C-160 Kill for treasure
အခန်း ၁၆၀ ရတနာအတွက် သတ်ဖြတ်ခြင်းသုခဘုံနယ်မြေ၏ အရှေ့အရပ်သည် နွေဦးရာသီဖြစ်သည်။ အရာဝတ္ထုပေါင်းတစ်သောင်း ဘ၀ဖြစ်တည်ရဖြစ်တည်ရာ နေရာ ဖြစ်သည်။ ထို့ကြောင့် ဒီနေရသည် မှော်ဆေးပင်အများဆုံးနေရာဖြစ်သည်။ နောက်တစ်နေရာက အနောက်ဘက်ဖြစ်သည်။ စိတ်ဝိဥာဏ်အား သိပ်သည်းပြီး အလျှံအပယ်ဖြစ်သည့်နေရာတွင် အရှေ့ဘက်ပြီးနှင့် ဒုတိယမြောက်နေရာဖြစ်သည်။
Ling Xiao က အလွန်လျင်မြန်စွာနဲ့ သူကိုခေါ်သွားတော့ သူတို့က အစိမ်းရောင်တောင်တန်းလျှိုမြောင် ဟုခေါ်သော ပထမအတားအဆီးကို အလွန်လျင်မြန်စွာ ရောက်ရှိသွားသည်။
အစိမ်းရောင်တောင်လျှိုမြောင် မဖြစ်ပေါ်စဉ်က ဒဏ္ဍာရီအရ အဲဒိမှာ အလွန်ရှည်သောတောင်ထိပ်တစ်ခု ရှိသည်ဟု ဆိုသည်။ အဆိုပါ တောင်ထွတ်မှာ သန်မာသောတိုက်ခိုက်သူ အချို့ကကြာင့် နှစ်ခြမ်းကွဲကာ မီတာတစ်သောင်းနက်သော တောင်ကြားကလျှိုမြောင်တစ်ခု ပေါ်ထွန်းလာခဲ့သည်။ ရာသီဥတုကြောင့် ထို လျှိုမြောင်တောင်မှာ အစိမ်းရောင်အပင်များဖြင့် ဖုံးလွှမ်းသွားသည်။ အဆုံးမှာတော့ ကျီးမည်းတို့ နေရာနေရာ ဖြစ်လာသည်
ကျီးမည်းများမှာ သန်မာမှုအဆင့်လေးသာ ရှိသော အဆင့်နိမ့် မှော်ဝင်သားရဲတစ်မျိုးဖြစ်သည်။ သို့သော် သူတို့က အစုအဝေး နှင့်သာ အမြဲထွက်တတ်သည်။ သူတို့တွေက ထုတ်လွှင့်သော bအသံများက လူများ၏ နှလုံးသားကို အလွန်သွေးထိုး လှုံ့ဆော်မှုမျိုး ပေးစွမ်းနိုင်သည်။ ထို့ကြောင့် လူအများက ကျီးမည်းများကို ရွံရှာမုန်းတီးကြသည်။ သူတို့တွေ အစိမ်းရောင်တောင်လျှိုမြောင်ကို တွေ့ချိန်မှာ အများစုက ကွေ့ဝိုက်သွားရန် ရွေးချယ်လေ့ရှိသည်။ ကျီးမည်းများက အဆင့်နိမ့်မှော်ဝင်သားရဲများ ဖြစ်သော်လည်း သူတို့တွေ စောင့်ကြပ်သောအရာမှာ ပျော်ရွင်စွာစုစည်းခြင်း ဟုခေါ်သော အဆင့်လေး မှော်ဆေးပင် ဖြစ်သည်။
ပျော်ရွှင်စွာစုစည်းခြင်းကို ညပိတ်သောသစ်ပင်ဟုလည်း ခေါ်သည်။ သစ်ပင်၏ အကိုင်းအခက်များဖြာသောနေရာက ကျယ်ပြန့်လှသည်။ ငှက်မွှေးများနှင့် ပုံသဏ္ဍာန်တူသော သစ်ရွက်များက နေ့အချိန်တွင် ပွင့်နေကာ ညအချိန်တွင် ပိတ်သွားသည်။ ထို့ကြောင့် ပျော်ရွှင်စွာစုစည်းခြင်း ဟုလည်း ခေါ်တာဖြစ်သည်။ ပျော်ရွှင်စွာစုစည်းခြင်းသည် ကျီးမည်းများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သူ့မှာ အလွန်အားကောင်းသော စိတ်တည်ငြိမ်စေသော အကျိုးသက်ရောက်မှု ရှိသည်။ လူသားများ၏ စိတ်ခံစားမှု ခုနစ်မျိုး (ဒေါသ အချစ် အမုန်း ပူဆွေးခြင်း လိုချင်တပ်မက်ခြင်း ထိတ်လန့်ခြင်း ပျော်ရွှင်ခြင်း) များကြောင့် ဖြစ်သော ဒေါသနှင့် ၀မ်းနည်းမှုများကို တွန်းလှန်ရာတွင် သုံးနိုင်သည်။ သူက စိုးရိမ်ဗျာပါရ သင့်မှုတွေအတွက် ပိုပြီး ဆေးစွမ်းသက်ရောက်သည်။ သူ့ကို ပျော်ရွင်စွာစုစည်းခြင်းဟု ခေါ်သော အဆင့်လေး မှော်ဆေးလုံး ဖော်စပ်ရာတွင် သုံးနိုင်သည်။
YOU ARE READING
အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)
AdventureThe Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel