အခန်း (၁၉)

1.1K 173 5
                                    

Unicode – မင်းအံ့ဩသွားလား။

ထိုသို့ဖြစ်လာနိုင်သည့်တိုင်အောင် ကြုံလာရမည့်အခက်အခဲများကို Cheng Xi မကြောက်ပေ။ Lu Chenzhou ထက်ပို၍ အန္တရာယ်များ၊ ဒုက္ခများသည့် လူနာများစွာနှင့် သူမ ကြုံဖူးသည်။ ဥပမာအားဖြင့် Lu Chenzhou နှင့် ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က ပါမောက္ခ Cai Yi နှင့် ဆွေးနွေးပြောဆိုခဲ့ဖူးသည့် လူနာ Chen Jiaman ပင်ဖြစ်သည်။

Walking corpse ရောဂါသည် အလွန်ရှားပါးသည့်ဝေဒနာတစ်မျိုးဖြစ်ပြီး မှတ်တမ်းတင်ထားသည့် ဖြစ်ပွားသူဦးရေမှာ တစ်ကမ္ဘာလုံးစာခြုံကြည့်လျှင်ပင်  လက်ချိုးတွက်၍ရသည်အထိ အနည်းငယ်မျှသာရှိသည်။ ဆေးလောကမှ သူမ၏မိတ်ဆွေအတော်များများက ဤလူနာကိုစိတ်ဝင်စားနေကြသော်လည်း ကိုယ်တိုင်ကိုယ်ကျကုသရန်အထိ ယုံကြည်မှုရှိသူကမူ မရှိသလောက်ပင် ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ Chen Jiaman အား သူမ၏လူနာအဖြစ် သတ်မှတ်ရန် Cheng Xi ဆန္ဒရှိနေသည်။ သူ့အား အစွမ်းကုန်သည်းခံကာ အဆုံးမဲ့စိတ်ရှည်ခြင်းတို့ဖြင့် ကြိုးစားကုသသွားမည် ဖြစ်သည်။ အကြောင်းမှာ ယခုအချိန်တွင် Chen Jiaman အနေဖြင့် သူမ၏အကူအညီကို မည်မျှလိုအပ်နေကြောင်း နားလည်နေ၍ဖြစ်သည်။ အကယ်၍ ထိုသို့လုပ်လိုက်သည့်အတွက် သူမ၏ကိုယ်ပိုင်ချိန်များပင် မကျန်တော့လောက်အောင် ဖြစ်လာနိုင်သည့်တိုင် Cheng Xi ဘက်မှ ဆုံးဖြတ်ချက်ချထားလိုက်ပြီ ဖြစ်သည်။

Lu Chenzhou ကမူ သူ၏အပြုအမူများအရ ဆေးကုသမှုမခံယူလိုကြောင်း သိသာနေသည်။ သူမ အား ဇာတ်လမ်းဆင်ကာ အကွက်ချကြံစည်ရန် ကြိုးစားခဲ့ပုံနှင့် ချစ်ခွင့်ပန်လိုကြောင်း ပြောင်ပြောင်တင်းတင်းပြောလာခြင်းတို့မှာ အနာဂတ်တွင်ဖြစ်လာနိုင်ခြေရှိသည့် သူမတို့၏ ဆရာဝန်- လူနာ ဆက်ဆံရေးကို သာမာန်သမီးရည်းစား ပတ်သက်မှုမျိုးအဖြစ် ပြောင်းလဲလိုသည့်အတွက်ကြောင့်ပင် ဖြစ်သည်။

ဤသည်ကိုက သူ့ဘက်မှ ထင်ထင်ရှားရှားနှင့် ပြတ်သားစွာ ငြင်းဆန်နေခြင်းဖြစ်သည်။ 'မင်း ငါနဲ့ပတ်သက်ချင်ရင် ဆရာဝန်တစ်ယောက်အဖြစ်နဲ့တော့ ချဉ်းကပ်ခွင့်မရှိဘူး။ ငါ့ချစ်သူဖြစ်မှ ရမယ်' ဟူ၍ ပြောနေခြင်းမျိုးပင်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now