အခန်း (၁၀၂)

546 74 0
                                    

Unicode - အတွေးငယ်များ

Lu Chenzhou ထိုသို့ပြောခဲ့ကြောင်းကို Cheng Xi ကြားသည့်အခါ ချွေးပြန်ချင်လာသည်- ထို့ပြင် ဤနေရာရှိ လူများထဲတွင် Lu Chenzhou အကြောင်းကို သူမအသိဆုံးမဟုတ်ပါလား။ သူ့တွင် အရှက်တရားဟူ၍မရှိသကဲ့သို့ ပွေ့ဖက်နမ်းရှုံ့ခြင်းဆိုသည်မှာလည်း သူ့အတွက် ထမင်းစားရေသောက်သည့်ကိစ္စသာ ဖြစ်သည်။ သို့သော် အနည်းဆုံးတော့ ထို့ထက်ပိုလန့်စရာကောင်းမည့် စကားများကိုမပြောရန် သူ ထိန်းချုပ်ထားလိုက်နိုင်ခဲ့သည်။ 

အားလုံးခြုံပြောရပါလျှင် မနေ့ညက Lu Chenzhou တစ်ကြိမ်မှ အပြစ်ပေးမခံခဲ့ရပေ၊ သူ့ပင်ကိုယ် ဉာဏ်ကောင်းမှုတို့အပြင် Cheng Xi ၏ ယောက်ျားလေး အတန်းဖော်များက ၎င်းတို့၏ မိန်းကလေးသူငယ်ချင်းများကို အလွန်အကာအကွယ်ပေးတတ်သည့် အတွက်ကြောင့်လည်း ဖြစ်သည်။ သို့ဖြစ်၍ မည်သည့်နေရာကမှန်းမသိ လျှို့ဝှက်စွာထွက်ပေါ်လာသည့် “သတို့သားလောင်း” ဆိုသူကို ထိုယောက်ျားသားများက မိမိတို့အတန်း၏ idol တစ်ယောက်ဖြစ်သူအား မည်သို့ အခွင့်အရေးယူခွင့် ပြုနိုင်ကြပါမည်နည်း။

ုတ်သည်၊ သူမ၏ ယောက်ျားလေး အတန်းဖော်များက အမှန်ပင် ချစ်စရာကောင်းသည်ဟူ၍ Cheng Xi ခံစားမိလေသည်!

သူတို့၏အပြုအမူကြောင့် သူမရင်ထဲ၌ အလွန်ပီတိဖြာနေမိသော်လည်း ထိုသို့ကျေနပ်မှုအပြီးတွင် ဒေါသထွက်သွားရပြန်သည်၊ ညတစ်ညကုန်ဆုံးပြီးချိန်၌ မည်သို့မည်ပုံ ဖြစ်သွားသည်မသိဘဲ သူမ “ကိုယ်ဝန်”ရှိသွားသည့်အပြင် သတို့သားလောင်းတစ်ယောက်ပါ အဆစ်ရသွားသေးသည်။ ဤသို့သော ပါတီပွဲမျိုး၌ Lu Chenzhou အား ပွဲတက်ပါတနာအဖြစ် အတူသွားရန်ဖိတ်ခဲ့မိသည့် သူမ၏ဆုံးဖြတ်ချက်မှာ အမှားတစ်ခုဖြစ်ကြောင်း ထင်ရှားသိသာနေလေသည်။ 

သို့သော် ယခု သူမ ဘာလုပ်နိုင်တော့ပါမည်နည်း။ အခြေအနေမှန်ကို ရှင်းပြ၍လည်းမရသဖြင့် ထိုအတိုင်း လွှတ်ထားလိုက်ရန်သာ တတ်နိုင်ပါတော့သည်။

ထို့ပြင် သူမ၏ရည်ရွယ်ချက်တို့ ပြည့်မြောက်သွားခဲ့သည်။ Lu Chenzhou က သူမ ခေါင်းမထောင်နိုင်အောင် မူးသွားသည့်နောက်၌ပင် ပြန်သွားခြင်းမပြုဘဲ ထိုနေရာတွင်ဆက်နေကာ အားလုံးနှင့် ကောင်းကောင်းမွန်မွန်ပင် ဂိမ်းကစားခဲ့သည်။ ဤသည်မှာ အမှန်ပင် ဖြစ်တောင့်ဖြစ်ခဲပြီး အဖိုးထိုက်သည့် အောင်မြင်မှုကြီးတစ်ခု ဖြစ်သည်။ Lu Chenzhou နှင့် Baldy တို့က မာကျောက်မှလွဲ၍ အခြားဂိမ်းများကစားသည်ကို Cheng Xi မမြင်ခဲ့ဖူးပေ၊ ထို့ကြောင့် မနေ့ညက လှုပ်ရှားမှုများတွင် သူပါဝင်ဖြစ်ခဲ့သည့် အဓိကအကြောင်းရင်းမှာ သူ၏ပင်ကိုယ်သဘာဝဖြစ်သည့် အထီးကျန်လူသားတစ်ယောက်ကဲ့သို့ ပုံမပေါ်လိုသည့်အတွက်ကြောင့် ဖြစ်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Kde žijí příběhy. Začni objevovat