အခန်း (၁၂၅ - က)

238 32 2
                                    

Unicode - မင်းရူးသွားပြီလား။

သူမ ငြင်းဆန်လိုက်သည့်တိုင်အောင် Lu Chenzhou သည် ထိုအဝတ်အစားများကို အိမ်အရောက်ပို့ခိုင်းမည်ဖြစ်ကြောင်း Cheng Xi သိနေသည်။ ထို့ပြင် နောက်ဆက်တွဲပြောလာသည့် စကားများက သူ၏သဘောထားကို ပိုမိုပေါ်လွင်သွားစေသည်၊ "သူ မပေးနိုင်မှာကို စိတ်မပူနဲ့။ သူက Renyi ဆေးရုံမှာ ဆရာဝန်ဆိုတော့ ငွေရှိတယ်။"

Cheng Xi: ⊙▽⊙

ပညာရှိသူတစ်ယောက်သည် အခြေနေနှင့်အချိန်ခါကြည့်၍ လိုက်လျောညီထွေစွာ ပြုမူတတ်သူဖြစ်ရာ မည်သည့်အတွက်ကြောင့် (သူ့ဘက်က ငွေပေးချေခြင်း မပြုတော့ဘဲ) သူမသည် ငွေထုတ်ရှင်းရန် ပြောခံရပါသနည်း! ဤသို့ဖြင့် မိမိ၏ ဆုံးဖြတ်ချက်ကို နောင်တရနေပြီဖြစ်သည့် Cheng Xi မှာ ပြေစာစာရွက်ကို Lu Chenzhou ရှေ့သို့ ပြတ်ပြတ်သားသား တွန်းပို့လိုက်လေသည်။ "ကျွန်မက ငမွဲလေးမို့လို့ ကျေးဇူးပြုပြီး ကိုယ်စားရှင်းပေးပါနော်!"

ထိုအရာကိုတွေ့သည့်အခါ ပိုင်ရှင်အမျိုးသမီးနှင့် ဆိုင်ဝန်ထမ်းတို့အားလုံး ပြုံးသွားကြသည့်အပြင် ရယ်တောမသတ်နိုင်သည့် ၎င်းတို့၏မျက်နှာများကို ဖုံးကွယ်ရန် တစ်ဖက်သို့ပင် လှည့်ထားလိုက်ကြရသည်။ သို့သော် Lu Chenzhou ၏ မျက်နှာအမူအရာကမူ တစ်စက်ကလေးမျှပင် မပြောင်းလဲဘဲရှိနေကာ သူမကို အလေးအနက်မေးလာသည်က "ဒါပေမဲ့ ဒီလိုလုပ်လိုက်လို့ မင်းဈေးဝယ်ထွက်တာ အပျော်တွေလျော့သွားရင် ဘယ်လိုလုပ်မလဲ။"

......Cheng Xi အနေဖြင့် သူမသည် စိတ်ပညာနှင့်ပတ်သက်လျှင် အတော်လေးတတ်သိနားလည်ထားသည်ဟု ထင်ခဲ့မိသော်လည်း စောစောက သူမ တမင်တကာအကြောင်းပြချက်ပေးခဲ့သည့် 'ကိုယ့်ပိုက်ဆံနဲ့ ရှင်းရတာကိုပဲ ကျွန်မပိုသဘောကျတယ်' ဟူသောစကားကို Lu Chenzhou သည် အမှန်ပင် ယုံကြည်သွားခြင်းလား၊ သို့မဟုတ် သူမအား ထေ့ငေါ့လိုက်ခြင်းလားဆိုသည်ကို Cheng Xi အမှန်ပင် ဝေခွဲနိုင်တော့။

'ဒါပေါ့! စောစောက သူပြောတာကိုသာ ငါထည့်တွေးလိုက်ရင် ဒီလူက ငါ့ကို ရွဲ့နေတယ်ဆိုတာ ရှင်းနေတာပဲ!'

ဤသို့ဖြင့် Cheng Xi သည် မျက်နှာသေလေးလုပ်ယူ၍သူ့စကားများကို တစ်ခွန်းမှ နားမလည်ဟန်ဆောင်ကာ စိတ်ထဲမှအရှိကိုအရှိတိုင်း ပြောနေသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး။ သူများပိုက်ဆံသုံးရတာ ကျွန်မ ပိုပျော်တာပေါ့။" o(╯□╰)o

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now