အခန်း (၃)

1.5K 199 2
                                    

Unicode - အို... ဒါက ဒိတ်တစ်ခုလား။

Lu Chenzhou ၏ ပုံမှန် လေသံထွက်လာသည်။

"အိုခေ"

Cheng Xi လက်ကို ခပ်ဖွဖွပုတ်ရင်း သူမ အား Cai Yi ပြုံးပြသည်။ မကြာခင်မှာပင် Cai Yi ၏ လက်ထောက်ရောက်လာသဖြင့် အခန်းဝအထိ Cheng Xi လိုက်ပို့လိုက်သည်။ သူမ စားပွဲသို့ပြန်ရောက်လာသည့်အခါ Lu Chenzhou မှာ ထမင်းစားတူကို လက်ထဲမှချလိုက်ပြီဖြစ်၍

"ရှင် စားလို့ပြီးပြီလား။"

Lu Chenzhou ခေါင်းညိတ်ပြသည်။

အနားရှိ ထိုင်ခုံပေါ်တွင် တင်ထားသည့် သူမ၏ အပေါ်ရုံအင်္ကျီကို Cheng Xi ကောက်ယူလိုက်ပြီးသည်နှင့်

"ဒါဆို ကျွန်မတို့လည်း သွားရအောင်လေ။"

Cheng Xi စိတ်ထဲတွင် စောစောက Cai Yi ပြောခဲ့သည့်စကားများကို ဆက်စဉ်းစားနေမိသည်။ ပုံမှန်အားဖြင့် သူမ ပါမောက္ခ၏ ဆေးကုသမှုကို ခံယူခွင့်ရသူမှာ သမာရိုးကျလူနာ လုံးဝမဟုတ်နိုင်သည့်အတွက် Cai Yi မည်သို့ကုသမည်ကို သူမ သိပ်တွေ့ချင်၊ သိချင်နေမိသည်။

သို့သော် Chen Xi ဘက်မှ ပြန်ဖို့ပြင်နေသည့်တိုင် Lu Chenzhou တစ်ယောက် ထိုင်နေရာမှ တုတ်တုတ်မျှပင်မလှုပ်သေးပေ။ အပေါ်မှ ရေခဲလွှာခပ်ပါးပါး တစ်ထပ်အုပ်ထားသကဲ့သို့ ဖြစ်နေသည့် သူ၏ အေးစက်ကျောချမ်းဖွယ်ရာ အကြည့်တို့က သူမ မျက်နှာပေါ်သို့ ရောက်လာသည်။

"မင်းပုံစံကြည့်ရတာ အခြေအနေမှန်ကို လုံးဝမရိပ်မိတဲ့ပုံပဲ။"

တစပ်တည်းမှာပင် သူ၏ ခပ်လှောင်လှောင်အသံ ထွက်လာသည်။

"မင်းရဲ့ ပါမောက္ခက အမှန်တကယ်အရေးကြီးတဲ့ ကိစ္စကြောင့် ထွက်သွားတယ်လို့ ထင်နေတာလား။ ပြီးတော့ ငါ့ရဲ့ အဘိုးနဲ့အဘွားက လာမယ်လို့ပြောပြီး ရောက်မလာတာကလည်း တိုက်ဆိုင်မှု သက်သက်ပဲလား။"

"ရှင်ဘာကိုဆိုလိုချင်တာလဲ။"

"သူတို့တွေပေါင်းပြီး ကြိုတင်စီစဉ်ထားကြတာ။"

"ကြိုတင်စီစဉ်ထားကြတာ... ဟုတ်လား။"

ယခုချိန်အထိ အခြေအနေကို နားလည်သေးပုံမရသည့် သူမ ကိုကြည့်၍ Lu Chenzhou မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now