အခန်း (၆၇)

701 109 3
                                    

Unicode - မင်း ငါ့သမီးကို သဘောကျနေတာလား။

အနည်းဆုံးတော့ Cheng မားမား အိမ်ထဲသို့ရောက်လာသည်ကို သိသည့်အခါ Lu Chenzhou က သူ့ကိုယ်သူ စောင့်ဖြင့် ပြန်ပတ်လိုက်သည်။ ထို့ပြင် တောင်းပန်စကားပါဆိုလာသည်အထိ ရိုသေကျိုးနွံနေလေသည်။ "တောင်းပန်ပါတယ်၊ အန်တီဒီမှာရှိနေမယ်လို့ ကျွန်တော် မတွေးထားလို့ပါ။"

ဤတစ်ကြိမ်၌ သူ့ကိုယ်ပေါ်တွင် ဘာဆိုဘာမှ ဝတ်ထားခြင်းမရှိသော်လည်း Cheng မားမားက သူ၏နောက်ကျောဘက်ခြမ်းကိုသာ မြင်လိုက်ခြင်းဖြစ်၍ ကံကောင်းသွားသည်။ သို့တိုင်အောင် ထိုမြင်ကွင်းတစ်ခုတည်းနှင့်ပင် Cheng မားမားအဖို့ သွေးတက်ချင်စရာကောင်းနေပြီ ဖြစ်သည်။

Cheng မားမားက သူ့ကိုကြည့်ကာ လျစ်လျူရှုလိုက်ပြီးအသက်ဝအောင်ရှူသွင်းကာ Cheng Xi ကို မျက်စောင်းထိုး ကြည့်လေတော့သည်။ "အခုချက်ချင်း ဒီနေရာက ထွက်လာခဲ့!"

ထိုစကားကြောင့် Cheng Xi က Lu Chenzhou ကို လှမ်းကြည့်မိချိန်၌ သူကလည်း အလွန်ပင် အလေးနက်သဘောဆောင်သည့် လေသံဖြင့်ပြောလာသည်က "ငါ့ကိုယ်ပေါ်မှာ အနီဖုတွေ တကယ်ရှိနေတာ။"

Cheng Xi တို့သားအမိနှစ်ယောက် အိမ်ပြင်ဘက်ရှိ လူသွားစင်္ကြန်ရှိရာသို့ ထွက်လာကြပြီးသည့်အခါ Cheng မားမားက သမီးဖြစ်သူကို ချက်ချင်းပင် မေးခွန်းထုတ်တော့သည်။ ထို့ကြောင့် Cheng Xi ပြန်ဖြေသည်က "သူ့ကိုယ်ပေါ်မှာ အဖုအပိမ့်တွေပေါ်လာလို့ ဘယ်လောက်အခြေအနေ ဆိုးလဲဆိုတာကြည့်ဖို့ သူက အဝတ်အစားတွေ ချွတ်ပြတာ။"

သို့သော် Cheng မားမားကမူ စိတ်ရှုပ်ဟန်ဖြင့် သူမကို စိုက်ကြည့်နေသည်။ "နင် ငါ့ကို ဘာမှတ်နေတာလဲ။ သူ့ကိုယ်ပေါ်မှာ အဖုအပိမ့်တွေ ရှိနေရင်တောင်မှ နင့်ကိုပြဖို့ သူက ရှိသမျှ အဝတ်အစားအကုန် ချွတ်ဖို့လိုလို့လားဟဲ့။"

Cheng Xi က ရိုးသားစွာဖြင့် မျက်လုံးလေး ကလယ်ကလယ် လုပ်ပြသည်။ "သေသေချာချာ စစ်ဆေးကြည့်ဖို့ လိုတာကိုး၊ အမေရဲ့။"

Cheng မားမားမှာ ဒေါသထွက်လွန်းလှသဖြင့် အော်ပြောတော့သည်။ "သေသေချာချာ?... နင်တို့နှစ်ယောက်လုံး ရူးသွားကြပြီလား!"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now