အခန်း (၂၇)

931 140 8
                                    

Unicode - ရှင်ဘုရင်၏ အဝတ်စားသစ်

Cheng Xi ၏လက်က အလွန်နွေးသည်။ အနွေးဓာတ်နှင့် နူးညံ့မှုတို့ပေါင်းစပ်ထားခြင်းက သူ၏ကျောက်စိမ်းရေနွေးခွက်လေးနှင့် လုံးဝမတူသည့် ခံစားချက်မျိုးပင်ဖြစ်သည်။

Lu Chenzhou က သူ၏လက်ကိုပြန်ဆွဲကာ ဘေးချထားလိုက်သည်။ ထိုတစ်ချိန်လုံး၌ Lu Chenzhou က သူမ၏လက်ကို 'အသာအယာ' ထိလိုက်ကြောင်းကို Chen Xi လုံးဝ သတိမပြုမိပေ။ ထို့ပြင် သူမ၏လူနာဖြစ်သူကို ယခုကဲ့သို့ ထိကိုင်လိုက်ခြင်းကိုပင် အားနာသွားရကာ အရှက်ပြေရယ်ရင်း ပြောလိုက်သည်မှာ "ရှင့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတာဆောရီးပါ။ ကျွန်မ မရည်ရွယ်ဘဲ လုပ်မိသွားတယ်။"

Lu Chenzhou က ဘာစကားမှပြန်မပြောဘဲ ခပ်အုပ်အုပ်အသံတစ်မျိုးသာ ပြုလိုက်သည်။

ထို့နောက် Cheng Xi က သူ၏ထင်မြင်တွေးဆချက်များကို မေးလိုက်သည်။ "ဒီနေရာကလူတွေရဲ့ အပြုအမူက အရမ်းထူးဆန်းနေတယ်လို့ ကျွန်မထင်တယ်။ Chen Jiaman က သူ့အဘွားနဲ့ဖြစ်ခဲ့တဲ့ မတော်တဆမှုကလွဲလို့ အန္တရာယ်ပေးခဲ့တာ၊ ဒါမှမဟုတ် ရက်စက်ယုတ်မာတာမျိုးတွေ လုပ်ခဲ့တာမရှိဘူး။ ဒါပေမဲ့ အခုချိန်ထိ သူ့အပေါ်မှာ သနားဂရုဏာသက်ကြောင်း ပြောပြတဲ့စကားလေးတစ်ခွန်းတောင် ကျွန်မ မကြားခဲ့ရဘူး။"

Lu Chenzhou ကမူ သူမ ပြောနေသည်ကို အာရုံစိုက်နားထောင်နေခြင်း မရှိပေ။ ခေါင်းငုံ့ချထားကာ စောစောကခံစားလိုက်ရသည့် နူးညံ့ညင်သာသောအထိအတွေ့တို့မှ ကြွင်းကျန်ရစ်ဆဲဖြစ်ပုံရသည့် သူ၏လက်​ချောင်းထိပ်များကို ကြည့်နေသည်။ လက်ချောင်းလေးများကို ခပ်ဖွဖွပွတ်သပ်ရင်း သူ၏နှာဝတွင်တေ့ထားလိုက်ကာ အနံ့ခံကြည့်သည်။ သို့သော် ခေါင်းပြန်မော့လိုက်သည့်အခါ Cheng Xi က သူ့ကိုစူးစိုက်ကြည့်နေပြီး သူမ မျက်လုံးအစုံက ဝိုင်းစက်နေပြီဖြစ်သည်။

Lu Chenzhou ခါးဆန့်လိုက်ကာ မျက်နှာတည်နှင့် မှတ်ချက်ပြုတော့သည်။ "ဆိုးလိုက်တဲ့အနံ့!"

"......"

ချက်ချင်းပင် သူမ အင်တာနက်ပေါ်တွင် ဖတ်ခဲ့ဖူးသည့် 'အပြင်တွင်ပြုံးပြနေသော်လည်း စိတ်ထဲ၌မူ မနှစ်မြို့ပေ' ဟူသော စာကြောင်းတစ်ခုကို ချက်ချင်းနားလည်သွားသည်။ (T/N : မြန်မာလိုဆိုရင် 'မချစ်သော်လည်း အောင့်ကာနမ်း' ဆိုပြီး အနီးစပ်ဆုံး ယူလို့ရမယ်ထင်ပါတယ်။ ဒီနေရာမှာ - Lu Chenzhou ရဲ့ပြောပုံဆိုပုံတွေကို Cheng Xi သဘောမကျဘူးဆိုရင်တောင် သည်းခံပြီးဆက်ပေါင်းရမယ်ဆိုပြီး သူမ နားလည်သွားတယ်လို့ ရေးချင်တာထင်ပါတယ်။)

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now