အခန်း (၉၃)

487 76 0
                                    

Unicode - သူက ကျွန်တော့်ကို ပိုးပန်းစေချင်နေတယ်

Cheng Xi ထိုသို့ ပြောပြီးသည်နှင့်ချက်ချင်း Lu Chenzhou ထံမှ တုံ့ပြန်လာမည်ကိုပင် စောင့်မနေတော့ဘဲ အခန်းတံခါးဖွင့်ကာ ထွက်သွားသည်။

တံခါးအပြင်၌မူ စုပြုံနေသည့် လူအုပ်ကြီးရှိနေပြီး စောစောက ပြန်သွားသည့် သူနာပြုနှစ်ယောက်အပါအဝင်၊ ရှေ့နေ Du နှင့် Lu Chenzhou ၏ဆရာဝန်ကြီးနောက်သို့ အပြေးလိုက်သွားသည့် Lu ဘိုးဘိုးတို့ဖြစ်သည်။

တံခါးနား၌ အားလုံးစုပြုံနေကြခြင်းမှာ သူမတို့ အထဲ၌ပြောနေသည်များကို ခိုးနားထောင်ရန်ဖြစ်သည်။ သို့သော် သူတို့အားလုံး နေရာယူပြီးသွားချိန်၌ အခန်းထဲမှ Cheng Xi ထွက်လာလိမ့်မည်ဟူ၍ မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။ Cheng Xi က ရဲရင့်ပြတ်သားသည့် ဟန်ပန်အမူအရာတို့ဖြင့်ပင် သူတို့ကိုကြည့်လိုက်သည်။ နောက်ဆုံး၌ သူမ Lu ဘိုးဘိုးကို လှမ်းပြောလိုက်သည်မှာ "အဘိုးနဲ့ ကျွန်မ စကားနည်းနည်းလောက် ပြောလို့ရမလား။"

"ဟေ... ရတယ်၊ ရတာပေါ့!"

ထို့နောက် Lu ဘိုးဘိုးနှင့်အတူ ထောင့်တစ်နေရာသို့ Cheng Xi သွားလိုက်သည်။

Lu ဘိုးဘိုးက မဆိုင်းမတွပြောလာသည်မှာ "ဒေါက်တာ Cheng ၊ ဘာကိစ္စများလဲ။ ငါ့ကိုပြောစမ်းပါ!" မြေးဖြစ်သူက ယခုချက်ချင်း သူမကို လက်မထပ်နိုင်သေးသည့်အချက်ကို မကျေမနပ်ဖြစ်နေသကဲ့သို့ Lu ဘိုးဘိုးက သူ့ရင်ဘတ်ကိုပုတ်ပြကာ မည်သည့်အရာကိုမဆို တာဝန်ယူဖြေရှင်းမည်ဖြစ်ကြောင်းကို သူ၏အမူအရာတို့က ဖော်ပြနေလေသည်။

ရယ်မြူးစိတ်ကြောင့် Cheng Xi ၏နှုတ်ခမ်းထောင့်စွန်းတို့ လှုပ်ရှားသွားကာ သူမပြောလာသည်က "ပထမအနေနဲ့ ကျွန်မ တောင်းပန်ချင်ပါတယ်။ ဒီနေ့ ကျွန်မရဲ့စိတ်အခြေအနေက ပုံမှန်မဟုတ်ဘဲ စိတ်တွေရှုပ်နေလို့ အခုနလေးပဲ Mr. Lu အပေါ်မှာ မဆီမဆိုင် ဒေါသထွက်မိသွားတယ်။"

ထိုအခါ Lu ဘိုးဘိုးက အနည်းငယ်အားတုံ့အားနာ ဖြစ်နေသည့်အမူအရာဖြင့် ပြန်ပြောလာလေသည်။ "ကိစ္စမရှိပါဘူး။ ဒီကောင်လေးက အဆူကိုခံရသင့်တာ၊ မင်းက တကယ်ကို စိတ်သဘောထားကောင်းတာပဲ။ သူလည်း စိတ်ထဲမှာ ဘာမှ ထားမှာမဟုတ်ပါဘူး။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now