အခန်း (၅၂)

802 134 2
                                    

Unicode - ဖြတ်လို့မရတဲ့ RS ဆိုတာမျိုး မရှိဘူး

Lu Chenzhou ချက်ချင်းကြီး ထရပ်လိုက်ပြီး နောက်ပင်လှည့်မကြည့်ဘဲ အခန်းထဲမှ ထွက်သွားတော့သည်။

Baldy နှင့် Cheng Xi တို့နှစ်ယောက်လည်း လန့်သွားသည်။ အချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအခါ Baldy သူ့နောက်သို့ ပြေးလိုက်သွားတော့သည်။

Cheng Xi မှာ ထိုနှစ်ယောက်လုံးထက် ပို၍နှေးလှသူဖြစ်ရာ လက်ထဲမှ ရေနွေးခွက်အစုံကိုချပြီး ပြေးလိုက်သွားချိန်၌မူ ထိုနှစ်ယောက်လုံးမှာ ဓာတ်လှေကားထဲသို့ ဝင်သွားကြပြီဖြစ်သည်။ တံခါးမပိတ်ခင်လေး၌ Cheng Xi ဖျတ်ခနဲလှမ်းမြင်လိုက်သည်က ကန်ရေပြင်ကဲ့သို့ ငြိမ်သက်နေသည့် Lu Chenzhou ၏ မျက်နှာအမူအရာနှင့် ကြယ်ပွင့်သဏ္ဌာန် မျက်ဝန်းများပင်ဖြစ်သည်။

သူ့ထံမှ လုံးဝပုံမှန်မဟုတ်သည့် အေးစက်သည့်အငွေ့ဓာတ်တို့ ထုတ်လွှတ်နေသည်။ Baldy သူနှင့်သိပြီးချိန်မှစ၍ Lu Chenzhou ထိုသို့ဖြစ်နေသည်ကို တစ်ကြိမ်သာတွေ့ဖူးသေးသည် - သူ့ခုတင်ပေါ်သို့ လူတစ်ယောက်က မိန်းမတစ်ယောက်လာပစ်ထားသည့် အချိန်ပင်ဖြစ်သည်။

ထိုအရာမှာ အတော်လေးနိမိတ်မကောင်းသည့် လက္ခဏာဖြစ်နေသဖြင့် မကောင်းသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ဟုပင် ခံစားမိစေသည်။ ရုတ်တရက်ဖြစ်ပေါ်လာသည့် အသိအာရုံတစ်မျိုးကို Baldy ခံစားလိုက်ရသည်။ ခါတိုင်းနှင့်မတူသည့် ယုံကြည်မှုမျိုးဖြင့် သူအသေအချာသိနေသည့်အရာမှာ ထိုကံမကောင်းသည့်လူက သူ မဟုတ်ပေ။

သို့သော် တိတိကျကျပြောရလျှင် Lu Chenzhou ၏ စိတ်ခံစားချက်များက တင်းမာရှုပ်ထွေးလာသည့်အခါ၌မူ သူ့အနားတွင် ရှိသမျှလူအားလုံးပါ ရောယောင်ခံရတော့သည်။ Baldy တစ်ယောက် ထိုကဲ့သို့ကံဆိုးမိုးမှောင်မကျလိုသဖြင့် လက်နှစ်ဖက်ဖြင့် သူကိုယ်သူပြန်သိုင်းဖက်လိုက်ကာ သနားစဖွယ် တုန်ယင်နေသည့်အသံဖြင့် ပြောတော့သည်။ "အေးလိုက်တာ၊ အေးလိုက်တာကွာ!" ဓာတ်လှေကား၏ထောင့်နားလေးတွင် ကျုံ့ကျုံ့ကလေးနေ၍ Lu Chenzhou ကိုကြည့်ကာ သတိလေးကပ်ပြီး မေးလိုက်သည်။ "ရုတ်တရက် မင်းက ဘာကို အရမ်းစိတ်ဆိုးသွားတာလဲ။ အဲ့ဒါ ငါတော့မဟုတ်ဘူးမလား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now