အခန်း (၁၂၇ - ခ)

261 36 2
                                    

Unicode

Shen Wei မျက်ဝန်းမှ မျက်ရည်များလိမ့်ဆင်းကျလာသည့်တိုင် ထိုအပြုံးက မျက်နှာပေါ်၌ ရှိနေဆဲပင်ဖြစ်သည်။ “ငါ့ကိုယ်ငါ ပိုနာကျင်အောင် လုပ်ချင်နေလို့ပါ။ ငါဘာကိုမှ မသိတော့လောက်အောင် ထုံကျင်သွားတဲ့ချိန်မှာ ငါ့ဒဏ်ရာက ဒီနေရာမှာရှိနေတုန်းပဲဆိုတာကို သတိပြန်ပေးဖို့ အဲဒီဒဏ်ရာကို ထိုးဆွမှဖြစ်မယ်ဆိုတဲ့ တွန်းအားတစ်ခုရှိနေတယ်။ ဒီလိုနာကျင်လာတဲ့အချိန်မှပဲ ငါသက်သာသွားတာ။”

သူမ၏ရင်ဖွင့်ချက်ကို Cheng Xi ကြားသည့်အခါ သက်ပြင်းချမိသွားသည်၊ Shen Wei ကိုနှစ်သိမ့်ပေးရင်းနှင့် သူမလည်း စိတ်သက်သာရာရသွားကာ “နင်သာ သူနဲ့သာယာတဲ့ဘဝတစ်ခု တည်ဆောက်သွားဖို့ဆန္ဒရှိနေရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်နေရတာလဲ။”

Shen Wei သည် ပြုံးနေဆဲဖြစ်ပြီး သူ့မျက်နှာကိုလက်ဖြင့်အုပ်၍ ပြောလာသည်မှာ “ငါ ဒီလိုဘဝမျိုးနဲ့ ဆက်မနေနိုင်တော့ဘူး...... အားလုံးက သူတို့ကို ဒီတိုင်းပဲ ခွင့်လွှတ်လိုက်စေချင်တယ်ဆိုရင် ငါ့အတွက် ခွင့်လွှတ်ခြင်းကရော ဘယ်သူကပေးမှာလဲ။”

အမှန်ပင် ထိုအရာကြောင့်ဖြစ်နေသည်! Cheng Xi မျက်မှောင်ကြုတ်သွားသည်၊ “နင်က အရူးပဲ! ကိုယ့်ကိုခွေးလာကိုက်ရင် အဲဒီခွေးကို ပြန်ကိုက်လိုက်ရမှာလား။ နင့်အတွက် ကိုယ်ကိုယ်တိုင်လမ်းထွင်ပြီး ဆက်လျှောက်ရမှာလေ။ ခဲလုံးတစ်ချို့တက်နင်းမိလို့ ချော်လဲသွားတာလေးနဲ့ ရှေ့ဆက်သွားနေတာကို ရပ်လို့မှမဖြစ်တာ။”

လက်ရှိ Shen Wei လုပ်နေသည့်အရာများကို ဆန့်ကျင်ကာ သူမ နားချပြောပြလိုသော်လည်း ထိုအချိန်တွင် Fu Mingyi ၏အသံကို အပြင်ဘက်မှ ကြားလိုက်ရသည်။ “Shen Wei ၊ Cheng Xi ၊ အထဲမှာလား။”

ထို့ကြောင့် Cheng Xi ပြောလက်စ စကားကို ရပ်လိုက်ရကာ Shen Wei ကိုကြည့်လိုက်သည်။ သူသည် မျက်ရည်များကို ကြိုးစားသုတ်နေခြင်းဖြစ်ပြီး အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်၊ “အင်း။”

နှစ်ယောက်သား သန့်စင်ခန်းထဲမှထွက်လာသည့်အခါ Cheng Xi ၏မျက်နှာသည် အေးတိအေးစက်နှင့်ဖြစ်နေသည့်တိုင် Shen Wei ၏မျက်နှာအမူအရာကမူ ဟန်လုပ်ကြိုးစားထားသည့် အပြုံးတုတို့ဖြင့် တစ်ဖန်ပြန်လည် နွေးထွေးသက်ဝင်သွားပြီ ဖြစ်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now