အခန်း (၆၃)

704 113 1
                                    

Unicode - ပလူးလို့ မဝကြသေးဘူးလား။

(‼️အသက်မပြည့်သေးသူများ ဖတ်ရှုရန်မသင့်လျော်သည့် စာသားများပါဝင်သည်။)

ဒုန်း! ဒုန်း! ဒုန်း!

အခန်းတံခါးလာခေါက်သံကြောင့် Cheng Xi လန့်န်ိုးသွားပြီး ခုတင်ပေါ်မှ ထ ခုန်မိသွားရသည်။ လူက အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေဆဲမို့ အိပ်ချင်ပြယ်စေရန် ဆံပင်များကိုသပ်တင်ရင်း အခန်းဝသို့ ဇဝေဇဝါဖြင့် လျှောက်လာသည်။

"ဖုန်းခေါ်တာများလွန်းလို့ ဘက်ထရီတောင် အားကုန်ပြီလားမသိဘူး။" သူမဆီသို့ ဖုန်းလှမ်းပေးလာသည့် မိခင်ဖြစ်သူ၏မျက်နှာမှာလည်း အိပ်ချင်မူးတူးနှင့်ပင် ရှိနေဆဲဖြစ်သည်။

"အင်း" Cheng Xi သမ်းဝေလိုက်သော်လည်း ဖုန်းခေါ်ထားသည့်လူနာမည်ကို တွေ့သည့်အခါ သူမ ပါးစပ်ကို  အလျင်အမြန် လက်ဖြင့်အုပ်မိသွားတော့သည်။

ယနေ့မနက်တွင် ခါတိုင်းနေ့များထက် စောစောထရသည့်အပြင် တစ်နေ့ကုန် အလုပ်ကူရသည်ဖြစ်၍ ဆိုင်သိမ်းချိန်ရောက်သည့်အခါ သူမ ပင်ပန်းနေပြီဖြစ်သည်။ ညနေစာကို တာဝန်အရ အနည်းအကျဉ်းစားပြီးနောက် အိပ်ရာဝင်သွားသည်။ ထိုစပ်ကြားကာလ၌ သူမဖုန်းကို ဧည့်ခန်းထဲ၌ ထားခဲ့မိခြင်းပင်ဖြစ်သည်။

မိခင်ဖြစ်သူက Cheng Xi ကို စိတ်မချမ်းမြှေ့သည့်အမူအရာဖြင့် ကြည့်လာသည်။ "Lu Chenzhou ဆိုတာ ဘယ်သူလဲ။ ဒီလောက် ညဉ့်နက်ကြီး သမီးကို ဖုန်းဆက်ခေါ်တယ်၊ ပြီးတော့လည်း ဆက်တိုက်ခေါ်နေတာ — မသိရင် သူ့အိမ်ပဲ မီးလောင်သလိုလို၊ ဒုက္ခအကြီးအကျယ်ပဲ ရောက်နေသလိုလိုနဲ့။"

"လူနာတစ်ယောက်ပါ။" Cheng Xi က ဟန်ကိုယ်ဖို့ရယ်ကာ ပြန်ဖြေရသည်။ ထို့နောက် သူမမိခင်ကို ဖက်လိုက်ပြီး ဖုန်းယူ၍ အခန်းထဲ ပြန်ဝင်သွားတော့သည်။

ဖုန်းမဖြေခင် အချိန်ကို လှစ်ခနဲကြည့်လိုက်သည့်အခါ ည ၁၁:၂၅ မိနစ် ရှိနေပြီဖြစ်သည်။ သူမမိခင်ကဲ့သို့ မနက်စောစောထရန်ရှိသည့် လူတစ်ယောက်အဖို့ ယခုအချိန်က ညအလယ်၊ အိပ်ကောင်းသည့်အချိန်ပင် ဖြစ်နေသည်။

Lu Chenzhou က မည်သည့်အတွက်ကြောင့် သူမဆီ ဖုန်းဆက်ခြင်းဖြစ်သည်ကို မည်သူမှသိနိုင်မည်မဟုတ်ပေ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now