အခန်း (၁၁၃)

410 48 0
                                    

Unicode -  အန္တရာယ်

ဤအသက်အရွယ် ရောက်လာချိန်၌ Cheng Xi အနေဖြင့် ရည်းစားစာများကို အကြိမ်ပေါင်းများစွာ လက်ခံရရှိခဲ့ဖူးပြီး ချစ်ကြောင်း၊ ကြိုက်ကြောင်း ဖွင့်ဟဝန်ခံစကားများကိုလည်း မရေအတွက်နိုင်အောင် ကြားခဲ့ရပြီဖြစ်သည်။ - သူမသည် ရုပ်ရည်ချောမောပြီး စိတ်သဘောထားလည်း ကောင်းသူဖြစ်၍ လူများစွာက သူမအား သဘောကျနှစ်သက်ခြင်းမှာ သဘာဝကျသည်မဟုတ်ပါလား။

သို့သော် ထိုရည်းစားစာများနှင့် ဖွင့်ဟဝန်ခံချက်များက သူမ၏စိတ်ကို အမှန်ပင် လှုပ်ခတ်သွားအောင် စွမ်းဆောင်နိုင်ခြင်းမျိုးတော့ မရှိပေ။

ယခင်ကမူ ထိုသို့ဖြစ်ရခြင်းမှာ သူမအပေါ်၌ မေတ္တာရှိနေပါသည်ဟု ဖွင့်ပြောလာကြသူများကို သူမ
ကိုယ်တိုင်က မချစ်မနှစ်သက်သည့် အတွက်ကြောင့်ဟုသာ ထင်ခဲ့မိသည်။ သို့သော် ရင်ကိုထိစေသည့် ဝန်ခံဖွင့်ဟမှုများမှာ အချစ်ဆိုသည့်အရာနှင့် သက်ဆိုင်မှုမရှိကြောင်းကို ဤအခိုက်အတန့်၌ သူမ နားလည်သွားရသည်။ ထိုအရာအစား ဝန်ခံမှုပြုလာသူ၏ ရင်တွင်းခံစားချက်များသည် မည်မျှရိုးသားစစ်မှန်၍ လေးနက်မှုရှိသည် ဟူသည့် သူ၏အမူအကျင့်နှင့်သာ ပို၍သက်ဆိုင်နေသည်။

Lu Chenzhou ၏ အမူအရာတို့က ခါတိုင်းကဲ့သို့ပင် အေးဆေးတည်ငြိမ်နေသည့်တိုင် သူ့ထံမှ ထိုကဲ့သို့ အနည်းငယ်သော ရိုးသားစစ်မှန်မှုသည်ပင်လျှင် တန်ဖိုးဖြတ်၍မရနိုင်တော့ပေ။

အကြောင်းမှာ သူသည် စိတ်ခံစားမှုကင်းမဲ့ခြင်း ဝေဒနာခံစားနေရသည့်အတွက် ဖြစ်သည်!

Cheng Xi အချိန်ခဏခန့် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီး Lu Chenzhou သည်လည်း ကောင်းမောင်းနေရသဖြင့် ဘာမှဆက်မပြောတော့ပေ။ သို့သော် သူ၏စကားများက Cheng Xi အပေါ်သက်ရောက်မှုရှိသွားကြောင်းကို သိမြင်နေနိုင်သည်။ ထို့ကြောင့် ရင်ထဲ၌တိတ်တဆိတ် တွေးနေမိသည်မှာ သူမ၏တုံ့ပြန်မှုအရ ယနေ့ညတွင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို ရှေ့ဆက်တိုးနိုင်တော့မည်မှာ သေချာနေပြီမဟုတ်ပါလား။

ဤသို့ဖြင့် သူ့မျက်လုံးများ မှေးစင်းသွားပြီး နှစ်ယောက်သားဆက်ဆံရေးကို အရှိန်အဟုန်မြှင့်၍ ရှေ့ဆက်တိုးရန် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဆုံးဖြတ်လိုက်သည်။ ကံကောင်းပါက နှစ်ယောက်သား အကြင်နာအနမ်းများပေးပြီးနောက်တွင် အိပ်ရာပေါ်သို့ ခရီးဆက်သွားခြင်း၊ သို့မဟုတ် တစ်ခုခု ဖြစ်သွားခြင်းမျိုးလည်း ရှိလာနိုင်သည်။ သို့သော်လည်း Cheng Xi နောက်ဆက်တွဲပြောလာသည့် စကားလုံးများက သူ့အား စိတ်ကူးယဉ်အတွေးကမ္ဘာထဲမှ နိုးသွားစေတော့သည်။ "Shen Wei ကို သွားကြည့်ရအောင်။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Où les histoires vivent. Découvrez maintenant