Chapter 112 Success (Z & U)

10.4K 1.7K 6
                                    

C-112 Success.

Zawgyi
အခန်း ၁၁၂ အောင်မြင်မှု
အဖိုးကြီးက အောက်ထပ်ကော အပေါ်ထပ်ကိုကော တစ်ချက်ဖျတ်ကနဲ ကြည့်လိုက်တဲ့အခါမှာ လူတိုင်းက စိတ်မရှည်မှုကို သိသာအောင်ဖြစ်နေတာကို တွေ့လိုက်လေသည်။ လည်ချောင်းရှင်းပြီးတော့ 'ဒါကနုနယ်သေးတဲ့ သွေးပြာဝံပုလွေ ဥဖြစ်ပါတယ် သူ့ရဲ့ဈေးကမြင့်လွန်းလို့ လေလံအိမ်က သူ့ကို အလားတူတန်ဖိုးရှိတဲ့အရာတစ်ခုနဲ့ အလဲအလှယ်လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ တန်ဖိုးတူတဲ့ပစ္စည်းထုတ်ပေးနိုင်သူ မည်သူ့ကို မဆို ကြယ်ခုနစ်ပွင့်လေလံအိမ်ရဲ့ အကဲဖြတ်ကို အောင်ပြီဆိုတာနဲက ဒီသွေးပြာဝံပုလွေဥကို အဲဒိလူကို ပေးအပ်မှာပဲ ဖြစ်ပါတယ်။ ´
အဆိုပါ စကားတွေကို ပြောပြီးတာနဲ့ လူတိုင်းဆီမှ အုံးအုံးကြွက်ကြွက်အသံများထွက်လာသည်။ အဆင့်ရှစ်ရှိတဲ့ ဒီနနယ်လှတဲ့ ဥလေးကို ရွှေပြားတွေနဲ့တန်ဖိုးမသတ်မှတ်နိုင်ဘူးလို့ မထင်ထားကြတာဖြစ်သည်။ သူတို့တွေက ရွှေပြားတွေနဲ့ တန်ဖိုးမသတ်မှတ်နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောလိုက်တာပဲ ဖြစ်သည်။ ဒါပေမယ့်ဒါကလဲ ငွေနဲ့ ပေးဝယ်လို့မရတာတွေရှိတယ်ဆိုပြီး နားလည်ပေးနိုင်သည်။ သေချာအောင်ပြောရမယ်ဆိုရင် သူတို့ကလဲ ဆုံးဖြတ်ချက်အချို့ ချမှာဖြစ်တဲ့ အတွက် သူတို့ ပေါ်မှာသာ မူတည်နေသည်။
ဒုတိယအထပ်မှာ ထိုင်နေတဲ့ Ling Xiao လဲ မမျှော်လင့်ထားပေ။ အဆင့်ရှစ်မှော်ဝင်သားရဲဥနဲ့ကို သူတို့တွေ တကယ် တန်ဖိုးညီတာနဲက လဲလှယ်ချင်တယ်ပေါ့။  သေချာစဉ်းစားပြီးတဲ့ အခါမှာ တော့ ဒါက ကျိုးကြောင်းဆီလျော်သည်လို့ သူထင်လိုက်သည်။ အဆင့်ရှစ် မှော်ဝင်သားရဲဥဆိုတာက ဒီမှာ တကယ့်ကို အရမ်းရှားပါးလှသည်။
ဒါကိုတွေးမိတဲ့ အခါ You XiaoMoကို ကြည့်လိုက်တဲ့ Ling Xiaoရဲ့မျက်လုံးထဲမှာ အလင်းတစ်ချက်ပေါ်လာသည်။ ရွှေပြားတွေနဲ့ ၀ယ်လို့မရဘူးဆိုတော့ သူ့ကို ဒုက္ခများစေတာကနေတောင် ကယ်တင်သလိုဖြစ်သွားသည်။
'ညီလေး မင်းတကယ်အဲဒိ ဥလိုချင်လား´
You XiaoMo က ဥအပေါ်မှာပဲ အာရုံရှိသည်။ Ling Xiao ရဲ့ အသံ သူ့နောက်က ထွက်လာတာကို ကြားလိုက်တာနဲ့ သူခဏလေးတန့်သွားပြီး 'သွေးပြာဝံပုလွေဥလား အဖိုးကြီးက ပြောတော့ သူက တန်ဖိုးတူပစ္စည်းနဲ့ လဲမယ်ဆို ဟွန့်… ကျွန်တော့်မှာ သူနဲ့ ကုန်သွယ်ဖို့ ရတနာမှ မရှိပဲ´
'မင်းမှာ မရှိဘူးလို့ ဘယ်သူပြောလဲ' Ling Xiaoမျက်နှာမှာ စူးစိုက်မှုတစ်ခုဖြစ်တည်လာပြီး သူ့နှုတ်ခမ်းစွန်းတွေ အပေါ်ဘက် ကို ကွေးတက်သွားသည်။
'မင်းအစောက လေလံတင်လိုက်တဲ့စိတ်ဝိဥာဏ်အရည်တွေကို မေ့သွားပြီလား။ မင်းအတွက် အသုံးမ၀င်ပေမယ့် မှော်ဆရာတွေ သိုင်းသမားတွေအတွက်က အဲဒါက အံ့သြဖွယ်ကောင်းတဲ့ မှော်ဆေးလုံးတွေနဲ့ အလားသဏ္ဍာန်တူတယ် သူတို့ လှုပ်နိုင်မှာတောင် မဟုတ်ဘူး´
You XiaoMo ခဏတော့ ကြောင်သွားပြီး သူ့မျက်လုံးတွေက ပြန်ပြီး တောက်ပလာကာ 'ကိုကြီးLing ဘယ်နှစက်လောက် ဆိုရင် လဲလှယ်လို့ ရမလဲ´
Ling Xiao အကြမ်းဖျင်းတွက်ကာ 'အစက်တစ်ရာလောက်ပေါ့´
You XiaoMo ယောင်ပြီး ရွှေပြားတွေတွက်မိနေသေးသည်။ အစက်တစ်ရာဆိုရင် ဆယ်သန်းဖြစ်နေပြီပဲ သူသာ လေလံတင် ခဲ့ရင် သန်းနှစ်ဆယ်တောင်ဖြစ်နေပြီ  သူငိုမိတော့မယ်။
အဖိုးကြီးစကားပြောပြီး သိပ်မကြာ ဒုတိယထပ် ဂုဏ်ထူးဆောင်ဧည့်သည်များနေရာမှာ ထိုင်နေတဲ့ JiLe တာဝါက Mu YunTian က မတ်တပ်ရပ်လိုက်သည်။ သူ့ လေလံစင်မြင့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်ပြီး လေးနက်တဲ့လေသံနဲ့ 'ကျွန်တော်က ထိပ်တန်းအဆင့် လအဆင့်ကျော်လွှားဆေးလုံးရယ် ထိပ်တန်းအဆင့် ခရမ်းရောင်တိမ်ဆေးလုံးရယ်နဲ့ အဆိုပြုပါတယ်။´
သူ့တင်သွင်းချက်ကို လိုက်ပြီး လူအများက Mu YunTian ကို မော့ကြည့်ကုန်ကြသည်။ အများစုက အံသြတာထက်တောင် လွန်ကုန်ကြသည် ဘာလို့လဲ ဆိုတော့ လအဆင့် ဖြတ်ကျော်ဆေးလုံးက အဆင့်ငါးမှော်ဆေးလုံးဖြစ်သည်။  ဒီဆေးလုံးကို သုံးပြီးတော့ လအဆင့်ကနေ ကြယ်အဆင့်ကို ကူးပြောင်းဖို့ ဖြစ်နိုင်ချေကို မြှင့်တင်ပေးနိုင်သည်။ အရေးကြီးတာကတော့ သူမှာ ဆိုးကျိုးမရှိပေ။ အာ့ကြောင့် အဆင့်ငါးမှော်ဆေးလုံးများထဲမှာ တန်ဖိုးအရှိဆုံးဖြစ်သည်။
ခရမ်းရောင်တိမ်ဆေးလုံးကတော့ ပိုပြီးတော့တောင် အဖိုးတန်သေးသည် သူက အဆင့်ခြောက်ဆေးလုံးဖြစ်သည်ကိုး။ ဒီမှော်ဆေးလုံးက လူတစ်ယောက်ရဲ့ အားကို ကြယ်တစ်ပွင့်ကနေ နှစ်ပွင့်အထိ တိုးတက်အောင် သုံးလို့ရသည်။ ဥပမာ ကြယ်တစ်ပွင့် ကြယ်အဆင့်သိုင်းသမားတစ်ယောက် ဒီခရမ်းရောင်တိမ်ဆေးလုံးကို သောက်ပြီးရင် ကြယ်နှစ်ပွင့် သို့မဟုတ် ကြယ်သုံးပွင့် ကြယ်အဆင့် သိုင်းသမားတစ်ယောက်အဖြစ် ဖြစ်နိုင်သွားသည်။ ပြန်စဉ်းစားရမယ့်အချက်တစ်ချက်ကတော့  သိုင်းအဆင့်မြင့်သွားလေလေ အကျိုးသက်ရောက်မှု နည်းလေလေ ဖြစ်သည်။
Mu YunTianက သူ့ဘက်ကို ပြလိုက်တာနဲ့ အခြားသူတွေကလဲ နောက်ကျမနေရဲတော့။
Xiao Yao ဂိုဏ်းက Mu Yao က မီးလှုပ်ရှားမှုကို ထိန်းချုပ်ခြင်းအမည်ရှိတဲ့ အတွဲတစ်ခုကို ကမ်းလှမ်းသည်။ မီးလှုပ်ရှားမှု ထိန်းချုပ်ခြင်း ဆိုတာ အလယ်အလတ်တန်းစားအဆင့်မြင့် ကျင့်စဉ်တစ်ခုဖြစ်သည်။ လူတစ်ယောက်ကို မီးတောက်ကို ထိန်းချုပ်ကာ အခြားသူတစ်ဦးကို ပြန်လည်တိုက်ခိုက်နိုင်စွမ်းကို ပေးနိုင်သည်။ မီးတောက်အဆင့်မြင့်လေလေ တိုက်ခိုက်မှုပိုကောင်းလေလေဖြစ်သည်။  အကယ်လို့ မင်းက မီးတောက်အမျိုးအစားအများကြီးကို တစ်ချိန်တည်းသုံးနိုင်မည်ဆိုပါက မီးတောက်ရဲ့ ဖွဲ့စည်းမှုပုံစံကို ပြုလုပ်နိုင်တာမို့ အရမ်းကို အားကောင်းတဲ့ တိုက်ခိုက်ကွက် ဖြစ်သည်။ အဆင့်ရှစ်ဥအတွက်သာ မဟုတ်ဘူးဆိုပါက Xiao yao ဂိုဏ်းက ဒီကျင့်စဉ်ကို ဖော်ပြစရာ ပင် မလို။
ဒါပေါ့ Xiao Yao ဂိုဏ်းက ရည်ရွယ်ချက်ရှိရှိကို မီးလှုပ်ရှားမှု ထိန်းချုပ်ခြင်းကို အလဲအလှယ်အနေနဲ့ ကမ်းလှမ်းခြင်းဖြစ်သည်။ ဘာလို့ဆိုတော့ HunJiမြို့ခေါင်းဆောင်က မီးကို ကြိုးကိုင်နိုင်တဲ့နေရာမှာ အားကောင်းတာ သူတို့ သိသည်လေ။ သူ့ ခွန်အားက အရမ်းမြင့်သည်။ ဒါပေမယ့် နည်းစနစ်ကောင်းတော့လိုနေသေးသည်။
Mu Yao ရဲ့ ကမ်းလှမ်းချက်အပြီးမှာ Xue Sha မျိုးနွယ်စုရဲ့ကိုယ်စားလှယ်က မတ်တပ်ရပ်လိုက်သည်။ သူကတော့ မှော်ဆေးလုံးတစ်လုံးတည်းနဲ့သာ ကမ်းလှမ်းခြင်းဖြစ်သည်။ သူ့ရဲ့ တန်ကြေးကို ပြောမယ်ဆိုရင် သူက Mu YunTianရဲ့ မှော်ဆေးလုံးထက်ပင် မြင့်သေးသည်။ ဈေးရဲ့ အာနိသင်ကလဲ လအဆင့်ကျော်လွှား ဆေးလုံးနဲ့ တူသည် ကွားခြားချက်က လအဆင့် မဟုတ်ပဲ ကြယ်အဆင့်ဖြစ်နေတာပင်။ သေချာအောင် ပြောရရင် သူ့မှာလဲ ဘေးထွက်ဆိုးကျိုးမရှိ။ ဖြတ်ကျော်ပြိးတာနဲ့ လူတစ်ယောက်က ချက်ချင်းကို အဆင့်တစ်ခုကို ပေါင်းစည်းနိုင်သည်။ ဒါပေမယ့် ဖြတ်ကျော်နိုင်ချေကတော့ လအဆင့်ကျော်လွှား ဆေးလုံးနှင့် ယှဉ်ရင် နည်းပါးသည်။
Mu YunTian ရဲ့မှော်ဆေးလုံးတွေ  Mu Yaoရဲ့ မီးလှုပ်ရှားမှု ထိန်းချုပ်ခြင်းတို့နဲ့ ယှဉ်ရင် ဒီမှော်ဆေးလုံးက ပိုပြီး အဖိုးတန်သည်ဆိုတာ သိသာစေသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျော်လွှားမှုပြီးတာနဲ့ အဲဒိလူက အာကာသအဆင့်သို့ ရောက်သွားမှာဖြစ်သည်။ Xue Sha မျိုးနွယ်စုက ဒါကို တကယ်ပေးချင်တာဆိုတာတော့ အံ့သြဖို့ကောင်းသည်။
Mu YunTian နဲ့ Mu Yao ရဲ့ မျက်နှာအမူအယာတွေ ချက်ချင်းပြောင်းကုန်ကာ စိတ်ဓါတ်တွေကျကုန်သည်။
အဲဒိအချိန်မှာပဲ ပထမထပ်က လူတိုင်းက ဖျတ်မြင်းလို့ ယူဆထားတဲ့ ၀တ်ရုံအနက်နဲ့ လူက Xue Sha မျိုးနွယ်စုပြီးတာနဲက မတ်တပ်ထရပ်သည်။ အားလုံးရဲ့ စိတ်ဝင်စားမှုကလဲ ဒီဖျတ်မြင်းက သူတို့မမျှော်မှန်းထားတဲ့ ဘယ်အရာကို များပေးမလဲလို့ ကြိုးစားပြီး ခန့်မှန်းကြသည်။
'မှော်ဆေးပင်တွေ လက်ခံလား´
လေလံစင်မြင့်က အဖိုးကြီးက ခဏတော့ ကြက်သေသေသွားကာ ခေါင်းခါပြီး 'အားနာပါတယ် ကျွန်တော်တို့ မှော်ဆေးပင်တော့ လက်မခံပါဘူး´
ဝတ်ရုံအနက်နဲ့လူတိတ်သွားသည်။ သူစိတ်ပျက်သွားလား ဂရုမစိုက်တာလားတောင် ခွဲလို့မရနိုင်။ သူထပ်ပြီး ပြိုင်ဖို့စိတ်ကူး မရှိတော့ပုံနှင့် ခုံမှာ ပြန်ထိုင်သွားသည်။
အဲဒါကိုကြည့်ပြီးတော့ အင်အားကြီး အဖွဲ့သုံးဖွဲ့အပြင်ကို အဆင့်ရှစ်မှော်ဝင်သားရဲဥကို လိုချင်တပ်မက်တဲ့ အခြားသော အဖွဲ့တွေလဲ ပေါ်ထွက်လာသည်။ လူတိုင်းလူတိုင်းက တော့ သူတို့တွေရဲ့ သက်တမ်းတိုတိုလေးအတွင်းက သူတို့တွေပေးနိုင်တဲ့ ရတနာများနှင့် ကမ်းလှမ်းကြသည်။ ကျင့်စဉ်တွေလဲ ပါသည်။ မှော်ဆေးလုံးတွေ အဆုံးအစမရှိသော ရတနာတွေ ထွက်ပေါ်လာသည်။
အဖိုးကြီးက အတန်ကြာအောင် စောင့်ပြီး ဘယ်သူမှ ထပ်ပြီး မပါဝင်တော့တာကို မြင်ရမှ စင်အနောက်ဘက်မှာ အခြားသူတွေနဲ့ ဆွေးနွေးဖို့ လှည့်အထွက်မှာတင် ဒုတိယထပ် ဂုဏ်ထူးဆောင်ဧည့်သည်နေရာမှ တစ်စုံတစ်ယောက်ရဲ့ တားဆီးချင်းကို ခံလိုက်ရသည်။ အဆိုပါလူဆီမှ မြင့်မြတ်သော အရှိန်အ၀ါတစ်ခု က လူတိုင်းကို အရမ်းကိုနက်နဲတဲ့ ကောက်ချက်ချမှုတွေကို ခံစားရစေသည် ဘာလို့လဲ ဆိုတော့ အဲဒိသူ က Ling Xiao လေ။ မတ်တပ်ရပ်ဖို့ကို  You XiaoMo ရဲ့ အကြီးအကျယ်အနှောင့်အယှက်ပေးတာခံလိုက်ရတဲ့ Ling Xiao။
Ling Xiao လှလှပပလေးပြုံးပြီး 'စိတ်ဝိဥာဏ်အရည် အစက်တစ်ရာက ဒါကို အနိုင်ရဖို့ လောက်လား´
သူ့စကားက တည်ငြိမ်နေတဲ့ ရေကန်ကို ကျောက်စရစ်ခဲ တစ်ခဲ ချလိုက်သလိုပင်။ လေလံအိမ်တစ်ခုလုံးအုံးအုံးကြွက်ကြွက်  လှိုင်းတွေ တစ်လှိုင်းပြီး တစ်လှိုင်းဖြစ်ပေါ်လာသည်။ လူအများက အစောကတင် လေလံတင်ရောင်းချလိုက်တဲ့ စိတ်ဝိဥာဏ်အရည် ရှစ်ဆယ့် ရှစ်စက် နဲ့ စပ်ဆက် စဉ်းစားလိုက်ကြသည်။ ဒီလူက စိတ်ဝိဥာဏ်အရည် အစက် တစ်ရာလုံးကို တစ်ကြိမ်ထဲမှာတင် ထုတ်နိုင်တယ်ပေါ့။ အာ့ဆို အစောက စိတ်ဝိဥာဏ်အရည်တွေကရော သူ့ဆီကပဲ လာတာလား?
ဘယ်သူကမှ သူတို့ကို အဖြေမပြောပေမယ့် ဒီလူရဲ့ တဲ့တိုးလုပ်တတ်ပုံကို ကြည့်တာနဲ့ အဖြေက နေ့ဘက်အတိုင်းကို ရှင်းလင်းလှသည်။
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Mu Yaoလဲ တစ်ချက်တော့ သတိလွတ်သွားသည် ပြီးမှ သူ့မျက်လုံးကနေ ထွန်းလင်းတဲ့ ရောင်ခြည်တန်းထွက်ပေါ်လာသည်။ သူLing Xiao ကိုကြည့်တဲ့ အကြည့်တွေက ပိုပိုပြီး ပူလောင်လာသည်။ ဒါသူတို့တွေ ခေါ်တဲ့ မထင်ထားတဲ့ ဖြေရှင်းမှုတစ်ခုပဲ  လမ်းအဆုံးမှာ ရွာတွေ့သွားသလိုပေါ့
သူ စိတ်ဝိဥာဏ်အရည် အစက်တစ်ရာလို့ပြောတာ ကြားတာနဲ့ အဖိုးကြီးကိုယ်လုံးက တုန်တက်သွားသည်။ မျက်လုံးထဲမှာလဲ မှားနိုင်စရာမရှိအောင်ကို ပျော်ရွှင်မှုကြီး ထွက်ပေါ်လာသည်။  တကယ်တော့ သူတို့ရဲ့ မြို့အရှင်ရဲ့ စိတ်ဝိဥာဏ်အရည်ပေါ် စိတ်ဝင်စားမှုက အဆင့်ရှစ်မှော်ဝင်သားရဲကို စိတ်ဝင်စားမှုထက် မနည်းပေ။ လေလံတင်ပစ္စည်းဖြစ်နေတာသာ ဆိုးနေတာ။ ကြယ်ခုနစ်ပွင့် လေလံအိမ်က ဘယ်လောက်ပဲ စိတ်ဝင်စားစား နေပါစေ သူတို့ရဲ့ စီးပွားရေးကိုတော့ ဖျတ်ဆီးပစ်ဖို့ မဖြစ်နိုင်တာကြောင့်သာ လက်လွှတ်လိုက်ရတာဖြစ်သည်
သူ့ရဲ့ ပြင်းပြတဲ့ စိတ်ကူးယဉ်မှုအနောက်မှာ စိတ်ဝိဥာဏ်အရည်ပိုင်ရှင်မှာ စိတ်ဝိဥာဏ်အရည်တွေ ထပ်ရှိနေတာပင်။ အရေးကြီးတာကတော့ သူက အစက်တစ်ရာတောင် ဖွင့်ဟလိုက်သေးသည်။ သူ့တန်ဖိုးနဲ့ပင် အဖိုးကြီးအနေနဲ့ ဆုံးဖြတ်ချက် ချဖို့ကို စဉ်းစားစရာကိုမလိုတော့။
'လေလံထပ်ဆွဲမယ့်သူမရှိရင် ကျုပ်က အဆင့်ရှစ် မှော်ဝင်သားရဲဥကို အနိုင်ရတဲ့သူကို ကြေညာပါတော့မယ်´
အဖိုးကြီးအကြည့်တစ်ချက်အဝေ့မှာ အကုန်လုံးက ကျောက်ရုပ်အလားဖြစ်သွားသည်။ ခဏအကြာမှာတော့ ပီတိတွေအပြည့်နှင့် 'ဒီလေလံပစ္စည်း အဆင့်ရှစ်မှော်ဝင်သားရဲဥကို နောက်ဆုံးမှာ အနိုင်၇ရှိသွားတဲ့ သူက………. ဂုဏ်ထူးဆောင်ဧည့်သည်ထိုင်ခုံ နံပါတ် ရှစ်မှာ ထိုင်နေတဲ့ လူကြီးမင်းပဲ ဖြစ်ပါတယ်။ ´
အဆိုပါ စကားနဲ့တင် လေလံခန်းမတစ်ခုလုံးရဲ့ လေထုတစ်ခုလုံး မတုန်မလှုပ်ဖြစ်သွားတယ်။ အားလုံးက ဒုတိယထပ်က  Ling Xiao ကို လှည့်ကြည့်ကြသည်။ ၀ရန်တာပေါ်ကို ပစ်မှီထားတဲ့ You XiaoMoကို ကျော်ပြီးကြည့်ကြတာကတော့ သဘာဝပဲ ဖြစ်သည်။
Ling Xiao အေးအေးဆေးဆေးပဲ နှုတ်ခမ်းအစွန်းလေးတွေ  ကွေးတက်သွားပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။
ကြယ်ခုနစ်ပွင့်လေလံ အိမ်က ရဲ့ သုံးနှစ်တစ်ကြိမ်ကျင်းပတဲ့ လေလံပွဲက နောက်ဆုံး မထင်ထားတဲ့ အဆုံးသတ်နဲ့ ပြီးဆုံးသွားသည်။ အင်အားကြီးအဖွဲ့သုံးခုက ဖျတ်မြင်းနှစ်ကောင်ရဲ့ အနိုင်တိုက်ခြင်းကို ခံရပြီး နောက်ဆုံးရတနာ နှစ်ခုကို ပိုင်ဆိုင်ခွင့် မရလိုက်ကျ။ အဆုံးသတ်ကတော့ တကယ့်ကို အမှတ်မထင်ပဲ။ အင်အားကြီးအဖွဲ့သုံးဖွဲ့တောင် မမျှော်မှန်းထား သော အရာဖြစ်သည်။
အဖိုးကြီးက မှော်ဝင်သားရဲဥအနိုင်ရရှိသွားသူကို ကြေငြာပြီးတာနဲ့ ဆူညံနေတဲ့ လေလံခန်းမထဲမှာ ကြီးမားတဲ့ လေထုကြီးတစ်ခု ဖြစ် တည်သွားသည်။ ၀တ်စုံအနက်နဲ့လူနှင့် Ling Xiao ဆီကို အချို့အဖွဲ့တွေရဲ့ အေးစက်စက်အကြည့် တွေ ကျရောက်လာသည်။ သူတို့ပစ္စည်းကို သူတို့တွေ အနိုင်ရသွားတာပေမယ့် လက်လွှတ်မပေးနိုင်တဲက သူအချို့လဲ ရှိနေသည်။ သူတို့ရဲ့ မျက်လုံးတွေကလဲ မကောင်းတဲ့အကြံတွေနဲ့ တလက်လက်ဖြစ်နေသည်။
Ling Xiao ကတော့ ရှိတယ်လို့ပင် မထင် ခပ်ဝါးဝါးအပြုံးလေးက နှုတ်ခမ်းထက်မှာ ကွန်းခိုနေသည်။
ဘာတွေဖြစ်နေမှန်းတောင် မသိတဲ့ You XiaoMo တစ်ယောက်ကတော့ လေလံပွဲရဲ့ အခြေအနေတွေ ပြောင်းလဲသွားတာကို ပင် ဘာမှမခံစားရ။ သူက အခုတော့ သူ့မှော်ဝင်သားရဲဥကို အနိုင်ရသွားတာရဲ့ ပျော်ရွှင်မှုထဲမှာ ကျရှုံးနေသည်။ Ling Xiao ရဲ့ အကျီ င်္ကို အသာဆွဲပြီး 'ကိုကြီးLing, ကျွန်တော်တို့ ဘယ်အချိန်လောက် ပစ္စည်းတွေ သွားယူမလဲ´
Ling Xiao သူ့မေးစေ့ကို အသာငေါ့ပြပြီး သူ့ကို လေလံပွဲဦးဆောင်သူကို ကြည့်ဖို့ ပြနေသည်။
You XiaoMo လှည့်ကြည့်လိုက်သည်။ အဲဒိအဖိုးကြီးက မှော်ဝင်သားရဲဥကို အောက်ကို ယူသွားဖို့တောင် ခိုင်းပြီးနေပြီ။ ပီတိအပြုံးတွေဝေနေတဲ့ မျက်နှာနဲ့ လူအုပ်ကြီးဘက်ကို လှည့်ကာ အသံတွေတောင် ပီတိဖြစ်နေတာ အတိုင်းသား 'ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျာ ကျွန်တော်တို့မြို့ရဲ့ သုံးနှစ်တစ်ကြိမ်ကျင်းပတဲ့ လေလံပွဲကြီးကို အခု အဆုံးသတ်လိုက် ပါပြီ ။ အားလုံးပဲ ပါဝင်ဆင်နွှဲလို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ လေလံအောင်သွားတဲ့ အလေးအမြတ်ထားရတဲ့ ဧည့်သည်တော်များအနေနဲ့ ကတော့ အဆင်ပြေတဲ့ အချိန် စင်မြင့်အနောက်ဘက်မှာ ပစ္စည်းတွေ လာရောက်ထုတ်ယူနိုင်ပါတယ် ´
စကားပြောပြီးတာနဲ့ အဖိုးကြီးက လေလံစင်မြင့်ကနေ တန်းထွက်သွားသည်။ ပထမထပ်က ရိုးရိုးထိုင်ခုံတွေနဲ့ ဒုတိယထပ် ဂုဏ်ထူးဆောင်ဧည့်သည်ခုံက လူတွေအကုန် မတ်တပ်ရပ်ကာ လေလံခန်းမကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာကုန်ကြသည်။ ၀တ်ရုံအနက်နဲ့လူက ဘယ်သူမှ မသိခင်ကို ထွက်ခွာသွားပြီဖြစ်သည်။ ဒါပေမယ့် ဂုဏ်ထူးဆောင်ဧည့်သည်ထိုင်ခုံက အင်အားကြီး အဖွဲ့ကတော့ အနည်းငယ်ပင် တပ်လန့်မှုမဖြစ်သွား ။ သူ့နောက်ကို လိုက်ဖို့ ကို လူတွေဖြန့်ကျက်ထားရန် စီစဉ်ထားပြီးဖြစ်လောက်သည်။
Ling Xiao မတ်တပ်ရပ်ကာ   You XiaoMo ကို ပြောလိုက်သည်။ 'ညီလေး သွားရအောင်´
You XiaoMo ချက်ချင်းမတ်တပ်ရပ်ပြီး တရွေ့ရွေ့ လူအုပ်ကြီးနောက် လိုက်သွားသည်။ သူမသိသေးတာက သူတို့ HunJiမြို့ ထွက်တာနဲက သူတိုကလက်ထဲကနေ မှော်ဝင်သားရဲဥကို လုဖို့ လူတစ်အုပ်ကြီးစောင့်နေတယ်ဆိုတာကိုပင်  သူ့တန်ဖိုးထားပုံနဲ့မတူစွာ သူတို့တွေကတော့ အဲဒိရွှေပြားတွေထက်စာရင် မှော်ဝင်သားရဲဥက ပို အရေးကြီးလှသည်။
အခြားသူတွေနဲ့ မတူပဲ Ling Xiao နဲ့ You XiaoMo က သူတို့ပစ္စည်းတွေ ချက်ချင်းသွားယူကြသည်။
အဖိုးကြီးက သူတို့ကို စောင့်ကြိုနေသည်။ သူတို့လာတာမြင်တာနဲ့ စိတ်အားထက်သန်စွာ ချက်ချင်းနှုတ်ဆက်သည်။ သာကြောင်းမာကြောင်းလေးတွေ ပြောပြီးတာနဲ့ သူတို့နိုင်ထားတဲ့ ပစ္စည်းတွေယူဖို့ကို လူအချို့လွှတ်လိုက်သည။ ဥာဏ်အလင်းရွှေအိုး၊ အဆင့်ရှစ်မှော်ဝင်သားရဲဥပါတဲ့ ကျောက်စိမ်းသေတ္တာ နဲ့ ဆယ့်ကိုးသန်းထဲက ငါးရာခိုင်နှုန်းဝန်ဆောင်ခ နှုတ်ပြီးသား ဆယ့်ရှစ်သန်းငါးသောင်းရွှေပြားတွေ။ အဖိုးကြီးက ပစ္စည်းတွေအားလုံးထဲ့ထားတဲ့ မှော်အိတ်ကို You XiaoMo လက်ထဲ အပ်လိုက်သည်။
ပစ္စည်းတွေကို ယူပြီးတာနဲ့ Ling Xiao က You XiaoMo ကို ကြယ်ခုနစ်လုံးတာဝါကို ခေါ်သွားသည်။
သူတို့ ပြန်ရောက်လာတာနဲက လူအချို့က ချက်ချင်းသိကြသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang