အခန်း (၆)

1.4K 202 0
                                    

Unicode - ရှင့်အတွက် ထိုက်တန်တဲ့အဖိုးအခ

Lu Chenzhou ၏ မျက်နှာအမူအရာမှာ ယခုချိန်အထိ မပြောင်းလဲဘဲ ရှိနေသော်လည်း သူ၏ လည်ပင်းနားတစ်လျှောက်အထိ ကြက်သီးမွေးညင်းများထလာသည်ကို Cheng Xi တွေ့သည့်အခါ ရယ်မိတော့သည်။

ရေချိုးခန်းထဲတွင် ရှိနေစဉ်၌ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးကြည့်သည့်အခါ ပေါင်ပေါ်တွင်ရှိနေသည့် ခပ်ကြီးကြီး ညိုမည်းစွဲရာတစ်ခုအပြင် အမှတ်ရာများက ဟိုတစ်ကွက်ဒီတစ်ကွက်နှင့် သူမ တစ်ကိုယ်လုံးတွင် ဖြစ်နေလေသည်။

မိနစ်အတော်ကြာအောင် မနေ့ညက သူမတို့နှစ်ယောက် ပွဲကြမ်းခဲ့ဖြစ်သည်ဟူ၍ပင် Chen Xi ထင်မိတော့သည်။ သို့သော် Lu Chenzhou ၏ အမူအရာကို ပြန်စဉ်စားသုံးသပ်ကြည့်သည့်အခါမှသာ သူမ စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်တော့သည်။

အသန့်ကြိုက်တက်လွန်းသည့် သူ၏ ပင်ကိုယ်စရိုက်အရ သူ့အား လာထိသည်ကိုပင် သည်းမခံနိုင်တတ်သူဖြစ်သည့်အလျောက် သူစိမ်းတစ်ယောက်သာသာဖြစ်နေသည့် Chen Xi အား မည်သည့်နည်းနှင့်မျှ အနားကပ်ခွင့်ပြုမည်မဟုတ်ပေ။

စိတ်ထဲမှသုံးသပ်ချက်ကို မသိဟန်ဆောင်လိုက်ရန်သာ သူမ ဆုံးဖြတ်လိုက်သည်။ သူ့ဘက်မှ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ လုပ်လာသည်ကို Chen Xi မသိသော်လည်း သူမ တို့နှစ်ယောက်ကြားတွင် ဆရာဝန်- လူနာ ကဲ့သို့ဆက်ဆံရေးမျိုး မရှိချင်သည့်အတွက် သူ့ဘက်မှ လုပ်ကြံဇာတ်လမ်းဆင်လိုက်သည်မှာ ထင်ရှားနေသည်။

ထိုကဲ့သို့ ဟန်ဆောင်လိမ်ညာနေသည်ကို Cheng Xi သဘောမကျသည့်တိုင် သူမ အတွက် ထိခိုက်နစ်နာမှုမျိုး မရှိပါက သူ၏အကြံအတိုင်းသာ အလိုက်သင့်လက်ခံပေးရန် တွေးထားလိုက်သည်။ သို့သော် သူမ အား မဟုတ်မမှန် စွပ်စွဲထားခြင်းအတွက် ထိုက်သင့်သည့် တုံ့ပြန်မှုတစ်ခုတော့ ပေးရန်လိုနေသေးသည်။

အသားချင်းထိထားသည့် ဒဏ်ကို သည်းခံနေရသည့် Lu Chenzhou တစ်ယောက် မခံနိုင်တော့သည့်အဆုံး ပေါက်ကွဲခါနီးတွင် Cheng Xi လက်ပြန်ရုတ်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်မှ လက်ကိုင်အိတ်ကို ကောက်ယူလိုက်ပြီး သူမ ပိုက်ဆံအိတ်ကိုထုတ်ပြီးသည့်အခါ သူ့အားမကြည့်ဘဲ

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now