Chapter 73

11.7K 1.9K 9
                                    

Chapter-73: ပြန်ပေးဆွဲခြင်း

သူဝေးဝေး သွားရလေလေ Ling Xiao ပိုပြီး အံအားသင့်လေလေ ဖြစ်သည်။ သူတ တကယ်ကြီး ဗဟိုဌာနမှ လူ တစ်ယောက်နှင့် မျှ မတွေ့ခဲ့ပေ။ ပြီးတော့ လေအေးများလဲ တိုက်တာ တိုးမြင့်လာပြီ။ ဒီ လမ်းက ဗဟိုဌာန တောင်၏ အနောက်ဖက် ခြမ်း ကို သွားတာ ဖြစ်သည်။

You XiaoMo က အလွန်အားနည်းသည်။ သူသာ တောင်အနောက်ဖက်ကို ဝင်သွားပါက အသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိပါရဲ့လား?

အဲဒါကို တွေးမိတော့ Ling Xiao ဒေါသမထွက်ပဲတောင် မနေနိုင်တော့။ သူ့အမြန်နှုန်းကို ချက်ချင်းတိုးမြှင့်ကာ တောင်အနောက်ဖက် ဆီသို့ ပျံသွားလိုက်သည်။ သူ နောက်အနောက်ဖက်နား ရောက်ခါနီးလေးတွင် အခြားသော လမ်းများနှင့် ဆုံရာ လမ်းဆုံတွင် ခပ်လှမ်းလှမ်းမှ ရင်းနှီးမှုရှိနေသော သဏ္ဍာန်အနည်းငယ် တွေ့လိုက်ရသည်။ သူတို့ထဲက တစ်ယောက်ကတော့ သူ့ကို နေ့နေ့ညည လိုက်နေသော Tang YunQi ဖြစ်ပေသည်။

Tang YunQi က မည်သည့်နေရာတွင်မဆို ရှိနေနိုင်တာကို သူ(မ)က You XiaoMo ပျောက်သွားသော လမ်းပေါ်မှာ ရှိနေသေးသည်။ ဒီကမ္ဘာကြီးမှာ တိုက်ဆိုင်တာများ ရှိနေသေးရဲ့လား?

Ling Xiao မျက်နှာက မည်းသွားကာ လေအေးများ လွှမ်းခြုံသွားသည်။ သူက Tang YunQi အရှေ့တွင် ပေါ်လာသည်။

Tang YunQi ကတော့ လေအေးတစ်သုတ် ဝေ့ခနဲ သူ(မ)မျက်နှာကို တိုက်သွားတာသာ ခံစားလိုက်ရကာ အလိုအလျောက် မျကိစိမှိတ်ထည့်လိုက်သည်။ သူ(မ) မျက်စိ ပြန်ဖွင့်လိုက်သည့်အခါကျတော့ သူ(မ) တောင့်တာနေတာ ကြာလှပြီ ဖြစ်သော အစ်ကိုXiao က ဘယ်အချိန်ကတည်းက သူ့(မ)ရှေ့တွင် ရောက်နေမှန်း မသိတာကို မြင်လိုက်ရသည်။ အဲဒိမှာတင် သူ(မ) ဘာကြောင့် ဒီမှာ ရောက်နေတာလဲ ဆိုတာ မေ့သွားကာ မျက်နှာက လင်းလက်သွားပြီး သူ့ဆီ ပြေးသွားတော့သည်။ "အစ်ကိုXiao ဘာလို့ ဒီကို ရောက်နေတာလဲ"

သူ(မ) အနောက်နားက အပါးတော်မြဲ နှစ်ယောက်ကတော့ ပျော်ရွှင်သွားသည့် အရိပ်အယောင် မရှိယုံမျှမက မျက်နှာက ချက်ချင်းတောင် အကြီးမားကြီး ပြောင်းလဲသွားရကာ ရုတ်တရတ်ကြီး ပေါ်လာသော Ling Xiao ကို သေမလို ဖျော့တော့သော မျက်နှာများနှင့် ကြည့်နေသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now