Chapter 136 The Insect Is Here (Z & U )

10K 1.6K 24
                                    

Zawgyi
C-136 The insect is here.
အခန္း ၁၃၆ အင္းဆက္က ဒီမွာ
You XiaoMo က သုခဘံုနယ္ေျမႏွင့္ ပတ္သတ္တာေတြ တကယ္ နားမလည္ေခ်။ သူ႕အေတြးေတြက အျခားကိစၥတစ္ခုကို ျမန္ျမန္ၾကီးေျပာငး္သြားသည္။ Ling Xiao ကုိ ရုတ္တရက္ စိတ္လႈပ္ရွာစြာႏွင့္ 'အစ္ကိုၾကီးLing ကၽြန္ေတာ္ သတင္းေကာငး္ေျပာစရာရွိတယ္။ ဟိုအဆင့္ရွစ္ေမွာ္၀င္သားရဲဥ ေပါက္သြားျပီ´
'အရမ္းေကာင္းတာေပါ့´
Ling Xiao နည္းနည္းေလးေတာင္ မအံ့ၾသပဲႏွင့္ ျပံဳးကာ ေျပာေလသည္။ စိတ္၀ိညာဥ္အားေတြ ျပည့္ေနတဲ့ ေနရာမွာ ထားတာမွ ေစာေစာ မေပါက္လွ်င္သာ ထူးဆန္းေနမွာ ျဖစ္သည္။
You XiaoMo ကေတာ့ ပီတိေတြျပည့္ေနေသာ အျပံဳးျဖင့္ 'ကၽြန္ေတာ္ သူ႕ကို နာမည္ေျပာင္ေတာင္ေပးထားေသးတယ္။ ဘာလဲလို႕ မွန္းၾကည့္ပါလား?´
နာမည္ေျပာင္ကို ခန္႕မွန္းခိုင္းတာ? Ling Xiaoရဲ႕ ႏႈတ္ခမ္းေတြ အေပၚကို စတင္ေကြးတက္သြားကာ သူ႕ပံုက စဥ္းစားေနပံုေပၚသည္။
You XiaoMo က သူ႕အမူအယာကို ၾကည့္ျပီးေတာ့ သူခန္႕မွန္းေတာ့မယ္ဆုိတာ သိသည္။ သူစိတ္မလႈပ္ရွားပဲ မေနႏုိ္င္ သူ႕ကို ေငးၾကည့္ေနတဲ႕ မ်က္လံုးေလးေတြက အလင္းေတာက္ေတာက္ေလးေတာင္ ထြက္ေတာ့မလိုထင္ရသည္။
Ling Xiao က သူ႕ကို အဓိပၸါယ္အျပည့္ပါတဲ့ အျပံဳးတစ္ခုကို ရုတ္တရက္ လွစ္ဟာလိုက္ကာ 'ညီေလး´
အင္? You XiaoMo ခ်က္ခ်င္းေခါင္းညိိမ့္လုိက္သည္။
Ling Xiao က ' အစ္ကိုၾကီးငါ ရဲ႕ ဉာဏ္ရည္က မင္းနဲ႕ ႏိႈ္ငး္ယွဥ္ႏို္င္မယ္လို႕ ထင္တာလား?´
You XiaoMo၏ နဖူးမွာ ခ်က္ခ်င္း ေမးခြန္းပံု မီးသီးေလးေတြ လင္းသြားသည္။ အ.. ဘာအဓိပၸါယ္လဲ? ကြာျခားခ်က္က အရမ္းၾကီး ၾကီးေပမယ့္ ခန္႕မွန္းခိုင္းတာနဲ႕ ဘာဆိုင္လို႕လဲ?
Ling Xiao က သူနားမလည္ေသးတာ ျမင္ေတာ့ လြယ္လြယ္ေလးေျပာလုိက္သည္ 'ဒီလုိ ဉာဏ္ရည္ျမင့္တဲ႕သူနဲ႕ ဒီလုိဉာဏ္ရည္ နိမ့္တဲ႕လူက ၾကိဳက္တာျခင္းတူမယ္လို႕ မင္းထင္ေနတာလား?´
You XiaoMo '…………´
သူ႕ရဲ႕နိမ့္က်တဲ့ ဉာဏ္ရည္ေလးကို ေစာ္ကားတဲ့အတြက္ ေက်းဇူးတင္တယ္။ ေမွာ္၀င္သားရဲေလးအတြက္ နာမည္ေပးတာက မင္းရဲ႕ ျမင့္မားတဲ႕ ဉာဏ္ရည္ ေအာက္မွာလား?
You XiaoMo စိမ္းစိမ္း၀ါး၀ါးအၾကည့္ေတြ ပစ္လႊတ္ထဲ့လိုက္သည္။ အဲေတာ့ သူ႕ ဉာဏ္ရည္နိမ့္ေတာ့ ဘာျဖစ္လဲ? သူ႕ ရဲ႕နိမ့္က်တဲ႕ ဉာဏ္ရည္ကို ေလ်ာ့တြက္တယ္လား? သာမန္ဖိနပ္ခ်ဳပ္သမားဆယ္ေယာက္က Zhuge Liangကုိ ေက်ာ္လြန္နိုင္တယ္ဆိုတာ မၾကားဖူးဘူးလား? (Zhuge Liang က ဉာဏ္ပညာၾကီးမားတဲ့ လူပါ Romance of Three Kingdoms ထဲက အဓိကလူစြမ္းေကာင္းျဖစ္ပါတယ္တဲ့ )
အမွန္တကယ္ကေတာ့ သူဘယ္တုန္းကမွ မၾကားဖူးခဲ့ဘူး။
'ဒီေတာ့ နားေထာင္ရေအာင္ မင္းဘာနာမည္ေပးထားတာလဲ?´
Ling Xiao ကေတာ့ သူ႕ဆီက စိမ္းစိမ္း၀ါး၀ါးအၾကည့္ရလိုက္တာမို႕ ဂုဏ္ယူသြားသည္။ အလြန္အမင္းေက်နပ္သြားကာ ေနာက္ဆံုးေတာ့ သူ႕ကို စေနတာရပ္လုိက္သည္။ တကယ္ေတာ့ သူလဲနည္းနည္းေတာ့ သိခ်င္ေနသည္။ သူေသြးျပာ၀ံပုေလြကို ဘာနာမည္ေျပာင္မ်ား ေပးသလဲ? ေသြးျပာ၀ံပုေလြလို႕ ေခၚရင္ လံုေလာက္ေနသားနဲ႕။ နာမည္ေပးဖို႕ လုိလို႕လား?
'PiQiuေလး´ (ရာဘာေဘာလံုးေလး) You XiaoMo သူ႕ကို ျဖတ္ခနဲၾကည့္ျပီး အသံေသးေသးေလးႏွင့္ ေျပာလုိက္သည္။
Ling Xiao ရယ္တာမွ ႏွာေခါင္းထဲမွပါ အသံမထြက္နုိ္င္ေအာင္ေတာင္ သတိမထားနုိ္င 'ဒီနာမည္…….အဓိပၸါယ္ တစ္ခုခု ေကာ ရွိလို႕လား?´
You XiaoMo ခ်က္ခ်င္း ေခါင္းညိမ့္လိုက္ကာ 'ရွိတာေပါ့။ သူက အရမ္းထိခိုက္ေစတတ္တာ။ သူ႕ကို ခဏေလာက္ မၾကည့္ဘူးဆိုရင္ တစ္ေနရာကေန ေနာက္တစ္ေနရာကုိ လွိမ့္သြားတာမ်ား ရာဘာေဘာလံုးေလးအတုိ္င္းပဲ´
သို႕ေသာါ You XiaoMo ဆိုတဲ့ ေကာင္ေလး သတိမမူမိတာက ရာဘာေဘာလံုးေလးဆိုတာက ေခာတ္သစ္မွာမွာပဲ ေတြ႕ႏို္င္တာျဖစ္သည္။ ၾကီးျမတ္တဲ႕Ling Xiao က ေရွးေခာတ္ကို တစ္ေလွ်ာက္ျဖတ္သန္းလာသူပင္။ သူကေတာ့ ရာဘာေဘာလံုးေလးဆုိတာကို ရိုးရိုးေလးကို နားမလည္တာျဖစ္သည္။ သို႕ေသာ္ အဲဒါက ေသြးရူးေသြးတန္းႏွင့္ ေျပးလႊားခုန္ေပါက္ႏိုင္သည္ဆိုေတာ့ အေတာ္အျငိမ္မေနတတ္သည့္အေကာင္ေလးပဲ ျဖစ္ရမည္။
သူတို႕ႏွစ္ဦး အခ်ိန္အတန္ၾကာ စကားဆက္ေျပာေနၾကေသးသည္။ Ling Xiaoက အခ်ိန္အၾကာၾကီး မေနႏိုင္ေသေၾကာင့္ သူက အရင္ထြက္ခြာသြားသည္။ You XiaoMo ကေတာ့ ထြက္မသြားခင္ သူတစ္ေယာက္ထဲ ႏွစ္နာရီနီးပါးေလာက္ က်န္ခဲ့ေသးသည္။
သူျပန္သြားေသာအခါ သူ႕နယ္ေျမထဲ ၀င္ျပီး PiQiuေလးကို စစ္ေဆးၾကည့္ရေသးသည္။ PiQiuေလးက အရမ္းနာခံတတ္ေသာ္လည္း အဲလိုမ်ိဳးနာခံတတ္တာမဟုတ္ပဲ သစ္သားတဲအတြင္းမွာ ဟိုခုန္ဒီခုန္လုပ္ေနသည္။ ေတာ္ေသးတာက သူက သူ႕ပစၥည္းေတြကို ေၾကာင္အိမ္ထဲ ထဲ့သိမ္းတာလို႕ျဖစ္သည္။ မဟုတ္လွ်င္ သူ႕ေၾကာင့္ ပ်က္စီးကုန္မွာ ျဖစ္သည္။
You XiaoMo ကလဲ သစ္သားတဲေလးထဲမွာပဲ အျမဲတမ္း ေသာ့ခတ္မထားခ်င္ေပ။ အဓိက ကေတာ့ သူ႕ကို ျမင္တာနဲ႕ PiQiuေလးက သူ႕၀တ္ရံုရဲ႕အနားေလးကို တြယ္ကပ္ေနကာ လႊတ္ကိုမေပးေတာ့ေပ။ သူ႕မွာ သူ႕ကို နယ္ေျမအျပင္ကို ပါ ေခၚထုတ္လာဖို႕အျပင္ ေရြးခ်ယ္စရာ မရွိေတာ့။
'PiQiuေလး အာ PiQiuေလး အျပင္ကို ေျပးမထြက္ရဘူးဆိုတာ မွတ္ထားရမယ္ေနာ္ ျပီးေတာ့ မေဟာင္ရဘူး။ မင္းရွိေနတာသာ သိသြားၾကရင္ မင္းကို အေ၀းကို ေခၚသြားၾကမွာ နားလည္လား?´
You XiaoMo PiQiuေလးကိုလက္ႏွစ္ဖက္ႏွင့္ ေကာက္ခ်ီျပီးေတာ့ မ်က္ႏွာခ်င္းဆုိင္း သတိေပးေတာ့သည္။
PiQiuေလးက သူ႕ရဲ႕ေက်ာက္နီေလးနဲ႕တူလွတဲ့ မ်က္လံုးေလးေတြကို မွိတ္ျပကာ ေခြးေလးတစ္ေကာင္လိုမ်ိဳး လွ်ာေလး တန္းလန္းခ်ထားသည္။
You XiaoMo က သူ႕ေခါင္းေလးကို ပုတ္ျပိး 'PiQiuေလး မင္းက ေခြးမွမဟုတ္တာ။ လွ်ာၾကီးခ်မထားနဲ႕ေလ ေခါင္းညိမ့္ရမွာ နားလည္လား?´
'အုိ…´
PiQiuေလးရဲ႕အူသံေလးထြက္လာကာ သူအူလုိ႕ မျပီးခင္မွာပဲ သူ႕ပါးစပ္ကို You XiaoMo လွမ္းပိတ္လုိ္က္ေတာ့သည္။
'ရွဴးရွဴး ရွဴး´
You XiaoMo ကတုိက္ကရိုက္ တိတ္ခိုင္းလုိ္္က္သည္။ သူသာအူခြင့့္ ေပးလုိက္လွ်င္ ဘယ္ညာ အခန္းနားနီးခ်င္းေတြက ၾကားသြားမွာ ေသခ်ာသေလာက္ရွိသည္။ အဲလုိသာျဖစ္သြားရင္ သူ႕အခန္းထဲကအူသံထြက္လာတာကို သူဘယ္လုိ ရွင္းျပရပါ့မလဲ? သူျမန္ျမန္ သတိေပးလုိက္သည္ 'PiQiuေလး မင္းကို အူူလို႕မခိုင္းဘူးေလ ငါက မင္းေခါင္းကိုညိမ့္ဖုိ႕ပဲ ခိုင္းတာ ေခါင္းညိမ့္ေနာ္ မင္းနားလည္လား?´
သူေျပာျပီးတာနဲ႕ သရုပ္ျပမႈအနည္းငယ္ပါ လုပ္ျပလိုက္သည္။
PiQiu ေလးက သူကေခါင္းေလးကို လႈပ္ရမ္းျပီး ျပန္ေျဖကာ သူ႕သခင္ရဲ႕အခန္းကို စတင္စစ္ေဆးေတာ့သည္။
You XiaoMo ကေတာ့ အကူအညီမဲ့စြာနဲ႕ ေခါင္းခါလိုက္သည္။ ၾကည့္ရတာ ေကာင္းကင္ဘံုပြင့္ဖို႕မ်ား သူဆုေတာင္းခဲ့သလားပဲ။ PiQiu ေလးက အေကာင္ေပါက္တာ ႏွစ္ရက္ေတာင္ မရွိေသးတာမို႕ သူ႕စကားေတြ နားမလည္တာကို ေမွ်ာ္လင့္ထားဖို႕ပဲ ရွိသည္။ သူ PiQiuေလးကုိ ၾကမ္းျပင္ေပၚမခ်ေသးခင္ အခန္းတံခါးႏွင့္ျပတင္းေပါက္မ်ားကို မင္းတံုးခ်လုိက္သည္။
လြတ္လပ္ေရးရသြားတာႏွင့္ PiQiuေလး ကခ်က္ခ်င္းကိုအရယူကာ သူအၾကိဳက္ဆံုးအရာကိုစလုပ္ေတာ့သည္ ေဘးမွာ စက္၀ိုင္းပံုပတ္ေျပးေနတာ။ ဒီတစ္ၾကိမ္ေတာ့ စားပြဲခုံကို ပတ္ေျပးေနသည္။ အေတာ္ၾကာပတ္ေျပးျပီးေတာ အျခားတစ္ခုကိုပတ္ေျပးေနျပန္သည္။  အရာအားလံဳးကို ပတ္ေျပးျပီးေတာ့ ေနရာမွာ ဆက္ျပီး ပတ္ေျပးျပန္သည္။
သူဆက္မအူေတာ့တာ ေတြ႕တာႏွင့္ You XiaoMo နယ္ေျမထဲက အရုပ္တစ္ခုထုတ္ယူလုိက္ကာ PiQiuေလး ကစားဖို႕ေပးလိုက္သည္။ ကစားစရာက ၀ါးအေၾကာမ်ားႏွင့္ ရက္လုပ္ထားေသာ ေဘာလံုးတစ္လံုးျဖစ္သည္။ သူ HunJi ျမိဳ႕ၾကီးကို သြားတုန္းက လမ္းေတြထဲ ေလွ်ာက္ပတ္သြားတုန္းက၀ယ္ခဲ့တာျဖစ္သည္။ PiQiuေလးက ၀ါးေဘာလံုးေလးႏွင့္ အရမ္းေပ်ာ္ရႊင္ကာ သူ႕လက္ေလးေတြထုတ္ကာ ေရြ႕ေအာင္ လွည့္ပတ္ေဆာ့ေနေတာ့သည္။
သူ႕ရဲ႕ PiQiuေလး ဆိုတဲ႕နာမည္ႏွင့္ လိုက္ဖက္လွကာ ေဘာလံုးမ်ားၾကိဳက္ေနလိုက္တာ။
ေဘးဘက္မွာ ေဆာ့ကစားခြင့္ေပးထားေတာ့ You XiaoMo ေမွာ္ေဆးလံုးေတာင္ မေဖာ္ရဲေပ။ သူ ေမွာ္ေဆးလံုးစေဖာ္တာနဲ႕ သူက အရမ္းအာရံု၀င္စားသြားမွာ ျဖစ္သည္။ သူက ေသခ်ာေပါက္ကို PiQiuေလးကို ၾကည့္ႏိုင္မွာမ ဟုတ္ေပ။ အကယ္လို႕ သူသာ ေဘးအႏၱရာယ္တစ္ခုခုထဲသာ ေရာက္သြားပါက အျခားသူေတြရဲ႕အာရံုကို ဖမ္းစားမိကာ သူ႕ကို ေသေစေလာက္သည္။
စာအုပ္စင္ကေန ေျမပံုစာအုပ္ကို ယူလုိက္ကာ Long Xiao တိုက္မၾကီး ေျမပံုကို စေလ့လာလိုက္သည္။
သူစာၾကည့္တုိက္ကေန စာအုပ္ေတြအမ်ားၾကီး ငွားလာတာျဖစ္သည္။ တစ္ၾကိမ္ကို ဆယ္အုပ္အထက္ ရသည္။ ပံုမွန္ကေတာ့ သူတစ္လအတြင္းျပီးမွာ ျဖစ္ကာ သူ႕စြမ္းရည္ကိုပဲ ေက်းဇူးအမ်ားဆံုးတင္ရမည္ျဖစ္သည္။
ရက္အနည္းငယ္အၾကာ Ling Xiao သူ႕ကို လာရွာျပန္သည္။
ဒီတစ္ၾကိမ္ေတာ့ အျခားသတင္းမ်ားပါ သယ္လာသည္။ အဲဒါကေတာ့ ၾကယ္ခုနစ္ပြင့္ လွ်ိဳ႕၀ွက္အေမႊးနံ႕သာ အင္းဆက္ အထီးက သူ႕လက္ထဲ ေရာက္ေနျပီျဖစ္သည္။
အရင္က Ling Xiaoက အမကို အျခားတစ္ေနရာမွာ ခ်ည္ေႏွာင္ထားကာ အရံအတားတစ္ခုကို အနားမွာ ခ်ထားတာျဖစ္သည္။ အထီးေပၚလာခ်ိန္မွာ သူခ်က္ခ်င္း အာရံုခံမိလုိက္သည္။ ဒီေတာ့ အထီးကိုပါ တစ္ေနရာထဲမွာပဲ ဖမ္းမိကာ အေရးၾကီးတာတစ္ခုက သူတို႕ကုိ ေနာက္ေယာင္ခံလုိက္ေနတဲ႕လူေတြကို ပါ ဖမ္းမိသြားတာျဖစ္သည္။
ကံေကာင္းစြာနဲ႕ သူက ေခါင္းေဆာင္ျဖစ္သူကို မွတ္မိသည္။ အဲဒါက ေမွာ္ေဆးလံုးဗဟိုအလုပ္ရံုမွ မန္ေနဂ်ာျဖစ္သည္။ သူတို႕ကုိ ေမွာ္ေဆးပင္ေတြ ေရာင္းတဲ႕ အဖိုးၾကီးျဖစ္သည္။ Tang Hui ျမိဳ႕ၾကီး၏ အရွင္သခင္ကေတာ့ ေပၚမလာေခ်။ သူက ကံေကာင္းစြာနဲ႕ လြတ္ေျမာက္သြားသည္။
Ling Xiao ကသူတို႕ကို တစ္ခြန္းမွ ေျပာခြင့္မေပးပဲ သူ႕နယ္ေျမထဲကို တန္းထည့္ထားတာျဖစ္သည္။ ရက္အနည္းငယ္ၾကာမွ You XiaoMo ကို သြားရွာဖို႕ အခ်ိန္ရေအာင္လုပ္ကာ သူနွင့္အတူ ၾကယ္ခုနစ္ပြင့္လွ်ိဳ႕၀ွက္အေမႊးနံ႕သာအင္းဆက္အစံုလုိက္ ကို ယူလာလုိက္သည္။
'ဒါက ၾကယ္ခုနစ္ပြင့္ လွ်ိဳ႕၀ွက္အေမႊးနံ႕သာ အင္းဆက္ အဖိုနဲ႕အမ အစံုလုိက္လား? ဘယ္ဟာက အထီးလဲ?´
You XiaoMo က စားပြဲခံုေပၚ မွာ ကို႕ယို႕ကားယားပံုနဲ႕ ေက်ာက္စိမ္းေသတၱာထဲမွာ ေသေနသလုိမ်ိဳး လဲေလ်ာင္းေနတဲ့ ၾကယ္ခုနစ္ပြင့္ လွ်ိဳ႕၀ွက္အေမႊးနံ႕သာ အင္းဆက္ေတြကို ၾကည့္လုိက္သည္။ အျပင္ကေနၾကည့္ရင္ လံုး၀တူတယ္။ ဘယ္ဟာ အထီး ဘယ္ဟာအမ ဆိုတာ ဘယ္လိုမွ ေျပာလို႕ မရေပ။
Ling Xiao u ဘယ္ဘက္က တစ္ေကာင္ကို လက္ညိဳးထိုးျပကာ 'ဒီဟာက အထီး´
You XiaoMoက ဂုဏ္သေရရွိလူၾကီးမင္းမ်ားက ဘယ္ဘက္ အမ်ိဳးသမီးမ်ားက ညာဘက္ ဆိုတဲ႕ ပံုကို မေတြးပဲ မေနႏိုင္ကာ ဒီမွာလဲ ဒီနည္းရွိပံုရသည္။ သို႕ေသာ္သူ က အရမ္းသိခ်င္ေနတာမို႕ သူ႕လက္ေခ်ာင္းေလးေတြ ဆန္႕ထုတ္ကာ ေရြ႕တဲ႕ အင္းဆက္ႏွစ္ေကာင္ကို ထိလုိက္သည္ 'ဘာလို႕ မလႈပ္တာလဲ?´
Ling Xiao က ေက်ာက္စိမ္းေသတၱာထဲက ၾကယ္ခုနစ္ပြင့္ လွ်ိဳ႕၀ွက္အေမႊးနံ႕သာ အင္းဆက္မ်ားကို ေရးေတးေတးေလး တစ္ခ်က္ၾကည့္လုိက္ျပိး ေပ့ါေပ့ါပါးပါးပဲ 'ေသဖုိ႕ေၾကာက္လုိ႕ေနမွာေပါ့´
ေသဖို႕ ေၾကာက္လုိ႕? ဘာကို ေၾကာက္တာ?
You XiaoMo က ပေဟဠိျဖစ္ေနသည္။ အနီးကပ္ၾကည့္လုိက္ေတာ့ အင္းဆက္ အထီးအမက တကယ္ၾကီး တုန္ယင္ေနတာကို ျမင္လုိက္သည္။ အဲဒိေတာ့မွ သူတို႕ေတြ ေသတိုင္းကစားေနၾကတာကို သူသေဘာေပါက္သြားေတာ့သည္။ လူသားေတြနဲ႕ မတူလြန္းဘူးလား? You XiaoMo က ခ်က္ခ်င္း သူ႕PiQiu ေလးကုိ ေတြးမိသြားသည္။ PiQiuေလး ေမြးျပီးကတည္းက Ling Xiao ႏွင့္ တရား၀င္မေတြ႕ရေသးေပ။ သူရဲ႕ ဆက္ႏြယ္ေမွာ္၀င္သားရဲ ျဖစ္ေနေတာ့မွေတာ့ ……. မိသားစုေခါင္းေဆာင္ ကို သိသင့္တယ္မဟုတ္ဘူးလား?
ခ်က္ခ်င္း ေပ်ာက္သြားကာ You XiaoMo ႏူးညံ႕ျပီး အေမႊးဖြားဖြားနဲ႕ PiQiuေလးကို လက္ေမာင္းထဲပိုက္ကာ ျပန္ေပၚလာသည္။
PiQiuေလး ေမြးျပီးတာ အခုဆို ေလးငါးရက္ေတာင္ ရွိေနျပီ။ သူ႕ကိုယ္က အေမႊးေတြက အရမ္းထူျပီး သိပ္သည္းသည္။ ျပီးေတာ့ အျဖဴေရာင္ႏွင့္ လက္ေနတာမို႕ ၾကည့္ရတာ အလြန္လွသည္။ You XiaoMoကေတာ့ သူ႕ကိုယ္က အေမႊးေတြကို အၾကိဳက္ဆံုးျဖစ္သည္။
ရလဒ္ကေတာ့ အရင္လုိ တက္ၾကြေနရမယ့္အစား သူ႕ကိုယ္က ေဘာလံုးေလးကို ေကြးေနကာ သူ႕ေျခလက္ေလးေခ်ာင္းလံုးက အထဲကို တင္းၾကပ္စြာကုပ္၀င္ေနသည္. အဲဒါက တကယ့္ကို ရာဘာေဘာလံုးေလး ဆိုေသာ သူ႕နာမည္ႏွင့္ လုိက္သည္။ သို႕ေသာ္ သူက ေၾကာက္လို႕တုန္ေတာင္ေနေသးသည္။
You XiaoMoက ခဏေတာ့ ၾကက္ေသေသသြားသည္။ ဘာျဖစ္တာလဲ? သူကလက္ေမာင္းထဲ အတင္းျပန္ဖက္ေနကာ PiQiuေလးက သူ႕အက်ီ ၤ ထဲကို လွ်ပ္စစ္လြန္ပူေလးလိုမ်ိဳးေတာင္ ခ်က္ခ်င္းျပဳမူကာ လက္ေလးမ်ားက *ဘလာ လဘာ*ေတာင္ အသံထြက္လာသည္။
You XiaoMo ျပန္ျပီး သတိ၀င္လာတာကို ေတာင္ မေစာင့္ပဲ Ling Xiao က ရုတ္တရက္ သူ႕လက္ကို ဆန္႕ထုတ္ကာ PiQiuေလးရဲ႕ နားရြက္ကို ကုိင္ကာ မလုိက္သည္။ ေမွာ္၀င္သားရဲေလးက ငယ္ေသးေသာ္လည္း သူ႕ကိုယ္က ၾကံ႕ခုိ္င္သန္စြမ္းေနေသာ္လည္း သူကနားရြက္ကေန မ ခံရေပမယ့္ အသံတစ္သံေတာင္ မထြက္ရဲေပ။ ေဘာလံုးေလးလုိသာ ေကြးေနကာ သနားစဖြယ္ တုန္ယင္ေနသည္။
You XiaoMo က အံၾသလြန္း၍စကားပင္ မေျပာႏိုင္။ Ling Xiao ကိုေၾကာက္ေနတာလား? ဒါေပမယ့္ ဘာအတြက္လဲ?
'အ ၀ု……..´
PiQiu ေလးက You XiaoMoကို သနားစဖြယ္ အူျပလုိက္သည္။ သူ႕မ်က္လံုးကလဲ မ်က္ရည္ေတြလဲ့လုိ႕ အဲဒိပံုက You XiaoMo ႏွလံုးသားရဲ႕ အႏူးညံ့ဆံုးအပုိင္းကို ခ်က္ခ်င္းထိခတ္သြားသည္။
'အကိုၾကီးLing အစ္ကို႕ ကို ေၾကာက္ပံုရတယ္။ ကၽြန္ေတာ့ကို ျပန္ေပးရင္ကာ ဘယ္လိုလဲ?´ You XiaoMo က Ling Xiaoကို ျဖတ္ခနဲ ၾကည့္လုိက္သည္
Ling Xiao ကသူ႕ကို ဖ်တ္ခနဲၾကည့္ကာ ေကြးေနတဲ႕ PiQiuေလးကို ထပ္ၾကည့္လုိက္သည္။ ခ်က္ခ်င္းကုိ You XiaoMo ရဲ႕လက္ေမာင္းထဲကို ရြံ႕ရွာသလို ပစ္ထဲ့လုိက္သည္။ တကယ္ အသံုးမက်တာပဲ။ သူဘာမွေတာင္ မလုပ္ရေသးဘူး ဒီေလာက္ေတာင္ ေၾကာက္ေနျပီ။
You XiaoMoရဲ႕ လက္ေမာင္းထဲ ျပန္ေရာက္သြားေပမယ့္ PiQiuေလးက အေတာမသတ္ႏို္င္ေအာင္ တုန္ေနတုန္းျဖစ္သည္။
You XiaoMoက သူ႕နယ္ေျမထဲ ျပန္ထားဖို႕ကလြဲရင္ ေရြးခ်ယ္စရာပင္မရွိ။ နယ္ေျမထဲ ျပန္ေရာက္တာနဲ႕ PiQiuေလးက ခ်က္ခ်င္းေျပးထြက္သြားေတာ့သည္။ You XiaoMo ရုတ္တရက္ စိတ္ဓါတ္က်ဆင္းသြားသည္။
သူျပန္ထြက္လာေတာ့ Ling Xiao က သူကို တစ္ေနရာ ေခၚသြားခ်င္တယ္လုိ႕ေျပာလာသည္။ သူ႕လက္ကို ကိုင္ျပီးေတာ့ ႏွစ္ေယာက္သား ခ်က္ခ်င္းေပ်ာက္ကြယ္သြားသည္။
Unicode
C-136 The insect is here.
အခန်း ၁၃၆ အင်းဆက်က ဒီမှာ
You XiaoMo က သုခဘုံနယ်မြေနှင့် ပတ်သတ်တာတွေ တကယ် နားမလည်ချေ။ သူ့အတွေးတွေက အခြားကိစ္စတစ်ခုကို မြန်မြန်ကြီးပြောင်းသွားသည်။ Ling Xiao ကို ရုတ်တရက် စိတ်လှုပ်ရှာစွာနှင့် 'အစ်ကိုကြီးLing ကျွန်တော် သတင်းကောင်းပြောစရာရှိတယ်။ ဟိုအဆင့်ရှစ်မှော်ဝင်သားရဲဥ ပေါက်သွားပြီ´
'အရမ်းကောင်းတာပေါ့´
Ling Xiao နည်းနည်းလေးတောင် မအံ့သြပဲနှင့် ပြုံးကာ ပြောလေသည်။ စိတ်ဝိညာဉ်အားတွေ ပြည့်နေတဲ့ နေရာမှာ ထားတာမှ စောစော မပေါက်လျှင်သာ ထူးဆန်းနေမှာ ဖြစ်သည်။
You XiaoMo ကတော့ ပီတိတွေပြည့်နေသော အပြုံးဖြင့် 'ကျွန်တော် သူ့ကို နာမည်ပြောင်တောင်ပေးထားသေးတယ်။ ဘာလဲလို့ မှန်းကြည့်ပါလား?´
နာမည်ပြောင်ကို ခန့်မှန်းခိုင်းတာ? Ling Xiaoရဲ့ နှုတ်ခမ်းတွေ အပေါ်ကို စတင်ကွေးတက်သွားကာ သူ့ပုံက စဉ်းစားနေပုံပေါ်သည်။
You XiaoMo က သူ့အမူအယာကို ကြည့်ပြီးတော့ သူခန့်မှန်းတော့မယ်ဆိုတာ သိသည်။ သူစိတ်မလှုပ်ရှားပဲ မနေနိုင် သူ့ကို ငေးကြည့်နေတဲ့ မျက်လုံးလေးတွေက အလင်းတောက်တောက်လေးတောင် ထွက်တော့မလိုထင်ရသည်။
Ling Xiao က သူ့ကို အဓိပ္ပါယ်အပြည့်ပါတဲ့ အပြုံးတစ်ခုကို ရုတ်တရက် လှစ်ဟာလိုက်ကာ 'ညီလေး´
အင်? You XiaoMo ချက်ချင်းခေါင်းညိမ့်လိုက်သည်။
Ling Xiao က ' အစ်ကိုကြီးငါ ရဲ့ ဉာဏ်ရည်က မင်းနဲ့ နှိုင်းယှဉ်နိုင်မယ်လို့ ထင်တာလား?´
You XiaoMo၏ နဖူးမှာ ချက်ချင်း မေးခွန်းပုံ မီးသီးလေးတွေ လင်းသွားသည်။ အ.. ဘာအဓိပ္ပါယ်လဲ? ကွာခြားချက်က အရမ်းကြီး ကြီးပေမယ့် ခန့်မှန်းခိုင်းတာနဲ့ ဘာဆိုင်လို့လဲ?
Ling Xiao က သူနားမလည်သေးတာ မြင်တော့ လွယ်လွယ်လေးပြောလိုက်သည် 'ဒီလို ဉာဏ်ရည်မြင့်တဲ့သူနဲ့ ဒီလိုဉာဏ်ရည် နိမ့်တဲ့လူက ကြိုက်တာခြင်းတူမယ်လို့ မင်းထင်နေတာလား?´
You XiaoMo '…………´
သူ့ရဲ့နိမ့်ကျတဲ့ ဉာဏ်ရည်လေးကို စော်ကားတဲ့အတွက် ကျေးဇူးတင်တယ်။ မှော်ဝင်သားရဲလေးအတွက် နာမည်ပေးတာက မင်းရဲ့ မြင့်မားတဲ့ ဉာဏ်ရည် အောက်မှာလား?
You XiaoMo စိမ်းစိမ်းဝါးဝါးအကြည့်တွေ ပစ်လွှတ်ထဲ့လိုက်သည်။ အဲတော့ သူ့ ဉာဏ်ရည်နိမ့်တော့ ဘာဖြစ်လဲ? သူ့ ရဲ့နိမ့်ကျတဲ့ ဉာဏ်ရည်ကို လျော့တွက်တယ်လား? သာမန်ဖိနပ်ချုပ်သမားဆယ်ယောက်က Zhuge Liangကို ကျော်လွန်နိုင်တယ်ဆိုတာ မကြားဖူးဘူးလား? (Zhuge Liang က ဉာဏ်ပညာကြီးမားတဲ့ လူပါ Romance of Three Kingdoms ထဲက အဓိကလူစွမ်းကောင်းဖြစ်ပါတယ်တဲ့ )
အမှန်တကယ်ကတော့ သူဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး။
'ဒီတော့ နားထောင်ရအောင် မင်းဘာနာမည်ပေးထားတာလဲ?´
Ling Xiao ကတော့ သူ့ဆီက စိမ်းစိမ်းဝါးဝါးအကြည့်ရလိုက်တာမို့ ဂုဏ်ယူသွားသည်။ အလွန်အမင်းကျေနပ်သွားကာ နောက်ဆုံးတော့ သူ့ကို စနေတာရပ်လိုက်သည်။ တကယ်တော့ သူလဲနည်းနည်းတော့ သိချင်နေသည်။ သူသွေးပြာဝံပုလွေကို ဘာနာမည်ပြောင်များ ပေးသလဲ? သွေးပြာဝံပုလွေလို့ ခေါ်ရင် လုံလောက်နေသားနဲ့။ နာမည်ပေးဖို့ လိုလို့လား?
'PiQiuလေး´ (ရာဘာဘောလုံးလေး) You XiaoMo သူ့ကို ဖြတ်ခနဲကြည့်ပြီး အသံသေးသေးလေးနှင့် ပြောလိုက်သည်။
Ling Xiao ရယ်တာမှ နှာခေါင်းထဲမှပါ အသံမထွက်နိုင်အောင်တောင် သတိမထားနိုင 'ဒီနာမည်…….အဓိပ္ပါယ် တစ်ခုခု ကော ရှိလို့လား?´
You XiaoMo ချက်ချင်း ခေါင်းညိမ့်လိုက်ကာ 'ရှိတာပေါ့။ သူက အရမ်းထိခိုက်စေတတ်တာ။ သူ့ကို ခဏလောက် မကြည့်ဘူးဆိုရင် တစ်နေရာကနေ နောက်တစ်နေရာကို လှိမ့်သွားတာများ ရာဘာဘောလုံးလေးအတိုင်းပဲ´
သို့သောါ You XiaoMo ဆိုတဲ့ ကောင်လေး သတိမမူမိတာက ရာဘာဘောလုံးလေးဆိုတာက ခောတ်သစ်မှာမှာပဲ တွေ့နိုင်တာဖြစ်သည်။ ကြီးမြတ်တဲ့Ling Xiao က ရှေးခောတ်ကို တစ်လျှောက်ဖြတ်သန်းလာသူပင်။ သူကတော့ ရာဘာဘောလုံးလေးဆိုတာကို ရိုးရိုးလေးကို နားမလည်တာဖြစ်သည်။ သို့သော် အဲဒါက သွေးရူးသွေးတန်းနှင့် ပြေးလွှားခုန်ပေါက်နိုင်သည်ဆိုတော့ အတော်အငြိမ်မနေတတ်သည့်အကောင်လေးပဲ ဖြစ်ရမည်။
သူတို့နှစ်ဦး အချိန်အတန်ကြာ စကားဆက်ပြောနေကြသေးသည်။ Ling Xiaoက အချိန်အကြာကြီး မနေနိုင်သေကြောင့် သူက အရင်ထွက်ခွာသွားသည်။ You XiaoMo ကတော့ ထွက်မသွားခင် သူတစ်ယောက်ထဲ နှစ်နာရီနီးပါးလောက် ကျန်ခဲ့သေးသည်။
သူပြန်သွားသောအခါ သူ့နယ်မြေထဲ ၀င်ပြီး PiQiuလေးကို စစ်ဆေးကြည့်ရသေးသည်။ PiQiuလေးက အရမ်းနာခံတတ်သော်လည်း အဲလိုမျိုးနာခံတတ်တာမဟုတ်ပဲ သစ်သားတဲအတွင်းမှာ ဟိုခုန်ဒီခုန်လုပ်နေသည်။ တော်သေးတာက သူက သူ့ပစ္စည်းတွေကို ကြောင်အိမ်ထဲ ထဲ့သိမ်းတာလို့ဖြစ်သည်။ မဟုတ်လျှင် သူ့ကြောင့် ပျက်စီးကုန်မှာ ဖြစ်သည်။
You XiaoMo ကလဲ သစ်သားတဲလေးထဲမှာပဲ အမြဲတမ်း သော့ခတ်မထားချင်ပေ။ အဓိက ကတော့ သူ့ကို မြင်တာနဲ့ PiQiuလေးက သူ့ဝတ်ရုံရဲ့အနားလေးကို တွယ်ကပ်နေကာ လွှတ်ကိုမပေးတော့ပေ။ သူ့မှာ သူ့ကို နယ်မြေအပြင်ကို ပါ ခေါ်ထုတ်လာဖို့အပြင် ရွေးချယ်စရာ မရှိတော့။
'PiQiuလေး အာ PiQiuလေး အပြင်ကို ပြေးမထွက်ရဘူးဆိုတာ မှတ်ထားရမယ်နော် ပြီးတော့ မဟောင်ရဘူး။ မင်းရှိနေတာသာ သိသွားကြရင် မင်းကို အဝေးကို ခေါ်သွားကြမှာ နားလည်လား?´
You XiaoMo PiQiuလေးကိုလက်နှစ်ဖက်နှင့် ကောက်ချီပြီးတော့ မျက်နှာချင်းဆိုင်း သတိပေးတော့သည်။
PiQiuလေးက သူ့ရဲ့ကျောက်နီလေးနဲ့တူလှတဲ့ မျက်လုံးလေးတွေကို မှိတ်ပြကာ ခွေးလေးတစ်ကောင်လိုမျိုး လျှာလေး တန်းလန်းချထားသည်။
You XiaoMo က သူ့ခေါင်းလေးကို ပုတ်ပြိး 'PiQiuလေး မင်းက ခွေးမှမဟုတ်တာ။ လျှာကြီးချမထားနဲ့လေ ခေါင်းညိမ့်ရမှာ နားလည်လား?´
'အို…´
PiQiuလေးရဲ့အူသံလေးထွက်လာကာ သူအူလို့ မပြီးခင်မှာပဲ သူ့ပါးစပ်ကို You XiaoMo လှမ်းပိတ်လိုက်တော့သည်။
'ရှူးရှူး ရှူး´
You XiaoMo ကတိုက်ကရိုက် တိတ်ခိုင်းလို်က်သည်။ သူသာအူခွင့် ပေးလိုက်လျှင် ဘယ်ညာ အခန်းနားနီးချင်းတွေက ကြားသွားမှာ သေချာသလောက်ရှိသည်။ အဲလိုသာဖြစ်သွားရင် သူ့အခန်းထဲကအူသံထွက်လာတာကို သူဘယ်လို ရှင်းပြရပါ့မလဲ? သူမြန်မြန် သတိပေးလိုက်သည် 'PiQiuလေး မင်းကို အူလို့မခိုင်းဘူးလေ ငါက မင်းခေါင်းကိုညိမ့်ဖို့ပဲ ခိုင်းတာ ခေါင်းညိမ့်နော် မင်းနားလည်လား?´
သူပြောပြီးတာနဲ့ သရုပ်ပြမှုအနည်းငယ်ပါ လုပ်ပြလိုက်သည်။
PiQiu လေးက သူကခေါင်းလေးကို လှုပ်ရမ်းပြီး ပြန်ဖြေကာ သူ့သခင်ရဲ့အခန်းကို စတင်စစ်ဆေးတော့သည်။
You XiaoMo ကတော့ အကူအညီမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။ ကြည့်ရတာ ကောင်းကင်ဘုံပွင့်ဖို့များ သူဆုတောင်းခဲ့သလားပဲ။ PiQiu လေးက အကောင်ပေါက်တာ နှစ်ရက်တောင် မရှိသေးတာမို့ သူ့စကားတွေ နားမလည်တာကို မျှော်လင့်ထားဖို့ပဲ ရှိသည်။ သူ PiQiuလေးကို ကြမ်းပြင်ပေါ်မချသေးခင် အခန်းတံခါးနှင့်ပြတင်းပေါက်များကို မင်းတုံးချလိုက်သည်။
လွတ်လပ်ရေးရသွားတာနှင့် PiQiuလေး ကချက်ချင်းကိုအရယူကာ သူအကြိုက်ဆုံးအရာကိုစလုပ်တော့သည် ဘေးမှာ စက်ဝိုင်းပုံပတ်ပြေးနေတာ။ ဒီတစ်ကြိမ်တော့ စားပွဲခုံကို ပတ်ပြေးနေသည်။ အတော်ကြာပတ်ပြေးပြီးတော အခြားတစ်ခုကိုပတ်ပြေးနေပြန်သည်။  အရာအားလုံးကို ပတ်ပြေးပြီးတော့ နေရာမှာ ဆက်ပြီး ပတ်ပြေးပြန်သည်။
သူဆက်မအူတော့တာ တွေ့တာနှင့် You XiaoMo နယ်မြေထဲက အရုပ်တစ်ခုထုတ်ယူလိုက်ကာ PiQiuလေး ကစားဖို့ပေးလိုက်သည်။ ကစားစရာက ၀ါးအကြောများနှင့် ရက်လုပ်ထားသော ဘောလုံးတစ်လုံးဖြစ်သည်။ သူ HunJi မြို့ကြီးကို သွားတုန်းက လမ်းတွေထဲ လျှောက်ပတ်သွားတုန်းက၀ယ်ခဲ့တာဖြစ်သည်။ PiQiuလေးက ၀ါးဘောလုံးလေးနှင့် အရမ်းပျော်ရွှင်ကာ သူ့လက်လေးတွေထုတ်ကာ ရွေ့အောင် လှည့်ပတ်ဆော့နေတော့သည်။
သူ့ရဲ့ PiQiuလေး ဆိုတဲ့နာမည်နှင့် လိုက်ဖက်လှကာ ဘောလုံးများကြိုက်နေလိုက်တာ။
ဘေးဘက်မှာ ဆော့ကစားခွင့်ပေးထားတော့ You XiaoMo မှော်ဆေးလုံးတောင် မဖော်ရဲပေ။ သူ မှော်ဆေးလုံးစဖော်တာနဲ့ သူက အရမ်းအာရုံဝင်စားသွားမှာ ဖြစ်သည်။ သူက သေချာပေါက်ကို PiQiuလေးကို ကြည့်နိုင်မှာမ ဟုတ်ပေ။ အကယ်လို့ သူသာ ဘေးအန္တရာယ်တစ်ခုခုထဲသာ ရောက်သွားပါက အခြားသူတွေရဲ့အာရုံကို ဖမ်းစားမိကာ သူ့ကို သေစေလောက်သည်။
စာအုပ်စင်ကနေ မြေပုံစာအုပ်ကို ယူလိုက်ကာ Long Xiao တိုက်မကြီး မြေပုံကို စလေ့လာလိုက်သည်။
သူစာကြည့်တိုက်ကနေ စာအုပ်တွေအများကြီး ငှားလာတာဖြစ်သည်။ တစ်ကြိမ်ကို ဆယ်အုပ်အထက် ရသည်။ ပုံမှန်ကတော့ သူတစ်လအတွင်းပြီးမှာ ဖြစ်ကာ သူ့စွမ်းရည်ကိုပဲ ကျေးဇူးအများဆုံးတင်ရမည်ဖြစ်သည်။
ရက်အနည်းငယ်အကြာ Ling Xiao သူ့ကို လာရှာပြန်သည်။
ဒီတစ်ကြိမ်တော့ အခြားသတင်းများပါ သယ်လာသည်။ အဲဒါကတော့ ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် အထီးက သူ့လက်ထဲ ရောက်နေပြီဖြစ်သည်။
အရင်က Ling Xiaoက အမကို အခြားတစ်နေရာမှာ ချည်နှောင်ထားကာ အရံအတားတစ်ခုကို အနားမှာ ချထားတာဖြစ်သည်။ အထီးပေါ်လာချိန်မှာ သူချက်ချင်း အာရုံခံမိလိုက်သည်။ ဒီတော့ အထီးကိုပါ တစ်နေရာထဲမှာပဲ ဖမ်းမိကာ အရေးကြီးတာတစ်ခုက သူတို့ကို နောက်ယောင်ခံလိုက်နေတဲ့လူတွေကို ပါ ဖမ်းမိသွားတာဖြစ်သည်။
ကံကောင်းစွာနဲ့ သူက ခေါင်းဆောင်ဖြစ်သူကို မှတ်မိသည်။ အဲဒါက မှော်ဆေးလုံးဗဟိုအလုပ်ရုံမှ မန်နေဂျာဖြစ်သည်။ သူတို့ကို မှော်ဆေးပင်တွေ ရောင်းတဲ့ အဖိုးကြီးဖြစ်သည်။ Tang Hui မြို့ကြီး၏ အရှင်သခင်ကတော့ ပေါ်မလာချေ။ သူက ကံကောင်းစွာနဲ့ လွတ်မြောက်သွားသည်။
Ling Xiao ကသူတို့ကို တစ်ခွန်းမှ ပြောခွင့်မပေးပဲ သူ့နယ်မြေထဲကို တန်းထည့်ထားတာဖြစ်သည်။ ရက်အနည်းငယ်ကြာမှ You XiaoMo ကို သွားရှာဖို့ အချိန်ရအောင်လုပ်ကာ သူနှင့်အတူ ကြယ်ခုနစ်ပွင့်လျှို့ဝှက်အမွှေးနံ့သာအင်းဆက်အစုံလိုက် ကို ယူလာလိုက်သည်။
'ဒါက ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက် အဖိုနဲ့အမ အစုံလိုက်လား? ဘယ်ဟာက အထီးလဲ?´
You XiaoMo က စားပွဲခုံပေါ် မှာ ကို့ယို့ကားယားပုံနဲ့ ကျောက်စိမ်းသေတ္တာထဲမှာ သေနေသလိုမျိုး လဲလျောင်းနေတဲ့ ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက်တွေကို ကြည့်လိုက်သည်။ အပြင်ကနေကြည့်ရင် လုံးဝတူတယ်။ ဘယ်ဟာ အထီး ဘယ်ဟာအမ ဆိုတာ ဘယ်လိုမှ ပြောလို့ မရပေ။
Ling Xiao u ဘယ်ဘက်က တစ်ကောင်ကို လက်ညိုးထိုးပြကာ 'ဒီဟာက အထီး´
You XiaoMoက ဂုဏ်သရေရှိလူကြီးမင်းများက ဘယ်ဘက် အမျိုးသမီးများက ညာဘက် ဆိုတဲ့ ပုံကို မတွေးပဲ မနေနိုင်ကာ ဒီမှာလဲ ဒီနည်းရှိပုံရသည်။ သို့သော်သူ က အရမ်းသိချင်နေတာမို့ သူ့လက်ချောင်းလေးတွေ ဆန့်ထုတ်ကာ ရွေ့တဲ့ အင်းဆက်နှစ်ကောင်ကို ထိလိုက်သည် 'ဘာလို့ မလှုပ်တာလဲ?´
Ling Xiao က ကျောက်စိမ်းသေတ္တာထဲက ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက်များကို ရေးတေးတေးလေး တစ်ချက်ကြည့်လိုက်ပြိး ပေ့ါပေ့ါပါးပါးပဲ 'သေဖို့ကြောက်လို့နေမှာပေါ့´
သေဖို့ ကြောက်လို့? ဘာကို ကြောက်တာ?
You XiaoMo က ပဟေဠိဖြစ်နေသည်။ အနီးကပ်ကြည့်လိုက်တော့ အင်းဆက် အထီးအမက တကယ်ကြီး တုန်ယင်နေတာကို မြင်လိုက်သည်။ အဲဒိတော့မှ သူတို့တွေ သေတိုင်းကစားနေကြတာကို သူသဘောပေါက်သွားတော့သည်။ လူသားတွေနဲ့ မတူလွန်းဘူးလား? You XiaoMo က ချက်ချင်း သူ့PiQiu လေးကို တွေးမိသွားသည်။ PiQiuလေး မွေးပြီးကတည်းက Ling Xiao နှင့် တရားဝင်မတွေ့ရသေးပေ။ သူရဲ့ ဆက်နွယ်မှော်ဝင်သားရဲ ဖြစ်နေတော့မှတော့ ……. မိသားစုခေါင်းဆောင် ကို သိသင့်တယ်မဟုတ်ဘူးလား?
ချက်ချင်း ပျောက်သွားကာ You XiaoMo နူးညံ့ပြီး အမွှေးဖွားဖွားနဲ့ PiQiuလေးကို လက်မောင်းထဲပိုက်ကာ ပြန်ပေါ်လာသည်။
PiQiuလေး မွေးပြီးတာ အခုဆို လေးငါးရက်တောင် ရှိနေပြီ။ သူ့ကိုယ်က အမွှေးတွေက အရမ်းထူပြီး သိပ်သည်းသည်။ ပြီးတော့ အဖြူရောင်နှင့် လက်နေတာမို့ ကြည့်ရတာ အလွန်လှသည်။ You XiaoMoကတော့ သူ့ကိုယ်က အမွှေးတွေကို အကြိုက်ဆုံးဖြစ်သည်။
ရလဒ်ကတော့ အရင်လို တက်ကြွနေရမယ့်အစား သူ့ကိုယ်က ဘောလုံးလေးကို ကွေးနေကာ သူ့ခြေလက်လေးချောင်းလုံးက အထဲကို တင်းကြပ်စွာကုပ်ဝင်နေသည်. အဲဒါက တကယ့်ကို ရာဘာဘောလုံးလေး ဆိုသော သူ့နာမည်နှင့် လိုက်သည်။ သို့သော် သူက ကြောက်လို့တုန်တောင်နေသေးသည်။
You XiaoMoက ခဏတော့ ကြက်သေသေသွားသည်။ ဘာဖြစ်တာလဲ? သူကလက်မောင်းထဲ အတင်းပြန်ဖက်နေကာ PiQiuလေးက သူ့အကျီ င်္ ထဲကို လျှပ်စစ်လွန်ပူလေးလိုမျိုးတောင် ချက်ချင်းပြုမူကာ လက်လေးများက *ဘလာ လဘာ*တောင် အသံထွက်လာသည်။
You XiaoMo ပြန်ပြီး သတိဝင်လာတာကို တောင် မစောင့်ပဲ Ling Xiao က ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်ကာ PiQiuလေးရဲ့ နားရွက်ကို ကိုင်ကာ မလိုက်သည်။ မှော်ဝင်သားရဲလေးက ငယ်သေးသော်လည်း သူ့ကိုယ်က ကြံ့ခိုင်သန်စွမ်းနေသော်လည်း သူကနားရွက်ကနေ မ ခံရပေမယ့် အသံတစ်သံတောင် မထွက်ရဲပေ။ ဘောလုံးလေးလိုသာ ကွေးနေကာ သနားစဖွယ် တုန်ယင်နေသည်။
You XiaoMo က အံသြလွန်း၍စကားပင် မပြောနိုင်။ Ling Xiao ကိုကြောက်နေတာလား? ဒါပေမယ့် ဘာအတွက်လဲ?
'အ ၀ု……..´
PiQiu လေးက You XiaoMoကို သနားစဖွယ် အူပြလိုက်သည်။ သူ့မျက်လုံးကလဲ မျက်ရည်တွေလဲ့လို့ အဲဒိပုံက You XiaoMo နှလုံးသားရဲ့ အနူးညံ့ဆုံးအပိုင်းကို ချက်ချင်းထိခတ်သွားသည်။
'အကိုကြီးLing အစ်ကို့ ကို ကြောက်ပုံရတယ်။ ကျွန်တော့ကို ပြန်ပေးရင်ကာ ဘယ်လိုလဲ?´ You XiaoMo က Ling Xiaoကို ဖြတ်ခနဲ ကြည့်လိုက်သည်
Ling Xiao ကသူ့ကို ဖျတ်ခနဲကြည့်ကာ ကွေးနေတဲ့ PiQiuလေးကို ထပ်ကြည့်လိုက်သည်။ ချက်ချင်းကို You XiaoMo ရဲ့လက်မောင်းထဲကို ရွံ့ရှာသလို ပစ်ထဲ့လိုက်သည်။ တကယ် အသုံးမကျတာပဲ။ သူဘာမှတောင် မလုပ်ရသေးဘူး ဒီလောက်တောင် ကြောက်နေပြီ။
You XiaoMoရဲ့ လက်မောင်းထဲ ပြန်ရောက်သွားပေမယ့် PiQiuလေးက အတောမသတ်နိုင်အောင် တုန်နေတုန်းဖြစ်သည်။
You XiaoMoက သူ့နယ်မြေထဲ ပြန်ထားဖို့ကလွဲရင် ရွေးချယ်စရာပင်မရှိ။ နယ်မြေထဲ ပြန်ရောက်တာနဲ့ PiQiuလေးက ချက်ချင်းပြေးထွက်သွားတော့သည်။ You XiaoMo ရုတ်တရက် စိတ်ဓါတ်ကျဆင်းသွားသည်။
သူပြန်ထွက်လာတော့ Ling Xiao က သူကို တစ်နေရာ ခေါ်သွားချင်တယ်လို့ပြောလာသည်။ သူ့လက်ကို ကိုင်ပြီးတော့ နှစ်ယောက်သား ချက်ချင်းပျောက်ကွယ်သွားသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now