွေကို ပြောမှာ မဟုတ်ဘူးလို့ သိနေပေမယ့်လဲ You XiaoMo က မခံချင်စိတ်နဲ့မေးလိုက်သည် ။
'မင်းရဲ့ ပါရမီ က အရင်ကနဲ့မှာမတူတော့တာ။ စည်းမျဉ်းတွေအရဆိုရင် သာမာန်ထက်နိမ့်တဲ့ပါရမီရှိသူတွေက တစ်နှစ်ထဲမှာ အဆင့်နှစ်ဆင့် မတက်နိုင်ဘူး။ အဆင့်တစ်ကနေ အဆင့်နှစ်ဆိုတာက ဖြစ်နိုင်သေးတယ် ဒါပေမယ့် မင်းက မှော်ဆရာပဲ သိမှာပါ အဆင့်တစ်ဆင့် မြင့်တိုင်းမှာ အခက်အခဲတွေက တိုးသွားတာ။ အကယ့်လို့ မင်းက နှစ်လတောင်မရှိသေးပဲ အဆင့်သုံးမှော်ဆရာတစ်ယောက်အဖြစ်အဆင့်တက်သွားရင် အဲဒိအချိန်ကျရင် အခြားသူတွေက မင်းကို ဘယ်လိုတွေးမလဲ ဆိုတာ စိတ်ကူးမိလား´
Ling Xiao သူ့ကို မခြောက်လှန့်ချင်ပေမယ့်လည်း You XiaoMoထိခိုက်ဒဏ်ရာ ရသွားမှာကိုလဲ သူဆန္ဒမရှိသောကြောင့် အဆိုပါကိစ္စတွေမဖြစ်ခင်တည်းက ကြိုတင်သတိပြုထားတာ ကောင်းသည်။
အခြားသူတွေ ဘယ်လိုထင်မလဲ?
အဲလိုသာဖြစ်ခဲ့ရင် သူတို့တွေက သေချာပေါက်ကို တစ်ခုခုတော့ မမှန်တာကို တော့ တွေးမိကြလိမ့်မည်။ ပါရမီစွမ်းရည်နည်းတဲ့သူတစ်ယောက်က ထင်ရှားတဲ့ ပါရမီမြင့်မားတဲ့သူတွေထက်တောင် ပိုပြီးအဆင့်တက်တာ မြန်နေပါ့မလား။ သူဆိုရင်လဲ အဲဒိလူက တစ်ခုခု လွဲနေတယ်တော့ တွေးမိလိမ့်မည်။
အဆိုးဆုံးအနေနဲ့ သူအဖမ်းခံရနိုင်ပြီး Kong Wen သူ့အပေါ် လက်တွေ့စမ်းသပ်ချက်တွေလုပ်လိမ့်မည်။  နောက်တော့ သူက သူ့ဝိညာဉ်က အရင်ကနဲ့ မတူတာကို သူတို့ရှာဖွေသိရှိသွားကြလိမ့်မည်။ သူတို့က သူ့ဝိညာဉ်က သူ့တို့ကို ထိခိုက်စေနိုင်မလားဆိုပြီးတော့ ထပ်ပြီးစမ်းသပ်မှုတွေလုပ်လိမ့်မည်။ သူတို့က သူက လူမတူဘူးဆိုတာကို သံသယဖြစ်သွားရင် သူ့ကို ပိုပြီးတော့ စမ်းသပ်ချက်တွေ ထပ်လုပ်လိမ့်မည်။ အဆုံးမှာတော့ သူက စမ်းသပ်ခန်းထဲမှာပဲ နေခွင့်ရတဲက စမ်းသပ်ခန်းထဲကကြွက်ဖြူလေးအဖြစ် ပြောင်းသွားနိုင်သည်။
ဒိလိုအကျိုးရလာဒ်ကို တွေးမိတော့ You XiaoMo ရုတ်တရက် ကြက်သီးတွေထသွားသည်။ ထိတ်လန့်ဖို့ကောင်းလွန်းတယ်။
You XiaoMo သူ့နှုတ်ခမ်းကို တင်းတင်းစေ့ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းစိုက်ပြီး 'ကျွန်တော်ခန့်မှန်းမိပြီ´
သူ့စိတ်အရင်းခံအနေနဲ့ဆိုလျှင် သူက Kong Wen ကို တကယ်ကြီး စိတ်ကုန်နေပြီ။ Kong Wen က သူ့ဆရာဖြစ်ပေမယ့် ဆရာက သူ့ကို သဘောမကျဘူး။ သူကလည်း သူ့ဆရာကို သဘောမကျဘူး။ ဒီတော့ သူက Kong Wen ကို နောင်တရစေချင်သည်။ သူက လိမ္မာတဲ့တပည့်လေးကို မင်းက ငါ့ကို လျစ်လျူရှုတယ်ပေါ့။ နောင်တရလိုက်။
ဒီလိုလှပတဲ့အဆန္ဒလေးအတွက်တော့ နှမြောဖို့တောင်ကောင်းသည်။ အကယ်လို့သူသာ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် ဘယ်နှစ် ဘယ်လ ကျမှများ ဖြစ်လာမှာလဲ
'ညီလေး´
ရုတ်တရက်ကြီး ရယ်ချင်စိတ်ထိန်းမရတဲ့လူတစ်ယောက်အသံ သူ့ခေါင်းပေါ်ကထွက်လာသည်။
You XiaoMo က ချက်ချင်းခေါင်းမော့ကြည့်တော့ Ling Xiao က ရယ်ချင်စိတ်ကို ထိန်းထားတာတွေ့သည် မျက်လုံးထဲမှာလဲ ရွှင်မြူးရိပ်တွေနဲ့ သူ့ကို စချင်သလိုကြည့်နေသည်။ သူ မျက်တောင်ခတ်လိုက်သည် ဘာလဲဟေ။
Ling Xiao ကရယ်ပြီးတော့ ' Kong Wen ကို သေလောက်အောင် ဒေါသထွက်ဖို့လုပ်တာက လွယ်တယ်။ အချိန်တန်လို့ မင်းရဲ့အဆင့်ပေါ်လာရင် Kong Wen က သေချာပေါက် ဒေါသထွက်လိမ့်မယ်´
You XiaoMo '……………….´ ဒီတော့ သူက မတော်တဆ သူ့စိတ်ရင်းကို ပြောမိသွားတယ်ပေါ့။
ပြန်စဉ်းစားကြည့်တော့လဲ Ling Xiao ပြောတာ အဓိပ္ပါယ်ရှိသည်။
Kong Win က သူ့ကို အလွန်တရာ မုန်းတီးနေမှတော့ သူ့ကို သေချာပေါက် သွားခွင့်ပေးမှာ မဟုတ်။ မဟုတ်လျှင် သူ့ကို ခက်ခဲအောင် ရည်ရွယ်ချက်ကြီးနဲ့ လုပ်စရာမရှီ။ အကယ်လို့ သူသာ နှစ်လအတွင်း အဆင့်သုံးမှော်ဆရာအဖြစ်ရောက်ဖို့လမ်းမရှိဘူးလို့သာ ဟန်ဆောင်လျှင် သူက သေချာပေါက်အရမ်းပျော်သွားလိမ့်မည်။ သို့သော် အဲဒိနေ့မှာ ရုတ်တရက်ကြီးပေါ်လာခဲ့ရင် သူ့ရဲ့အိုမင်းနေတဲ့မျက်နှာကြီးက သေချာပေါက်ကြည့်ကောင်းလိမ့်မည်။
မင်းက ငါ့ကို မသွားစေချင်ဘူး။ ငါကလဲ သေချာပေါက်သွားချင်သည်။ မင်းမပါပဲ င့ါကို ကူညီမယ့်သူတွေ အများကြီး ရှိသေးတယ်။
အဲဒိအစီအစဉ်ကို တွေးလိုက်တာနဲ့ You XiaoMo သူ့ခေါင်းထဲမှာအသေးစိတ်ထပ်ထဲ့လိုက်တော့ ရုတ်တရက်သူအရမ်းပျော်သွားသည်။ တခစ်ခစ်နဲ့ရယ်တာ သူ့ဘာသာသူတောင် ရပ်နိုင်အောင်မလုပ်နိုင်ဘူး။ သူက အဲဒိနေ့ရောက်လာမှာတောင် မစောင့်နိုင်တော့ဘူး။
သူ့ရဲ့စိတ်ကြီးဝင်နေတဲ့မျက်နှာအမူအယာကို မြင်တော့ Ling Xiao သူ့ရင်ထဲ ယားစိယားစိဖြစ်လာသည်။ သူ့လက်တွေ ဆန့်ထုတ်ပြီးတော့ သူအောက်မေးရိုးလေးကို ပွတ်သပ်ဖို့စိတ်ကိုတောင် ထိန်းမရဖြစ်စေသည်။ သူကရယ်ရင်းနှင့် 'ကိုယ်ပြောတာ မှန်တယ်မလား?´
You XiaoMo က ပြုံးကာ ခေါင်းအသာညိမ့်ပြလိုက်သည်။ သူက အစီစဉ်ကောင်းကို သိသွားပြီလေ သူ့မေးရိုးကို သူ့လက်နဲ့ သူပြန်ထိစေသလိုအချက်ကို သူက ကျော်ပြီး ကြည့်မိနေတာ 'ကျွန်တော်တို့ အဲလိုပဲ သွားကြတာပေါ့´
သူ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က သူ့အခွင့်အရေးအတွက်တောင်းဆိုတပေးတာအတွက်ကိုတော့ သူနည်းနည်းမကောင်းသလိုခံစားမိပေမယ့် သူ့ရဲ့ မှော်ဆရာဆိုတဲ့ လမ်းလေး လုံခြုံစေရန်အတွက်တော့ အဲဒိ အန္တရာယ်ကို သူမယူနိုင်တာကြောင့် သူတို့ကို ပဲ စိတ်ပျက်စေရမှာပဲ။
ရလာဒ်ကတော့ သူတို့လာရတဲ့ အရေးကြီးကိစ္စတွေလဲ ပြီးပြီ။ Ling Xiao က ကျွမ်းကျင်စွာပဲ အာရုံစိုက်လိုက်ပြီးတာနဲ့ ခြေရာလက်ရာဖျောက်ပြီး ထွက်သွားကြသည်။
You XiaoMo က သူ့ပျော်ရွှင်မှုထဲမှာ သူနစ်မြုပ်နေခဲ့သည်။ သူမေးချင်တဲ့ မေးခွန်းတွေ ရှိနေသေးတာကို သူသတိရလိုက်တဲ့ အချိန်မှာ အချိန်က အရမ်းနှောင်းသွားခဲ့ပြီ။ အဲဒိအချိန်ရောက်ရော အခွင့်ရေးကောင်းတဲ့အချိန်တွေက လွန်သွားခဲ့ပြီးဖြစ်သည်။
သူ့မွေးရာပါ ပါရမီက တကယ်တော့ ပျမ်းမျှထက်မနိမ့်ဘူးဆိုတာ သိလိုက်ရတော့ You XiaoMo က သူ့အိမ်မက်ထဲမှာတောင် တခစ်ခစ်ရယ်ချင်နေသည်။ အဲဒိအဓိပ္ပါယ်က သူက အနာဂတ်မှာ အလယ်အလတ်အဆင့် မှော်ဆရာနဲ့ တန့်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုသည်။ သူ့ရဲ့ အောင်မြင်မှုက အဆင့်တစ်ဆယ်မှော်ဆေးလုံးဖော်နိုင်သည့် QiuRan ဆိုသည့် အဆင့်မြင့်မှော်ဆရာထက်တောင်မှ အံသြစရာကောင်းဦးမှာဖြစ်သည်။
သူ့ရဲ့မွေးရာပါ ပါရမီကို သိရှိသွားတော့ သူ့မှာ အခြားပြဿနာကြီးများကျန်နေသေးသည်။ အဲဒါက အဆင့်မြင့်မှော်ဆေးပင်မျိုးစေ့တွေ စုဆောင်းဖို့ဖြစ်သည်။
အစက သူက အဆင့်ခြောက်မှော်ဆရာဖြစ်လာရင် အကောင်းဆုံးပဲလို့သာ တွေးနေခဲ့တာ။ ဒါ့ကြောင့်  သူအဆင့်မြင့်မှော်ဆေးပင်မျိုးစေ့တွေ မမေးတာဖြစ်သည်။ အခုတော့ တကယ့် အခြေအနေကို သူသိပြီဆိုတော့ သူက အဆင့်မြင့်မှော်ဆေးပင်မျိုးစေ့တွေ စပြီး စုဆောင်းမှဖြစ်တော့မည်။ မဟုတ်လျှင် သူအဆင့်ခုနစ်မှော်ဆရာအဖြစ်ရောက်ချိန်ကျရင် လိုအပ်တော့မှာ ဘုရားခြေတော်ကို ဖက်ပြီး အစေ့တွေအတွက် လျှောက်ရှာနေရမည်။
အဲလိုတွေးတော့ You XiaoMo အတွေးတွေက YunShuiတောင်ထိတ်ကို ရောက်သွားသည်။ သူမှတ်မိတာတော့YunShui တောင်ထွတ်က သူတို့အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်မှော်ဆေးပင်တွေ စိုက်သည့်နေရာပင်။ အဲဒိမှာ အဆင့်မြင့် မှော်ဆေးပင်တွေ အများကြီးရှိနေမှတော့ သေချာပေါက် အစေ့တွေတော့ ရှိမှာပင်။ အစေ့အကြောင်းစဉ်းစားမိတော့ သူဦးလေးYe Hanကို သတိရသွားသည်။ သူ့ကို မှတ်မိနေပါဦးမလား?
ဆိုးတာ။ သူ့အခွင့်အရေးကို အစ်ကိုကြီးနဲ့ ဒုတိယအစ်ကို ကို ပေးလိုက်တုန်းက ဦးလေးYe Han က ပျော်ရွှင်နေပုံ မရဘူး….
ဒါပေမယ့် ဒီဟာတွေအားလုံးက နောက်မှဖြစ်လာမှာဖြစ်သည်။ You XiaoMo က အခုချိန်မှာ တစ်ဖက်သတ်အနေနဲ့ပဲ ထားလို့ရသည်။ နောက်ပိုင်းကျရင်တော့ သူအခွင့်အရေးရှာပြီးတော့ YunShui တောင်ထွတ်သွားဖို့လုပ်ရမည်။ အခုတော့ TianXin ဂိုဏ်းကို ပြန်ဖို့အချိန်ရောက်ပြီ။
ကျောက်စိမ်းပန်းပု ဆယ့်နှစ်ရုပ်အတွက်ကတော့ Ling Xiaoက သူတို့နဲ့ပတ်သတ်တာ အများကြီးမပြောပဲ သူ့ကို သေချာသိမ်းထားဖို့သာ ပြောသည်။
You XiaoMo က ကျောက်စိမ်းပန်းပု ဆယ့်နှစ်ခုကို အလှပြပစ္စည်းများအနေနဲ့သာ သတ်မှတ်သည်။ ကျောက်စိမ်းပန်းပုပေါ်က ထွင်းထုထားသော မှော်ဝင်သားရဲများကိုတော့  ၀မ်းနည်းစွာနဲ့ပဲ သူဖတ်ဖူးသော အဆင့်မြင့်မှော်ဝင်သားရဲများအကြောင်းစာလိပ်များတွင် တစ်ခါမှ မတွေ့ဖူးပေ။ သို့သော် အဲဒါက ထူးဆန်းတယ်လို့တော့သူမခံစားရ။ မှော်ဝင်သားရဲဆိုတာကလဲ အမျိုးအစားအများကြီးရှိသည်။ လူသားမျိုးနွယ်တွေက သူတို့တစ်ကောင်ချင်းစီကို ပုံဆွဲဖို့အသာထား တွေ့ဖူးဖို့ ဆိုတာတောင် မဖြစ်နိုင်။ လူသားတွေ မရှာဖွေမိသေးသည့် အချို့အမျိုးအစားတွေ ရှိနေနိုင်သည်။
ဒီတစ်ခေါက်တော့ Ling Xiao ကသူ့နယ်မြေရဲ့စွမ်းအင်ကို သုံးပြီးတော့ HePing မြို့လေးကို တန်းပြီးရွေ့လိုက်သည်။
HePing မြို့လေးက အရင်အတိုင်းပဲဖြစ်သည်။ လမ်းတွေက သွားလာနေတဲ့လူတွေနဲ့ ပျားပန်းခတ်မျှဖြစ်နေသည်။ သို့သော် သုခဘုံနယ်မြေဖွင့်ဖို့ အချိန်နီးလာသောကြောင့်ထင်သည် သုခဘုံနယ်မြေကို ခရီးထွက်ဖို့ ပြင်ဆင်ကာ မှော်ဆေးပင်တွေနဲ့ မှော်ဆေးလုံးတွေ အရောင်းအ၀ယ်လုပ်နေသူတွေ များများလာသည်။
You XiaoMo နှင့် Ling Xiao က မှော်ဆေးလုံးအရောင်းဆိုင်တစ်ဆိုင်ထဲ ၀င်သွားကြသည်။ မှော်ဆေးလုံးဆိုင်တွေကမှော်ဆေးလုံးတွေ ရောင်းသည်။ သို့သော် မှော်ဆေးလုံးများ၏ ဆေးဖက်ဝင်သော အကျိုးအာနိသင်များကို ထိန်းထားနိုင်ရန်အတွက် ကျောက်စိမ်းပုလင်းများတွင် သုံးသောကြောင့် မှော်ဆေးလုံးဆိုင်များက ကျောက်စိမ်းပုလင်းများကို အရောင်းအ၀ယ်လုပ်လေ့ရှိသည်။
You XiaoMo က ကျောက်စိမ်းပုလင်းရာဂဏန်းအနည်းငယ်လောက်ဝယ်ဖို့လုပ်ထားသည်။ အဓိက အကြောင်းရင်းကတော့ သူကအခုတလော မှော်ဆေးလုံးအများအပြားဖော်ဖြစ်နေသည်။ အမျိုးအလိုက်ခွဲပြီးထားဖို့အတွက် သူ့မှော်အိတ်ထဲက ကျောက်စိမ်းပုလင်းတွေအကုန်သုံးလိုက်ရသည်။
သူကျောက်စိမ်းပုလင်းတွေလိုချင်တယ်ဆိုတာ ကြားတာနဲ့ ဒီလောက်စဉ်းစားစရာပမာဏများကြီးကြောင့် ဧည့်ကြိုက သူ့ကို အကြိမ်အနည်းငယ်မကြည့်ပဲ မနေနိုင်တော့။
ပုံမှန်အားဖြင့် ကျောက်စိမ်းပုလင်းတစ်ရာအထက်ဝယ်သူတွေက အဆင့်နိမ့်မှော်ဆရာများမဟုတ်ချေသို့သော် သူ့အရှေ့က ဆယ့်ခုနစ် ဆယ့်ရှစ်မကျော်သေးပုံမရသော လူငယ်လေးက တကယ့်ကြီး သုံးရာကို တစ်ခါတည်းနဲ့ ၀ယ်နေသည်။
ဧည့်ကြိုက သူ့ကို ဂိုဏ်းတစ်ခုခုက ဂိုဏ်းတစ်သားဖြစ်နိုင်တယ်လို့တွေ့ပြီးတော့ သံသယမ၀င်တော့။ သူက ကျောက်စိမ်းပုလင်းအမျိုးအစားအကုန်လုံးထုတ်ပြီးတော့ 'ဧည့်သည်တော် ကျွန်တော့်တို့မှာ ကျောက်စိမ်းပုလင်းဆယ်မျိုးရှိတယ် ဘယ်အမျိုးအစား ကို သဘောကျလဲ´
ကျောက်စိမ်းပုလင်းများက မှော်ဆေးလုံးများ၏ ဆေးဝါးအာနိသင်ကို ထိန်းနိုင်စွမ်းရှိသည်။ အရည်အသွေးမြင့်လေလေ အကျိုးသက်ရောက်မှုများလေလေဖြစ်ကာ အထူးသဖြင့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဆေးလုံးများပေါ်တွင် သိသာသည်။ ပုံမှန်အားဖြင့် မှော်ဆရာတွေက အမျိုးအစားကောင်းတာကို ရွေးတတ်ကြသည်။
မည်သို့ပင်ဆိုစေကာစေ You XiaoMo က တော့ အဲဒါကို အလေးထားမနေ။ တစ်ခုပဲ သူဖော်နေတဲ့ မှော်ဆေးလုံးတွေက အဆင့်နိမ့်မှော်ဆေးလုံးတွေဖြစ်သည်။ အခြားအကြောင်းရင်းကတော့ သူက သူဖော်သမျှမှော်ဆေးလုံးတွေကို သူ့နယ်မြေထဲမှာထားသည်။ နယ်မြေက စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ပြည့်နေတာ ဆိုတော့ အဲဒါက သိမ်းဖို့အကောင်းဆုံးနေရာဖြစ်သည်။ သူသုံးဖို့မလိုခင်လေးမှပဲ အဲဒါတွေကို သူ့မှော်အိတ်ထဲ ပြောင်းဖို့လိုသည်။
ဧည့်ကြိုက သူအဆင့်အနိမ့်ဆုံးအရည်အသွေးရှိတဲ့ကျောက်စိမ်းပုလင်းတွေပဲ ၀ယ်ချင်တာမြင်တော့ အနည်းငယ်တော့ စိတ်ပျက်သွားသည်။ သို့သော် သုံးရာဆိုတာက နည်းတဲ့ဂဏန်းမဟုတ်။ အဲဒါက နှစ်သိမ့်ဆုလေးဖြစ်သည်။ အလွန်လျင်မြန်စွာနဲ့ သူအားလုံးတွက်တွက်လိုက်သည်။ အားလုံးပေါင်း ရွှေပြားသုံးဆယ်ဖြစ်သည်။ ကျောက်စိမ်းဆယ်ပုလင်းကို ရွှေတစ်ပြားကျသင့်သည်။
ပေးချေမှုကိစ္စတွေပြီးတာနဲ့ You XiaoMo က တောင်ပံငှက်နှင့် အတူ Ling Xiao ပါ ရှိနေတဲ့ ကွင်းပြင်ကို ဦးတည်လိုသည်။ ဒါ သူတောင်အောက်ကို ပထမဆုံးအကြိမ် ဆင်းတုန်းက ပထမဆုံးရောက်သော နေရာဖြစ်သည်။ အဲဒိနေရာက Tian Xin ဂိုဏ်းသားများ ပြန်လျှင်သုံးသောနေရာလည်းဖြစ်သည်။
Unicode
C-146 Giggling

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now