အခန်း (၁၂၇ - က)

218 31 0
                                    

Unicode - ဒီနေ့ ကျွန်မ ရှင်နဲ့ ဒိတ်လုပ်မယ်

Lu Chenzhou သည် ယုတ်မာသည့် ရည်ရွယ်ချက်တို့မရှိဘဲ သူ့ရင်ထဲမှအတိုင်း ပြောလိုက်ခြင်းသာဖြစ်သည်ကို Cheng Xi သေချာသိသည်။

ဘုရားရေ၊ ရှင့်ဘက်က တမင်တကာ ပြောတာမဟုတ်ဘူးဆိုတာကြီးက တစ်ဖက်လူကို ပိုခံရခက်စေတယ်လေ! ဒီလောက်လေးတောင် အရိပ်အကဲမသိဘူးလား၊ ကျွတ်...

Gong Hengjin သည် Lu Chenzhou အကြောင်းကို ကြားဖူးထားသဖြင့် စစချင်း၌ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပီတိဖြစ်သွားသည်။ သူမကို ချောသည်ဟု ပြောသည့်အပြင် အရှေ့တွင်ရှိနေသည့် Cheng Xi ထက်ပင် ပိုချောသည်ဟူ၍ ပြောလာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ ဟုတ်သည်၊ ထို့ကြောင့် မိမိကိုယ်ကို ဂုဏ်ယူသည့်စိတ်တို့ထဲက ရင်ထဲ၌ အလိုလိုဖြစ်ပေါ်လာသည်။

ထို့ပြင် Lu Chenzhou ဘက်မှ သူမကို မကြိုက်ပါဟု ပြောခဲ့သော်လည်း ထိုစကားသည် သူနှင့် Cheng Xi ကြားမှ ချစ်ခင်ကျီစယ်နေကြခြင်းသာဖြစ်၍ အမှန်တရားနှင့် လုံးလုံးမသက်ဆိုင်ဟု တွေးခဲ့သည်။ ထိုအတွေးကြောင့် အနည်းငယ် ပြုံးမိသွားပြီး မိမိကိုယ်ကို အထင်ကြီးဂုဏ်ယူနေသည့်အဖြစ်ကို အခြားလူများမရိပ်မိစေရန် ဟန်မပျက်ပင် ဣန္ဒြေတစ်ခွဲသားဖြင့် နေပြလိုက်သည်။

သို့သော် ထို့နောက်တွင် သူမ ကြားလိုက်ရသည့်စကားတို့က...

Gong Hengjin ၏အသွင်သည် ငိုတော့မည့်ပုံပေါက်နေကာ Fu Mingyi ၏မျက်နှာသည်လည်း အနေရခက်စွာဖြင့် ပျက်ယွင်းသွားသည်ဟု Cheng Xi ထင်မိသည်။

Shen Wei ကမူ စားပွဲခုံကိုပင် ခေါင်းဖြင့်တိုက်ရင်း အားပါးတရဖြင့် စိတ်လွတ်ကိုယ်လွတ် ရယ်မောနေလေသည်။ ထို့နောက်မှသာ သူမ ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းလိုက်သည်၊ မျက်နှာကိုလက်ဖြင့်သပ်၍ ခေါင်းပြန်မော့လာကာ ဝမ်းပန်းတသာပြောလာသည်က "ဒါရိုက်တာ Lu က ဒီလိုဟာသတွေ အမြဲပြောတတ်တယ်နော်။"

Lu Chenzhou က လေးနက်တည်ကြည်သည့် လေသံနှင့်ပင် တုံ့ပြန်မှုပြုလာသည်၊ "ငါဟာသပြောနေတယ်လို့ မင်းထင်လား။"

ထိုသို့ ဦးတည်ရာပြောင်းသွားသည့် စကားဝိုင်းကို Cheng Xi ဘဝင်မကျဖြစ်နေသည်။ အကယ်၍ ထိုအတိုင်းဆက်ပြောနေမည်ဆိုလျှင် Lu Chenzhou ထံမှ မည်သို့သောစကားမျိုး ထပ်ထွက်လာမည်ကို မည်သူသိနိုင်ပါမည်နည်း။ သူမကိုယ်တိုင်ပင် Lu Chenzhou ၏ မညှာမတာ အပြောကြမ်းသည့် လျှာဖျားအောက်တွင် သားကောင်ဖြစ်ခဲ့ရဖူးသည်!

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now