အခန်း (၆၀)

663 103 0
                                    

Unicode - အငယ်အနှောင်း

နောက်ပိုင်းမှသာ Su Feng တစ်ယောက် မည်သို့သောပြဿနာမျိုးနှင့် ရင်ဆိုင်နေရကြောင်းကို Cheng Xi ကြားရတော့သည်။

ထိုနေ့က စနေနေ့ဖြစ်ပြီး ကြိုတင်စီစဉ်ထားသည့်အတိုင်း သူနာပြုဆရာမကြီး၊ အခြားလုပ်ဖော်ကိုင်ဖက် အချို့တို့နှင့်အတူ သူမမိခင်အိမ်သို့သွားရန် ဆုံဖြစ်ကြသည်။ သူမမိဘများ၏နေအိမ်မှာ မြို့ပြနှင့်အလှမ်းဝေးသည့် နေရာတွင်ဖြစ်သည့်အတွက် Cheng Xi ၏ လုပ်ဖော်ကိုင်ဖက်များက ထိုနေရာအနီးတစ်ဝိုက်နှင့်ပတ်သက်၍ လေ့လာစုံစမ်းခြင်းများ ပြုလုပ်ထားခဲ့ရာ အနီးပတ်ဝန်းကျင်တွင် ရေလှောင်တမံတစ်ခု ရှိကြောင်းကို သိသွားကြလေသည်။

ထို့ကြောင့်လည်း အားလုံးက ငါးမျှားကြရန်နှင့် ၎င်းတို့၏ပစ္စည်း အထုပ်အပိုးတို့ကိုပါ တစ်ပါတည်းသယ်လာရန် အားတက်သရော ဆုံးဖြတ်လိုက်ကြသည်။

ထိုနေ့က ရာသီဥတုအခြေအနေမှာ ကောင်းမွန်နေသည်၊ ချမ်းအေးလှသည့် ရက်ပေါင်းရှည်ကြီးများအပြီးတွင် ရှားရှားပါးပါး နေသာသည့်နေ့လေးတစ်နေဖြင့် ကောင်းချီးပေးခံရလေသည်။ အဖော်အချို့က ရေလှောင်တမံအနီးရှိ တောင်းကုန်းငယ်လေးပေါ်သို့ တက်သွားကြချိန်၌ သူနာပြုဆရာမကြီးက Cheng Xi အနားသို့ အာလူးဖုတ်ရန် ရောက်လာလေသည်။

"ဒေါက်တာ Su ကွာရှင်းလိုက်ပြီ။"

"ဟင်" Cheng Xi ဘာမှပြန်မဖြေနိုင်ဘဲ ငေးကြောင်နေမိသည်။

"သားဖွားမီးယပ်ဌာနက ဒေါက်တာ Su လေ။ မင်းသူ့ကို့ မေ့သွားတာတော့ မဟုတ်ပါဘူးနော်။"

"အော်၊ ကျွန်မ မှတ်မိပါတယ်။" Cheng Xi ထိုသို့ဖြေရင်း သူမ၏ငါးမျှားတံကို တပ်ဆင်ရင်း ပြန်မေးလိုက်သည်။ "သူ ဘာဆက်ဖြစ်သွားလဲ။"

"သူကွာရှင်းလိုက်တယ်၊" သူနာပြုဆရာမကြီးက ကန်ထဲမှ ငါးစာချထားသည်ကိုကြည့်ကာ အိတ်ကပ်ထဲ၌လက်ထည့်ရင်း စိတ်မကောင်းဖြစ်နေသံဖြင့် ထပ်ပြောလိုက်သည်။ "ကြားရသလောက်တော့ သူ့အမျိုးသား ဖောက်ပြန်နေတာကို မိသွားတာဆိုပဲ။ စစတုန်းကတော့ သူက ခွင့်လွှတ်ပေးဖို့လုပ်ထားတာ၊ ဟိုအကောင်ကလည်း ဒီအိမ်ထောင်ရေးကို နောက်တစ်ကြိမ် ပြန်ကြိုးစားကြည့်ဖို့ ဆန္ဒရှိတယ်တဲ့လေ။ ဒါပေမဲ့ အဲ့ဒီလိုဖြစ်ပြီး နှစ်လလည်းကြာရော ဒေါက်တာ Su က ကွာရှင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now