🎁 အခန်း (၈၁) 🎁

658 77 0
                                    

Unicode - ငါ မင်းတို့နှစ်ယောက်ကို ရအောင်ခွဲမယ်

Cheng Xi အချိန်ခဏခန့် တွေဝေသွားပြီးနောက်တွင် Meng Qingyang ကို အပြုံးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ "မိန်းကလေး Meng နဲ့တွေ့ရတာ ဝမ်းသာပါတယ်။"

Lin Fan မိခင်မှာ အနည်းငယ်အံ့ဩသွားပြီး မေးလာသည်က "မင်းတို့နှစ်ယောက်က သိနေကြတာလား။"

ထိုအခါက Meng Qingyang က အတည်ပေါက် ပြန်ဖြေသည်။ "ဟုတ်ပါတယ်၊ ဒေါက်တာ Cheng က ခင်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါ။"

Lin Fan မိခင်က Cheng Xi ကို စိတ်ဝင်တစား သိချင်မှုတို့ဖြင့် ကြည့်လာပြန်သည်။ "ဒါဆိုရင် ကောင်းတာပေါ့။" ထို့နောက် Meng Qingyang ၏လက်ကို ခပ်ဖွဖွပုတ်ကာ "အန်တီ Cheng Xi နဲ့ စကားနည်းနည်းပြောလိုက်ဦးမယ်။ ဒီမှာပဲ အန်တီ့ကို စောင့်နေနော်၊ ဟုတ်ပြီလား။"

"ဟုတ်ကဲ့ပါ၊ အန်တီ။" Meng Qingyang က Cheng Xi ကိုပင် လက်လှမ်းပြကာ "ဂွတ်ဘိုင်၊ ဒေါက်တာ Cheng ။"

Meng Qingyang ၏ပင်ကိုယ်သဘောထားမှာ မည်
သို့ဟူသည်ကို Cheng Xi မြင်တွေ့ခဲ့ရဖူးသည်ဖြစ်၍ ယခု သူ၏ဣန္ဒေရှိ တည်ငြိမ်နေဟန် လုပ်ယူထားသည့် အပြုအမူက သူမအဖို့ အနည်းငယ်ထူးဆန်းနေလေသည်။ သို့သော်လည်း Cheng Xi ဘာမှမပြောတော့ဘဲ Lin Fan မိခင်ကို သူမရုံးခန်းသို့ ဦးဆောင်ခေါ်သွားကာ "Mrs. Lin ၊ ဘာဖျော်ပေးရမလဲ။"

Lin Fan မိခင်က ခေါင်းခါလိုက်သည်။ "ရတယ်၊ အလုပ်ရှုပ်မခံနဲ့တော့။ စကားပဲပြောကြတာပေါ့။"

သို့တိုင်အောင် Cheng Xi က သူ့အတွက် ရေတစ်ခွက်ခပ်ထည့်ပေးကာ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။

သူမကိုကြည့်နေသည့် Lin Fan မိခင်၏အကြည့်တို့မှာ ယုံမှားစရာမရှိလောက်အောင်ပင် ကြင်နာရိပ်များ လွှန်းမိုးနေပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာအကြာက မြင်တွေ့ခဲ့ရဖူးသည့် ခပ်ဆင်ဆင်မျက်ဝန်းတစ်စုံကို ပြန်အမှတ်ရသွားစေသည်။ ထိုစဉ်က Cheng Xi နှင့် Lin Fan တ်ို့မှာ ကျောင်းမှကြီးမှူးသည့် ကျောင်းပြင်ပလှုပ်ရှားမှု တစ်ခု (CCA) အတွက် သူမတို့နှစ်ယောက် လမ်းလျှောက်သွားနေကြခြင်းဖြစ်ကာ Lin Fan မိခင်နှင့် သွားတိုးသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now