အခန်း (၂၂)

1.1K 167 5
                                    

Unicode - လူလိမ်မျိုးဆက်

ရှေ့နေ Du ၏ အလုပ်လုပ်နှုန်းက မြန်ဆန်လှသည်။ ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့် သူမ ဘာဆက်လုပ်ရမည်ကို Cheng Xi မစဉ်းစားနိုင်သေးခင်မှာပင် စာချုပ်တစ်ခုလုံးကို အပြီးသတ်ရေးဆွဲပြီးသွားပြီ ဖြစ်သည်။

ထိုစာချုပ်ကို ရုံးခန်းထဲသို့ယူလာသည့်အခါ Cheng Xi ကို အရင်ပြရန် Lu Chenzhou အချက်ပြလိုက်သည်။ စစချင်း၌ ဘာမှအရေးမကြီးသည့် အရာတစ်ခုဟု သူမ မှတ်ယူခဲ့သည့်ကိစ္စက စိတ်ရှုပ်စရာအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

စောစောက Lu Chenzhou ပြောလိုက်သည့်စကားတို့က ဘာမှမထူးဆန်းသည့် သမာရိုးကျစကားများပင် ဖြစ်နေသော်လည်း ရှေ့နေ Du ရေးဆွဲလာသည့် စာချုပ်ကမူ သြချရလောက်အောင် ပုံစံကျနေသည်။ ပုံမှန်စာချုပ်တစ်စောင်ကဲ့သို့ပင် လုပ်ထားခြင်းဖြစ်ပြီး စည်းကမ်းချက်များနှင့် သတ်မှတ်ထားသည့်အခြေအနေများ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများအပြင် စာချုပ်ပါအကြောင်းအရာများကို ဖောက်ဖျက်မိပါက ပေးရမည့် ကြောက်ခခန်းလိလိ လျော်ကြေးငွေပမာဏကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

စာရွက်ပေါ်မှ ငွေအမောင့်ကိုတွေ့သည့်အခါ သူမ ပိုလန့်သွားသည်။ ရေးထားသည့် သုညအရေအတွက်ကို ဖျတ်ခနဲလှမ်းကြည့်လိုက်သည့်အခါ လူက ခေါင်းပင်မူးချင်လာသည်။ ထို့နောက် မျက်နှာငယ်လေးဖြင့် "Mr. Lu ၊ ကျွန်မတို့နှစ်ယောက်က သမီးရည်းစားတွေမဖြစ်နိုင်ရင်တောင်မှ သာမန်မိတ်ဆွေတွေအဖြစ် ဆက်နေသွားလို့ရပါတယ်။"

စားပွဲတစ်ဖက်ခြမ်းတွင် Lu Chenzhou ရှိနေကာ လက်ထဲ၌မူ ကိုင်ထားသည့် ကျောက်စိမ်းရောင်ရေနွေးကြမ်းခွက်ကို လှုပ်ရင်းကစားနေသည်။ Cheng Xi စကားကြားရပြီးသည့်တိုင်အောင် သူ၏ကိုယ်ဟန် အနေအထားနှင့် မျက်နှာအမူအရာတို့က ပြောင်းလဲသွားခြင်းမရှိသော်လည်း ရုတ်တရက်ဆိုသလို ကျောချမ်းဖွယ်ရာ ခံစားချက်မျိုးကို သူမ ရင်ထဲ၌ ခံစားလိုက်ရသည်။

ထို့နောက် Lu Chenzhou ပြောလာသည်မှာ "Ms. Cheng ကို လိုက်ပို့လိုက်!"

"Mr. Lu..." Cheng Xi စကားပြောရန်ကြိုးစားလိုက်သော်လည်း သူမ နှုတ်ဖွင့်လိုက်ချိန်၌ Lu Chenzhou မှာ သူ၏ရှေ့နေအား စိုက်ကြည့်နေပြီဖြစ်သည်။ စစချင်း၌ အနည်းငယ် တွန့်ဆုတ်တွေဝေနေသေးသည့် ထိုရှေ့နေမှာ Cheng Xi အနားသို့ ချက်ချင်းလျှောက်လာကာ ပြတ်သားသည့်လေသံဖြင့် ယဉ်ကျေးစွာ ပြောလာသည်။ "Ms. Cheng ကျေးဇူးပြုပြီး။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now