အခန်း (၁၈)

1.1K 178 5
                                    

Unicode - ဘာလို့ ငါ့ချစ်သူမလုပ်တာလဲ။

ပြောလိုက်သည့်စကားက တစ်ဖက်လူဆီသို့ရောက်သွားပြီဖြစ်ကြောင်းကို Cheng Xi သိသည့်အခါ သူဟဟအပမ ခေါင်းကို စားပွဲနှင့် ဆောင့်ချလိုက်တော့သည်။

သူမ အမူအရာကိုတွေ့သွားသည့် ဝန်ထမ်းဖြစ်သူက "အစ်မ... အဆင်ပြေရဲ့လား။"

"အင်း" ဟု သာ သူမ ပြန်ဖြေလိုက်သည်။ ထို့နောက် ဖြစ်နိုင်ချေမရှိသည့်တိုင် မျှော်လင့်တကြီးဖြင့် "အခုနပို့လိုက်တဲ့ မက်ဆေချ့်က Mr. Lu ဆီ မရောက်တာမျိုး ဖြစ်နိုင်လား။"

"ဒီလိုကိစ္စမျိုးက လုံးဝမဖြစ်နိုင်ပါဘူး။"ထို့နောက် ဝန်ထမ်းကောင်လေးက ရင်ကော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလာသည်မှာ "ကျွန်တော်တို့ကလပ်ရဲ့ ငွေပြောင်းငွေလွှဲလုပ်တဲ့နည်းစနစ်က ခေတ်မီပြီး လုံးဝစိတ်ချရတယ်။ ဘယ်တုန်းကမှ ချွတ်ချော်မှားယွင်းတာမျိုး မဖြစ်ခဲ့ဖူးပါဘူး။"

သူပြောသည့်အတိုင်းပင် ထိုအလွှဲအပြောင်းလုပ်သည့် စနစ်က Cheng Xi ထင်ထားသည်ထက် မြန်ဆန်နေကာ သူမ ဘက်မှ ငွေလွှဲလိုက်ပြီးသည်နှင့်ချက်ချင်း Lu Chenzhou ဖုန်းထဲသို့ မက်ဆေချ့်ရောက်သွားသည်။ ထိုအချိန်၌ လူသုံးယောက်မှာ စောစောက ကစားပွဲ၌ သူတို့အား Cheng Xi လှည့်စားသွားခြင်းဟုတ်၊ မဟုတ်ကို ဆွေးနွေးနေခြင်းဖြစ်ပြီး သူမ အား ထိုနေရာ၌ တစ်ယောက်တည်းထားခဲ့သည့် Lu Chenzhou ၏အပြုအမူနှင့်ပတ်သက်၍မူ ကြီးကြီးမားမား ပြစ်တင်ပြောဆိုခြင်းမျိုး မရှိပေ။

ငွေလွှဲပို့လိုက်သည့် အကြောင်းကြားစာမှာ အသံမက်ဆေချ့်ဖြစ်သည့်အတွက် နှိပ်ဖွင့်လိုက်သည်နှင့် သူတို့သုံးယောက်လုံး ကြားရသည်မှာ "Mr. Lu ၊ မနက် ၁:၄၈ အချိန်မှာ ညအိပ်ကြေး လက်ခံရရှိပါတယ်။ ကျေးဇူးပြုပြီး မိမိဘဏ်အကောင့်ကို စစ်ကြည့်ပါရှင်။"

ကားတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။ Xu Po မှာ ရှေ့ခန်းတွင်ထိုင်ကာ ကားမောင်းနေခြင်းဖြစ်၍ ထိုအသံကိုကြားသည်နှင့်ချက်ချင်း အသံတိုးချလိုက်သည်။ ထိုအချိန်၌ Baldy တစ်ယောက် အံ့ဩလွန်း၍ ဘာစကားမှပင်ပြောမထွက်နိုင်သည်အထိ ဖြစ်သွားသည်။ "ဘာ၊ ဘယ်လို၊ ငါ နားကြားမှားသွားတာလား။ မင်း ဘာကြေး ရသွားတာလဲ။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now