အခန်း (၁၁၅)

452 48 0
                                    

Unicode - ကျွန်မကို ဒီလိုမစနဲ့!

Lu Chenzhou သည် Cheng Xi အား အချိန်ကြာကြာ နမ်းခြင်းမဟုတ်ဘဲ သူမဘက်မှ တုံ့ပြန်မှုမပြုနိုင်သေးခင်မှာပင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

ဤအနမ်းသည် အတော်လေး လက်သင့်ခံနိုင်ဖွယ်ရာ ရှိနေကြောင်းကို သူမ ဝန်ခံမှုပြုရပေမည်။ Cheng Xi အနေဖြင့် သူမသည် လူတစ်ယောက်အပေါ်၌ ဤမျှလောက် မြန်မြန်ဆန်ဆန်ပင် သဘောကျသွားလိမ့်မည် မဟုတ်ဟု အမြဲတွေးထားခဲ့ဖူးသည်။ ဥပမာပေးပြောရလျှင် သူမ Lin Fan နှင့် လမ်းခွဲလိုက်စဉ်က အထူးတလည် ထိခိုက်ခံစားရခြင်းမျိူးမရှိ၊ ထို့အပြင် သူမသည် ပါမောက္ခ Cai Yi ကဲ့သို့ မိမိ၏လက်ကျန်ဘဝကို ဆေးလောကနှင့် လူနာများထံတွင်သာ မြုပ်နှံမှုပြုရင်း ကုန်ဆုံးသွားတော့မည်ဟုပင် ယုံကြည်ထင်မှတ်မိလာရသည့်အထိ ဖြစ်သည်။

သို့သော် သူမသည် Lu Chenzhou အား ချစ်သူအဖြစ် သူမ၏မသိစိတ်ထဲ၌ အမှန်ပင်လက်ခံမှု ပြုထားလိုက်ပြီဖြစ်သည့်အပြင် သူနှင့်ပူးကပ်စွာရှိနေသည့်အဖြစ်ကိုလည်း ငြင်းဆန်တွန်းဖယ်လိုတို့ မရှိကြောင်းကို ယခု Lu Chenzhou ၏အနမ်းကြောင့် Cheng Xi နားလည်သဘောပေါက်သွားရသည်။

ထို့ပြင် ခန့်ညားထည်ဝါလှသည့် နောက်ခံရှုခင်း၏လွှမ်းမိုးမှုအောက်၌ နဂိုကပင်ချောမောလှသည့် Lu Chenzhou ၏မျက်နှာမှာ ခပ်မှိန်မှိန်ကလေး ထင်းလင်းနေပြီး အသားအရည်မှာလည်း မီးအရှိန်ကောင်းကောင်းဖြင့်ဖုတ်ထားသည့် ပေါင်မုန့်ကလေးသဖွယ် ဖြစ်နေသည့်အတွက် သူမစိတ်ထဲ၌ တစ်ကိုက် စားလိုက်ချင်သည့်စိတ်တို့ ဖြစ်ပေါ်လာစေသည်။

Cheng Xi တစ်ယောက် ရုပ်ပျက်ဆင်းပျက် မဖြစ်ရလေအောင် ကြိုးစားထိန်းချုပ်နေရပြီး ထိုသို့လုပ်ရခြင်းမှာ အလွန်ပင် ခက်ခဲနေသည်! Lu Chenzhou သည် သူမနှင့် အလွန်နီးကပ်စွာရှိနေသဖြင့် နှစ်ယောက်လုံး၏ နဖူးများသည်ပင်လျှင် ထိကပ်လုမတတ်ဖြစ်နေကြသည်၊ ထို့ပြင် သူ၏ရှင်းသန့်လတ်ဆတ်သည့် ကိုယ်သင်းနံ့နှင့် အဖိုဓာတ်ကြွယ်ဝစွာပါနေသည့် ဟော်မုန်းရနံ့တို့ကိုလည်း ခံစားရနေမိပြီဖြစ်သည်။

ဤသို့ဖြင့် နှစ်သစ်ကူးအကြိုညက မက်ခဲ့ဖူးသည့် မျက်နှာပူစရာအိပ်မက်အကြောင်းကို အလိုလိုပြန်တွေးမိသွားလေသည်။ ထိုသို့ သူမ၏စိတ်အာရုံတို့ ပျံ့လွင့်နေချိန်တွင် Lu Chenzhou မေးလာသည်မှာ "မင်း ဒီမြင်ကွင်းကို သဘောကျလား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now