အခန်း (၂၄)

1K 156 2
                                    

Unicode - ရင်ဆိုင်နိုင်စွမ်းမရှိသည့် သူမ၏အကြည့်

စိတ်ခံစားမှုကင်းမဲ့သည့် လူနာများနှင့်ပတ်သက်၍ သူမ နားလည်သိရှိထားသည်မှာ အလွန်နည်းလွန်းသည်ဟု Cheng Xi ခံစားလိုက်ရသည်။ ထို့ကြောင့် Chen Jiaman သက်သာလာသည့်အခါ Lu Chenzhou ၏အခြေအနေကို ပို၍အာရုံစိုက်မည်ဟူ၍ သူမ တွေးထားလိုက်ရသည်။ ဤသို့လုပ်ရခြင်းက ထိုအဓိပ္ပာယ်မရှိသည့် တန်ဖိုးကြီးစာချုပ်တစ်ခုတည်းကြောင့်မဟုတ်ဘဲ သူမ ကိုယ်တိုင် လူချမ်းသာတစ်ယောက်နှင့် သူငယ်ချင်းဖြစ်ခွင့်ရလာမည့် အတွက်ကြောင့်လည်းဖြစ်သည်။

╮(╯_╰)╭

Chen Jiaman အကြောင်းပြောရလျှင် သူ့အကြောင်းကို Lu Chenzhou က အနည်းငယ် စိတ်ဝင်တစားရှိကြောင်း သူမ ရုတ်တရက် ပြန်အမှတ်ရသွားသည်။ ထို့ကြောင့် ဖုန်းချကာနီးအချိန်တွင် ထိုကိစ္စကိုပါ ထည့်ပြောလိုက်သည်။ "ကျွန်မအခု Cotard ရောဂါရှိတဲ့ လူနာကိစ္စကိုလုပ်ဖို့ပြင်နေတာ။ သူ့မိသားစုက အဝေးမှာနေတာဆိုတော့ ရှင့်ရဲ့ဒရိုင်ဘာကို ကျွန်မ အချိန်တော်တော်ကြာအောင် ငှားသလိုဖြစ်နေမှာဆိုတော့... အဲ့ဒါ အဆင်ပြေပါ့မလား။"

Lu Chenzhou ဘာမှပြန်မဖြေသော်လည်း သူ၏ဒရိုင်ဘာရောက်လာ၍ကားထဲသို့ Cheng Xi ဝင်ထိုင်လိုက်သည့်အခါ Lu Chenzhou က ကားနောက်ခန်း၌ထိုင်နေသည်ကို တွေ့တော့သည်။

သူမ ပြုံးမိသွားရသည်။ နေရောင်ခြည်အောက်၌ သူမ၏မျက်ဝန်းများထဲတွင် ကောင်းကင်ယံရှိ နံနက်ခင်းတိမ်လွှာစိုင်များက ရောင်ပြန်ဟပ်နေသကဲ့သို့ပင် မြင်နေရသည်။ "ဟိုင်း၊ Mr. Lu ကိုတွေ့ရတာ ကျွန်မ သိပ်ဝမ်းသာပါတယ်။"

ကားဒရိုင်ဘာက သူမကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် လှည့်ကြည့်သည်။ သို့သော် Lu Chenzhou က သူမကို ဂရုမစိုက်ဟန်ဖြင့်ကြည့်ကာ ခေါင်းပြန်ငုံ့သွားပြီး လက်ထဲမှ ကွန်ပျူတာဆီသို့သာ အာရုံပြန်စိုက်လိုက်သည်။

သူ့တွင် အပြီးသတ်ရမည့်အလုပ်များစွာ ရှိနေသေးသည်။ ယခု သူမနှင့်လိုက်လာရန်အတွက် သူ၏ ပြည့်ကျပ်နေသည့် အချိန်ဇယားထဲမှ ကြိုးစားဖယ်ထုတ်ထားရခြင်း ဖြစ်သည်။

Chen Xi လည်း သူ့ကိုနောက်ထပ် ဘာမှမပြောတော့ဘဲ ကားဒရိုင်ဘာကိုလမ်းညွှန်ကူညီပေးရန် ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ Chen Jiaman ၏မိသားစုက နောက်တစ်မြို့ရှိ နယ်မြို့လေးတွင် အခြေချနေထိုင်ခြင်းဖြစ်၍ အရှိန်အပြည့်တင်ကာမောင်းသွားသည့်တိုင် ထိုနေရာသို့ရောက်ရန်အတွက် အချိန်နှစ်နာရီခန့် ယူရမည်ဖြစ်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now