အခန်း (၁၇)

1.1K 173 3
                                    

Unicode - ညအိပ်ကြေးလက်ခံရရှိခြင်း

ထိုမြင်ကွင်းကိုတွေ့သည့်အခါ Lu Chenzhou ပြုံးသွားပြီး သူ၏နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ်ကွေးတက်သွားသည်။ မျက်ဝန်းများက မထင်မှတ်ထားရလောက်အောင်ပင် ကြည်လင်သန့်စင်၍ ကြည့်ကောင်းနေကာ ပျော်ရွှင်နေသည့် အရိပ်အယောင်ပင် ဖျတ်ခနဲပေါ်လာသည်။ ထိုအရာကို ကြင်နာဟန်ရှိသည့် သဘောတရားနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ ပင်ကိုယ်သဘောအရ အေးတိအေးစက်နေတတ်သည့် စရိုက်အမူအကျင့်ကိုပင် အနည်းငယ်ဖုံးလွှမ်းသွားလိုက်သယောင်။

သူ့ကို Cheng Xi မျက်လုံးထောင့်ကပ်ကာ မသိမသာ ချောင်းကြည့်နေရင်းနှင့် သူမ မသိလိုက်ခင်မှာပင် အသက်အောင့်ထားမိသွားသည်။ Xu Po နှင့် Baldy တို့နှစ်ယောက်ကမူ ထိုမြင်ကွင်းက သူတို့အဖို့ မထူးဆန်းတော့သကဲ့သို့ဖြစ်နေသည်။ ထို့နောက် Baldy ထံမှ မကျေမနပ် ပြောဆိုသံ ထွက်လာသည်။

"တစ်ပွဲလောက်နိုင်တာလေးက မင်းကို ဒီလောက်ထိ ပျော်သွားအောင် လုပ်နိုင်တယ်ပေါ့။ အချိန်အကြာကြီးတော့ ကံမကောင်းနိုင်ပါဘူးကွာ။ မင်းတို့တွေ ကုန်းကောက်စရာမရှိတော့တဲ့အထိဖြစ်သွားအောင် ငါတို့ဖြည်းဖြည်းချင်း လုပ်ပြမယ်ကွ။"

သို့သော် Lu Chenzhou က ခါတိုင်းကဲ့သို့ပင် ခပ်ပြတ်ပြတ်လှမ်းပြောသည်။ "မင်းနိုင်တဲ့အခါပြောဖို့ ချန်ထားလိုက်။"

Cheng Xi ၏ အတုံးများကို Xu Po ကြည့်ရင်း "မင်းမှာ ခုနစ်တွဲလုံး စုံသွားပြီကို ဘာလို့အခုနက အပြားတွေ ထပ်ပစ်တာလဲ။"

Cheng Xi ရိုးသားစွာ ပြန်ဖြေသည်မှာ "အဲ့ဒီတုန်းက ကျွန်မ ဘာလုပ်နေတယ်ဆိုတာကိုမှ မသိသေးတာ။"

သူမ စကားကိုကြားသည်နှင့် Baldy စားပွဲခုံကို လက်ဖြင့် ခတ်ဆတ်ဆတ်ကလေးထုလိုက်ကာ "ကြက်ကန်းဆန်အိုးတိုးတာပဲနေမှာ!!!" 

မိမိဝေစုပုံအထဲမှ တိုကင်ပြားအချို့ကို ရှုံးကြေးအဖြစ် သူမထံပေးလိုက်ရသည့် ထိုနှစ်ယောက်ကိုကြည့်ရင်း Cheng Xi ပြုံးမိတော့သည်။ ယခုအကြိမ် သူမ အနိုင်ရသဖြင့် ထိုပွဲမှ တိုကင်ပြားအတော်များများ အမြတ်ရသွားသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Tempat cerita menjadi hidup. Temukan sekarang